အနေဝေးပြီး အချိန်မပေးနိုင်တာကြောင့် ချစ်သူနဲ့လမ်းခွဲလိုက်ပြီဆိုတဲ့ နေခြည်ဦး
04 Dec 2018 1,502 Views
ထက်မြတ်တဲ့ မိန်းမသားတစ်ယောက်အဖြစ် ရပ်တည်နေပြီး ပွင့်လင်းရိုးသားတဲ့ စိတ်ထားပိုင်ရှင်လေး နေခြည်ဦးကတော့ အချိန်တိုအတွင်း တရှိန်ထိုးနာမည်ကြီးကျော်ကြားလာသူတစ်ယောက်ဖြစ်ပြီး Social media ပေါ်မှာလဲ မကြာခဏဆိုသလို ဂယက်ထအောင်လုပ်နိုင်သူပဲဖြစ်ပါတယ်။ သူမရဲ့ဘ၀ကို အရှိကိုအရှိတိုင်း ရိုးသားစွာချပြတတ်သူတစ်ယောက်ဖြစ်သလို အချစ်ရေးနဲ့ပတ်သက်ရင်လဲ ထိန်ချန်လျှို့ဝှက်ထားခြင်းမရှိသူတစ်ယောက်ဖြစ်ပါတယ်။
သိပ်မကြာသေးခင်အချိန်ကပင် အွန်လိုင်းပေါ်ကနေ Live လွှင့်ကာအချစ်ရေးနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေဖြစ်နေကြောင်းကို ပြောဆိုခဲ့တဲ့အတွက်ကြောင့် သူမကိုအားပေးနေကြတဲ့ပရိသတ်တွေက အချစ်ရေးနဲ့ပတ်သက်လို့စိုးရိမ်နေခဲ့ကြပါသေးတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ချစ်သူနဲ့နှစ်ယောက်တည်းခရီးသွားကာ ပျော်ရွှင်နေတဲ့ပုံရိပ်တွေကြောင့် နေခြည်တစ်ယောက်ချစ်သူနဲ့ပြန်အဆင်ပြေသွားပြီလို့ ထင်ခဲ့ကြပေမယ့်လည်း ချီချီရဲ့ My Story ကနေ “Single is the Best” ဆိုပြီးရေးထားတဲ့စာသားကြောင့် ဇဝေဇ၀ါဖြစ်နေကြချိန်မှာပဲ ချစ်သူနဲ့တရားဝင်လမ်းခွဲလိုက်ပြီဖြစ်ကြောင်းကို အင်တာဗျူးတစ်ခုကနေ အသိပေးပြောကြားသွားခဲ့ပါတယ်။
အနေဝေးတဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ချီချီတစ်ယောက် သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး “အခြအနေကတော့ ခုတော့ တစ်ယောက်တည်းပါပဲ။ အစတည်းကနေခြည်ပြောခဲ့သလိုပဲ နေခြည်တို့ညှိတယ်၊ ညှိလို့အဆင်မပြေဘူးပေါ့နော်။ အဆင်မပြေတော့လို့ နှစ်ယောက်သားအေးအေးဆေးဆေးနဲ့ပဲ ခုချိန်မှာတော့ တည်တည်ငြိမ်ငြိမ်ဖြစ်သွားကြပါပြီ။ နေခြည်တို့က လမ်းခွဲတယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် စကားမပြောတော့တာမဟုတ်ဘူး။ နှစ်ဦးသဘောတူပဲ အဆင်ပြေပြေနဲ့ တစ်ယောက်လမ်းတစ်ယောက်လျှောက်နေကြတာပေါ့။ ဒါပေမယ့် ခုချိန်ထိလဲ သူငယ်ချင်းပါပဲ၊ အမြဲတမ်းလဲ အဆက်အသွယ်ရှိနေဦးမှာပါ” ဆိုကာ လက်ရှိမှာ တစ်ကိုယ်တော် Single ဖြစ်သွားပြီဖြစ်ကြောင်း အသိပေးပြောကြားလိုက်တာပဲဖြစ်ပါတယ်။
ချစ်သူနဲ့လမ်းခွဲလိုက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး “နေခြည်တို့ တစ်နှစ်ပြည့် Anniversary မှာ ခရီးသွားခဲ့တယ်။ နှစ်ယောက်က အဆင်မပြေဘူးဆိုတာက အဓိကကအချိန်၊ ပြီးတော့ ဝေးနေတာ။ နေခြည်က ဒီဖက်မှာ အလုပ်နဲ့ရုပ်ရှင်ရိုက်တာနဲ့၊ သူကလဲ သူ့စီးပွားရေးနဲ့ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးနိုင်တဲ့ အချိန်မှာ Break လိုမျိုးယူလိုက်တာပေါ့နော်။ နေခြည်တို့က တစ်ယောက်နဲ့တစ်ယောက် အမုန်းလဲမရှိဘူး၊ သူ့ကိုလဲ ချစ်တယ် သူကလဲ နေခြည့်ကိုချစ်တယ်။ အဓိကက လူငယ်တွေဖြစ်တော့ အချစ်ရေးထက် ဒီအသက်အရွယ်မှာ အောင်မြင်ချင်တယ် အလုပ်လုပ်ချင်တယ်။ အလုပ်ဖက်ကိုပဲ ဦးစားပေးလိုက်တဲ့ သဘောပါ” ဆိုပြီး အချစ်ရေးထက် အောင်မြင်မှုကိုရွေးချယ်လိုက်တာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
အချစ်နဲ့ အလုပ်ကိုလဲလိုက်တာလားလို့ မေးမြန်းရာမှာတော့ “စုပ်နဲ့ လာဘ်နဲ့က တစ်ခါထဲမ၀င်ဘူးတဲ့။ အာ့ကြောင့် လာဘ်ကိုပဲယူလိုက်တာပေါ့လေ။ လဲတယ်လို့တော့ မပြောချင်ပါဘူး၊ ကိုယ်ငယ်ရွယ်တုန်းမှာ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကလဲရှိနေတော့ အချိန်ကိုမျှမပေးနိုင်တာကြောင့် ကိုယ်လုပ်ချင်တာကို အရင်ဦးစားပေးလိုက်တယ်လို့ပဲပြောချင်ပါတယ်” ဆိုပြီး ရယ်မောစွာနဲ့ ဖြေကြားသွားခဲ့ပါတယ်။
ခပ်မိုက်မိုက်ပုံစံ ဆံပင်အတိုလေးညှပ်ကာ အပြတ်အသတ်ဂေါ်နေတော့ နေခြည်တစ်ယောက် လာမယ့် ဇန်န၀ါရီလ သူမရဲ့မွေးနေ့အပြီးမှာတော့ ကောင်းမှုကုသိုလ်ပြုကာ မယ်သီလရှင်ဝတ်ဖို့ အစီအစဉ်ရှိကြောင်းကို ကြိုတင်အသိပေးသွားခဲ့ပါသေးတယ်။၂၀၁၈ ခုနှစ်က သူမအတွက် အပျော်ဆုံးနှစ်တစ်နှစ်ဖြစ်သလို ၂၀၁၉ ခုနှစ်မှာလဲ အရမ်းကိုလန်းဆန်းတက်ကြွပြီးတော့ ပရိသတ်တွေအများကြီး၊ Chillies တွေအများကြီးနဲ့ ချစ်စရာကောင်းတဲ့ Single ကောင်မလေးအဖြစ်မြင်တွေ့ရမယ့်အကြောင်းကို ရယ်မောပျော်ရွှင်စွာနဲ့ ပြောကြားသွားခဲ့ပါတယ်။ ချီချီကတော့ အမြဲအပြုံးမပြတ်တဲ့ နေခြည်ဦးပါပဲနော်….
Source _ Trend