BEC-TERO TV

ဆေးကုသစရိတ်ကြောင့် လမ်းဘေးမှာအိပ်ပြီး ပိုက်ဆံချွေတာရတဲ့ လက်ရွေးစင်ဘောလုံးသမားဟောင်း

04 Dec 2018     1,379 Views


မလေးရှားနိုင်ငံက လက်ရွေးစင် ဘောလုံးသမားဟောင်း တစ်ဦးဟာ သူ့ရဲ့နှလုံးရောဂါကို ခွဲစိတ်ကုသရန် မြို့တော်ကွာလာလမ်ပူကို ရောက်လာစဉ် ဆေးကုသစရိတ်အတွက် တည်းခိုခန်းမှာပင် မတည်းနိုင်ပဲ လမ်းဘေး တံတားအောက် နေရာများတွင် အိပ်စက်နားခိုနေရကြောင်း သိရှိရသည်။

အမည်ဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံထားသော ဘောလုံးသမားဟောင်းမှာ ပီနန်မြို့မှ ကွာလာလမ်ပူသို့ ဆေးကုသရန် တစ်ယောက်ထဲ ထွက်လာခဲ့သူဖြစ်သည်။ သူဟာ ယခင်က လက်ရွေးစင် ကစားသမားအဖြစ် ပြည်နယ်အသင်းတော်တော်များများမှာ ဝင်ရောက် ကစားပေးခဲ့ဖူးသူဖြစ်ပါတယ်။

ဘခုအသက် ၄၀ ကျော်နေပြီဖြစ်ပြီး သူ့ရဲ့ နှလုံးရောဂါဝေဒနာကြောင့် တည်မြဲတဲ့အလုပ်ရဖို့ ခက်ခဲခဲ့ပါတယ်။ သူဟာ အိမ်ထောင်ကွဲဖြစ်ပြီး ကွားရှင်းထားတဲ့ မိန်းမနဲ့ သူ့ရဲ့ ကလေး ၃ ယောက်တို့က သူ့ရဲ့ အခုလက်ရှိအခြေအနေကို မသိဘူးလို့ဆိုပါတယ်။

နှလုံးရောဂါကို ခွဲစိတ်ကုသဖို့အတွက် လွန်ခဲ့တဲ့ ၈ လခန့်က ကွာလာလမ်ပူကို ရောက်လာခဲ့ပြီး ယခုလကုန်ပိုင်းမှာ ခွဲစိတ်ကုသခံဖို့ သူ့ရဲ့အလှည့် ရောက်လာတော့မှာဖြစ်ပါတယ်။ ကွာလာလမ်ပူမှာရှိတဲ့ အိမ်ယာမဲ့စခန်းမှာ သွားနေဖို့  ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ အဝတ်အစားတွေနဲ့ ခရီးဆောင်အိတ်ပါ ခိုးခံလိုက်ရတာကြောင့် အခုလို လမ်းပေါ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ပြောဆိုပါတယ်။

နှလုံးခွဲစိတ်မှုခံယူကာ နှလုံးခုန်စက် ထည့်ပြီးသွားရင်တော့ သူ့ရဲ့မွေရပ်ဇာတိကို ပြန်မှာဖြစ်ပြီ လောလောဆယ်တော့ ဒီအခြေအနေတိုင်းပဲ ဆက်နေရဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။


04 Dec 2018     1,379 Views




RELATED

Most Popular of Special or Others

Most Popular of NEWS