ပီပြင်တဲ့ဇာတ်ကောင်ရဖို့ အအိပ်အစားပျက်နေခဲ့ရတယ်ဆိုတဲ့ ကျော်ကျော်ဗိုလ်
05 Dec 2018 1,706 Views
ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဗိုလ်ကတော့ ပရိသတ်အခိုင်အမာရရှိထားတဲ့ နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက ဇာတ်သဘင်လောကမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ ရွှေမန်းဦးတင်မောင်ရဲ့ မြေးတစ်ယောက်ဖြစ်ပြီး၊ အကယ်ဒမီဆုများရှင် ဦးညွန့်ဝင်းရဲ့ တူအရင်းတော်စပ်သူဖြစ်ပါတယ်။ ဆွေစဉ်မျိုးဆက် အနုပညာမျိုးရိုးကဆင်းသက်လာသူဖြစ်တဲ့ ကျော်ကျော်ဗိုလ်ကတော့ စွယ်စုံရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ကျော်ကျော်ဗိုလ်ဟာဆိုရင် သဘင်မင်းသားတစ်ယောက်အဖြစ်လဲ ထူးချွန်သလို၊ အများတကာကို ရယ်မောပျော်ရွှင်မှုတွေပေးနိုင်တဲ့ လူရွှင်တော်အဖြစ်လဲ ပေါက်ရောက်အောင်မြင်သူဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ရင်လဲ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပုံဖော်သရုပ်ဆောင်နိုင်ဖို့ကြိုးစားနေတဲ့ ကျော်ကျော်ဗိုလ်တစ်ယောက် ဇာတ်ကောင်ပီပြင်ဖို့အတွက် အိပ်ရေးပျက်၊ အစားပျက်တဲ့ထိ ကြိုးစားရယူခဲ့ရကြောင်းကို သူ့ရဲ့လူမှုကွန်ယက်ကနေ ရင်ဖွင့်ရေးသားလိုက်ပါတယ်။
မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးထဲက ကိုဖိုးအောင်ဇာတ်ကောင်ရဲ့ ရုပ်ရည်မျိုးရဖို့အတွက် ရုပ်ချခဲ့ရကြောင်းကို “ဆိုးလိုက်တဲ့ရုပ်ကွာ…. တခါတလေဇာတ်ကောင်စရိုက်အတွက်ရုပ်ချဖို့ဆိုတာ ကိုယ့်ကိုကိုယ် အစာအဟာရဖြတ်တောက်တတ်ရမယ် .... အိပ်ရေးပျက်အောင်နေတတ်ရမယ် ....” ဆိုပြီး ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလဲ မုန်းစွဲဇာတ်ကားကြီးထဲက ပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေကြောင့် ကျော်ကျော်ဗိုလ်ကို အကယ်ဒမီရဖို့ထိမျှော်မှန်းလို့နေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေအကောင်းဆုံးကြိုးစားနေတဲ့ ကျော်ကျော်ဗိုလ်တစ်ယောက် အကယ်ဒမီဆုတွေနဲ့နီးကပ်နေပြီဆိုတာကတော့ ကျိန်းသေနေပါပြီနော်…