အလှမယ်ရွှေအိမ်စည်ရဲ့ Final Night အတွက် Evening Gown ထွက်ပေါ်လာမှု
07 Dec 2018 1,419 Views
ပိုလန်နိုင်ငံမှာ Miss Supranational 2018 ကိုမြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအလှမယ် ရွှေအိမ်စည်အတွက် Miss Golden Land Myanmar အဖွဲ့အစည်းမှ page အသစ်ထောင်ပြီး ရွှေအိမ်စည်အတွက် စိတ်မပူဖို့ လူမှုကွန်ယက် ဖေ့ဘွတ်ခ်စာမျက်နှာကနေ အသိပေးကြေငြာခဲ့ပါတယ်။
သို့ပေမဲ့ Page ကအခုမှ စထောင်တာဖြစ်ပြီး အစစ်လားအတုလားဆိုတာခွဲခြားမသိနိုင်သေးပါဘူး။ ပရိတ်သတ်က ရွှေအိမ်စည်အတွက် စိတ်ပူလို့ organization ကို ဝိုင်းဆဲကြကာမှ page ထောင်ပြီး အိမ်စည့်ကို support တာလား၊ ဒါမှမဟုတ် ကြားကအချောင်သမားတွေက နာမည်ကြီးချင်လို့ ဒီလို page ထောင်ပြီး ဗန်းပြတာလားဆိုတာတော့ မသိနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ စပ်လျဉ်းပြီး အလှမယ်ရွှေအိမ်စည်ရဲ့ ပရိတ်သတ်တွေကလဲ ဝမ်းသာရနိုးနိုး၊ စိတ်တိုရနိုးနိုး ဇဝေဇဝါတွေဖြစ်နေကြပါတယ်။
အသစ်ဖွင့်လိုက်တဲ့ ပေ့ခ်ျဟာအတုလားအစစ်လားဆိုတာ ခွဲခြားမသိနိုင်သေးပေမဲ့ သူတို့ကတော့ရွှေအိမ်စည်အတွက်စိတ်မပူဖို့ ရွှေအိမ်စည်ရဲ့ Final night မှာ ဝတ်မယ့် Evening Gown အတွက်စိတ်မပူဖို့ ပို့စ်များတင်ကာထပ်တလဲလဲ ပြောနေခဲ့ပါတယ်။ ပေ့ခ်ျရဲ့ တင်ထားတဲ့ပို့စ်များရဲ့ အချိန်အပိုင်းအခြားများကိုကြည့်ခြင်းအရ ယနေ့ မွန်းလွှဲပိုင်း အချိန်မှ ထောင်ထားတာဖြစ်မယ်လို့ ရွှေအိမ်စည့်ဖန်များက ထင်ကြေးတွေပေးနေကြပါတယ်။
Miss Golden Land Myanmar page ဟာတကယ့် ပေ့ခ်ျအစစ်ဖြစ်မလား၊အတုဖြစ်မလားဆိုတာစောင့်ကြည့်လိုက်ကြပါဦး။