BEC-TERO TV

တော်ဝင်သတို့သမီး နှစ်ယောက်ကြားကတင်းမာမှုများ

30 Nov 2018     1,445 Views


ဗြိတိန်နိုင်ငံ တော်ဝင်မင်းသား ဟယ်ရီနဲ့ ကြင်ယာတော်မီဂန်မာကယ်လ်တို့ ရဲ့ဟန်းနီးမွန်း ခရီးစဉ်ကြီးပြီးဆုံးသွားခဲ့ပါပြီ။ အခုလက်ရှိမှာတော့ မီဂန်ဟာ မင်းသား ဟယ်ရီရဲ့ တော်ဝင်ရင်သွေးလေးကိုလွယ်ထားရပြီပဲဖြစ်ပါတယ်။ သြစတေးလျနဲ့ နယူးဇီလန် ဟန်းနီးမွန်းတစ်လျှောက် လိုက်ခဲ့ရတာ သတင်းထောက်နဲ့ ဂျာနယ်လစ်တွေလဲပင်ပန်းလှပါပြီ။

သို့ပေမဲ့ ဂျာနယ်လစ်များနဲ့ သတင်းထောက်များက မီဂန်မာကယ်လ် နဲ့ကိတ်မစ်ဒယ်လ်တန်တို့ကြားမှာ ရှိတဲ့ တင်းမာမှုတွေကိုတူးဖော်ခဲ့ကြပါတယ်။ သူမတို့ နှစ်ယောက်ကြား ပုဂ္ဂိုလ်ရေး မပြေလည်မှုတွေရှိနေတယ်ဆိုတဲ့ သက်သေပြချက်တွေ အများအပြားရှိ နေကြောင်းတွေ့ရှိခဲ့ပါတယ်။


၁။ မနက် ၅ နာရီအချိန်မှာ အီးမေးလ်နဲ့ ဖုန်းတွေဆက်တိုက်ခေါ်တဲ့အတွက် ဗြိတိန်နန်းတော်ရှိ  အတွင်းရေးမှူးတစ်ယောက်အလုပ်ထွက်ရှိသွားပါတယ်။ ဒါကလဲ မီဂန်နဲ့ ကိတ်တို့ကြားက တင်းမာမှုတွေကိုသိချင်တဲ့သတင်းထောက်တွေရဲ့ ဆိုးဝါးတဲ့အမူတွေပဲဖြစ်ပါတယ်။

၂။ မီဂန်က Emerald Tiara ကိုတောင်းခံတဲ့အပေါ်ဘုရင်မကြီး အယ်လီဇဘတ် စိတ်ခုသွားပါတယ်။ Emerald Tiara ဆိုတာကတော့ တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိ အမျိုးသမီးတွေ ပန်ဆင်တဲ့ သရဖူမှာပါဝင်လေ့ရှိတဲ့ အဖိုးတန်ကျောက်စိမ်းတစ်မျိုးပဲ   ဖြစ်ပါတယ်။ ဒီလိုအဖိုးတန်တဲ့ ရတနာမျိုးကို တော်ဝင်သွေးပါတဲ့အမျိုးအနွယ်တွေမှသာ ဆင်မြန်းရတဲ့အလေ့အထရှိတာပါ။ ဒါကို မီဂန်လို သာမန်အရပ်သူကနေ တော်ဝင်မင်းသားကြင်ယာတော်ဖြစ်လာတဲ့သူက တောင်းတယ်ဆိုတော့ ဘုရင်မကြီးအနေ နဲ့ စိတ်ခုသွားတာမဆန်းပါဘူး။


၃။ မီဂန် နဲ့ဟယ်ရီတို့ မင်္ဂလာဆောင်မှာ သမီးတော် ချာလောသ်သီ ကိုဝတ်ဆင်ပေးခဲ့တဲ့ အဝတ်အစားက မတင့်တယ်ခဲ့တဲ့အတွက် ကိတ်မစ်ဒယ်လ်တန်တစ်ယောက် မျက်ရည်ဝဲခဲ့ရပါတယ်။ တော်ဝင် မင်္ဂလာပွဲနေ့က ကိတ်တစ်ယောက် မျက်နှာမကြည် မသာဖြစ်နေရတာ သမီးတော်အတွက် စိတ်မကောင်းလို့ပါတဲ့။  


၎။ ဒီလိုမလိုမုန်းထား ကိစ္စရပ်အချို့ဖြစ်ပွားခဲ့တဲ့အတွက် မင်းသားဟယ်ရီ နဲ့ မီဂန်တို့ဟာ မင်္ဂလာပွဲအပြီးမှာ Kensington နန်းတော်ကနေ Windsor Castle ကိုပြောင်းရွေ့ခဲ့ရပါတယ်။


ဒီအကြောင်းကို တော်ဝင်သတင်းထောက်တစ်ဦးဖြစ်တဲ့ Katie Nicholl က အမျိုးသားရေး မဂ္ဂဇင်းတစ်ခုမှာ ဒီလိုဖြေကြားထားတာ တွေ့ရပါတယ်။ တကယ်တော့ ကိတ်နဲ့ မီဂန်တို့ဟာ သူတို့ရဲ့ ဘဝနေထိုင်မှုပုံစံလဲ မတူကြသလို ကြိုက်နှစ်သက်တဲ့ ဝါသနာ မျိုးတွေလဲမတူကြပါဘူး။ သူမတို့နှစ်ယောက်ဟာ အင်မတန်မှကွဲပြားခြားနားကြပါတယ်၊ ဒါပေမဲ့ သူမတို့ တစ်ယောက်နဲ့တစ်ယောက်အဆင်ပြေအောင် ကြိုးစားပြီးတော့ နေနေကြတုန်းပါပဲ။  

ကိတ်မစ်ဒယ်လ်တန် ကတော့ ဒီလို ပလူပျံနေတဲ့ကောလာဟာလတွေကို ငြင်းဆန်နေထားပါတယ်။ သူမအနေနဲ့ အသစ်ရောက်လာမယ့် မီဂန်ရဲ့ ရင်သွေးလေးကို  ရင်ခုန်စွာစောင့်မျှော်နေတယ်လို့ပြောထားပါတယ်။ “ဒါပေါ့ ကျွန်မရင်သွေးလေးတွေအတွက် တစ်ဝမ်းကွဲ မောင်နှမတစ်ယောက်ရတော့မယ်ဆိုတော့ ကျွန်မပျော်တာပေါ့။ ကလေးတွေလဲ ကျွန်မလိုပဲပျော်ကြမှာပါ” လို့ သူမကပြောကြားထားပါတယ်။  

ဒါပေမဲ့ ဗြိတိန်နန်းတော်ကြီးကတော့ သူမတို့နှစ်ယောက်သဘောထားကွဲလွဲတယ် ဆိုတဲ့ သတင်းနဲ့ပတ်သတ်ပြီး ငြင်းဆန်ခြင်းလဲမရှိသလို ဝေဖန်ခြင်းလဲမရှိပါဘူး။


30 Nov 2018     1,445 Views




RELATED

Most Popular of Special or Others

Most Popular of NEWS