၂၀၁၈ ခုနှစ်အတွင် တစ်နှစ်တာ ကမ္ဘာ့ အကောင်းဆုံးဆု ရရှိသူများ
04 Dec 2018 1,608 Views

2018 ခုနှစ် အတွက် ဘောလုံး လောကရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး ဖြစ်တဲ့ ဘလွန်းဒီအော် ဆုပေးပွဲကြီးကို ဒီကနေ့ညမှာ ပြင်သစ်က ပဲရစ်မှာ ကျင်းပခဲ့ ပါတယ်။ အခမ်းအနား အစီအစဉ် တင်ဆက်သူ အဖြစ် စပါးအသင်းရဲ့ ကစားသမားဟောင်း ဒေးဗစ်ဂျီနို က ဆောင်ရွက်သွားခဲ့ပြီး ၊ 2018 ခုနှစ် အတွက် ဘလွန်းဒီအော် အဆင့် သတ်မှတ်ချက်တွေကိုလဲ ဆုပေးပွဲ မတိုင်ခင်ကတည်းက စတင် ကြေငြာထားနေခဲ့တာ ဖြစ်ပါတယ် ။
.jpg)
၂၀၁၈ ခုနှစ်အတွက် တနှစ်တာ အကောင်းဆုံး ဘောလုံးသမား Ballon d'or ရွှေဘောလုံးဆုကို ရီးရဲလ်မက်ဒရစ်အသင်းက ခရိုအေးရှား အသင်း ခေါင်းဆောင် လူကာမိုဒရစ်က ရရှိသွားပါတယ်။မိုဒရစ်ဟာ ၂၀၁၈ ခုနှစ်အတွင်း အကောင်းဆုံး ခြေစွမ်းပြခဲ့တာကြောင့် ဖီဖာ ကမ္ဘာ့ ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးဆု၊ ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံး ဘောလုံး သမားဆုတွေကို ရရှိထားသူ ဖြစ်ပြီး ရွှေဘောလုံးဆု သမိုင်းတလျှောက် ၁၀ နှစ် အတွင်း မက်ဆီ၊ ရော်နယ်ဒို မဟုတ်ဘဲ Ballon d'orဆုကို ရရှိတဲ့ ပထမဆုံး ကစားသမား ဖြစ်ပါတယ်။
အမျိုးသမီး အကောင်းဆုံး ဘလွန်ဒေါ ရွှေဘောလုံးဆုကိုတော့ ပြင်သစ် ကလပ် လီယွန်အသင်းက နော်ဝေ တိုက်စစ်မှူး Ada Hegerberg က ရရှိသွားပါတယ်။ အကောင်းဆုံး လူငယ် ကစားသမားဆု ကို ဘာပေတို့က အသီးသီး ဆွတ်ခူး သွားခဲ့ကြပါတယ်။
ပရိတ်သတ်ကြီးရဲ့ အမြင်နဲရော တိုက်ဆိုင်မှုရှိရဲလား ..?