ကွယ်လွန်သူဖခင်ကြီးအတွက် ၀မ်းနည်းဖွယ်စာလေးရေးသားလိုက်တဲ့ ချစ်ချစ်ဇော်
05 Dec 2018 1,489 Views
သရုပ်ဆောင် ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော်၊ ဒါရိုက်တာမိုက်တီးတို့ရဲ့ ဖခင်ကြီးဖြစ်တဲ့ ဦးခင်ဇော်ဟာဆိုရင် တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ငယ်ရွယ်တဲ့အနုညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ ဆရာကြီးတစ်ဦးလဲဖြစ်ပါတယ်။ နှစ်အတော်ကြာ အိပ်ယာထဲမှာ လှဲနေခဲ့ရသူတစ်ဦဖြစ်ပြီး အသက် (၉၀) ကျော်သည်ထိ လူ့ဘ၀ကြီးထဲမှာ အသက်ရှည်ရှည်နေခဲ့ရတဲ့ ဒါရိုက်တာကြီးဦးခင်ဇော်ကတော့ နှစ်အတန်ကြာ အိပ်ယာထဲလဲနေခဲ့ပြီးနောက်မှာတော့ ဘ၀တစ်ပါးကိုအပြီးတိုင် ကူးပြောင်းကွန်လွန်သွားပြီပဲဖြစ်ပါတယ်။
ဒီဇင်ဘာလ (၃) ရက်နေ့ညက ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကျန်ရစ်သူ မိသားစုသားသမီးတွေအပါအ၀င် တပည့်ဖြစ်သူများမှ ၀မ်းနည်းပူဆွေးခဲ့ကြပါတယ်။ ဖခင်ကြီးကို အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတဲ့ သမီးကြီးဖြစ်သူ သရုပ်ဆောင်ချစ်ချစ်ဇော်တစ်ယောက် ကွယ်လွန်သွားတဲ့ဖခင်ကြီးအတွက် ၀မ်းနည်းပူဆွေးရတဲ့အကြောင်းတွေကို ရင်ဖွင့်ရေးသားလိုက်ပါတယ်။
“စိတ်ဖြောင့်ဖြောင့်သွားပါတော့အဖေ။ သမီးတဏှာမကြီးတော့ပါဘူး။ အဖေအထွက်ခက်အောင် သမီးအရမ်းမငိုတော့ပါဘူး။ အဖေ့ကိုပူလောင်တဲ့လောကကြီးထဲမှာ မနေခိုင်းရက်တော့ပါဘူး။ အဖေပေးခဲ့တဲ့ကုသိုလ်တွေ သမီးဒီ့ထက်မယူရက်တော့ပါဘူး။ အားလုံးကို အားလုံးကို စိတ်ချလက်ချဖြုတ်ပြစ်ခဲ့ပါအဖေ။ အဖေ့ကိုယ်စား သမီးကြီးအားလုံးကိုစောင့်ရှောက်ပါ့မယ်။ အဖေစိတ်ဖြောင့်ပါ။ အဖေ သွားရမယ့် လမ်းကိုဖြောင့်ဖြောင့်သွားပါ။ အဖေ့အတွက်ပြုသမျှကုသိုလ်အစုစုရဲ့ အဖို့ဘာဂကို အမျှအတန်းပေးဝေပါတယ်။ ရောက်ရာဘဝ ဘုံဌာနက သာဓုခေါ်ပါအဖေရေ” ၀မ်းနည်းဖွယ် ရေးသားလိုက်တာပဲဖြစ်ပါတယ်။
ဖခင်ဖြစ်သူကွယ်လွန်ချိန်မှာ သမီးနှစ်ယောက်ဖြစ်တဲ့ လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့နှစ်ယောက်ကတော့ အနားမှာရှိနေပေမယ့်လဲ သားဖြစ်သူ ဒါရိုက်တာမိုက်တီးကတော့ မူးယစ်ဆေးဝါးအမှုနဲ့ အချုပ်ကြနေတာကြောင့် ဖခင်ဖြစ်သူရဲ့နောက်ဆုံးထွက်သက်နဲ့ ဝေးခဲ့ရပါတယ်။ အနုပညာလောကရဲ့ ဆရာတစ်ပါးဖြစ်တဲ့ ဒါရိုက်တာကြီးဦးခင်ဇော်ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းရသလို ဆရာကြီးလဲ ကောင်းရာသုဂတိရောက်ပါစေလို့ ပိုပိုလေးအဖွဲ့သားများမှ ဆုတောင်းပြုလိုက်ပါတယ်။