BEC-TERO TV

ရင်ဖိုဖွယ်ရာ အဖုအထစ်ကောက်ကြောင်းတို့ ပေါ်လွင်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ပွဲတက်ဖက်ရှင်

03 Dec 2018     3,485 Views


ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေးသင်ဇာဝင့်ကျော်ကတော့ ရုပ်ရည်ပိုင်းမှာလဲ ချောမောလှပသူဖြစ်သလို ဆွဲဆောင်မှုရှိလွန်းတဲ့ အဖုအထစ်ကောက်ကြောင်းအလှတို့ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်အပြင် Sexy မော်ဒယ်တစ်ဦးအဖြစ်ပါ ရပ်တည်နေပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ဖက်ရှင်ပိုင်းမှာလဲ အများတကာထက်ထူးခြားစွာ ၀တ်စားဆင်ယင်ရတာကိုနှစ်ခြိုက်သူတစ်ဦးဖြစ်ပါတယ်။



သူမရဲ့ရင်ဖိုဖွယ်အလှတို့ကို ပေါ်လွင်ထင်ရှားစေတဲ့ ဖက်ရှင်ဆန်းတွေကို ၀တ်ဆင်ကာ ပွဲတတ်လေ့ရှိတဲ့ သင်ဇာကတော့ သူမရဲ့ဖက်ရှင်တွေနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ဝေဖန်ပြောဆိုခြင်းကို မကြာခဏခံရသူလဲဖြစ်ပါတယ်။ မည်သို့ပင်ဝေဖန်ပြောဆိုကြပါစေ သင်ဇာကတော့ ဘယ်အရာကိုမှဂရုမစိုက်ပဲ ရှေ့ဆက်လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။




ယနေ့မှာတော့ သင်ဇာတစ်ယောက် Pure Bliss Skincare ဖွင့်ပွဲကို သူမရဲ့ရင်ဖိုဖွယ်ရာ အဖုအထစ်ကောက်ကြောင်းတို့ကို ပေါ်လွင်နေစေတဲ့ ဖက်ရှင်နဲ့တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ အနက်ရောင်ကြားဖက်ရှင်နဲ့ သူမကတော့ လူပုံအလယ်မှာထင်ရှားကာ ၀ံ့ကြွားစွာလှပလို့နေပါတယ်။ မရိုးမဆန်းတဲ့ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိရှိလှနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။




ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက 119 Store ရဲ့ဆိုင်သစ်ဖွင့်ပွဲကို အမြင်ဆန်းတဲ့ ပန်းနုရောင်ဖက်ရှင်ဒီဇိုင်းနဲ့ တက်ရောက်ခဲ့ပြီး ပရိသတ်တွေကြားဝေဖန်မှုတွေနဲ့ ဂယက်ထစေခဲ့ပါသေးတယ်။ မပေါ်သင့်တဲ့နေရာမှာ မြင်မကောင်းအောင်ဖြစ်နေခဲ့တာကြောင့် ဝေဖန်မှုတွေမြင့်တက်ခဲ့ရတဲ့ သူမရဲ့ဖက်ရှင်စတိုင်နဲ့ပတ်သက်ပြီး “ “ “ပိတ်စမလောက်လို့ အခုလိုမျိုးဖြစ်သွားရတာပါ”ဆိုပြီး ပြောကြားခဲ့ပါတယ်။





03 Dec 2018     3,485 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment