BEC-TERO TV

Play Store ကနေ ဒေါင်းလုပ်သွင်းမိတာနဲ့ ပြဿနာတက်နိုင်တဲ့ App များ Google ကြေညာ

28 Nov 2018     1,404 Views


စမတ်ဖုန်းတွေဟာ ကွန်ပျူတာစနစ်ကဲ့သို့ OS တွေနဲ့အလုပ်လုပ်တာကြောင့် ကွန်ပျူတာတွေမှာ ဖြစ်တတ်တဲ့ ဗိုင်းရပ်စ်၊ မဲဝဲလ် ပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အထူးသဖြင့်တော့ Android စနစ်သုံး စမတ်ဖုန်းတွေဟာ Open Source ဖြစ်တာကြောင့် ဟက်ကာတွေရဲ့ ပစ်မှတ်တစ်ခုလည်း ဖြစ်လာပါတယ်။

အထူးသဖြင့် လူတွေစိတ်ဝင်စားတတ်တဲ့ ဂိမ်းတွေအဖြစ် ဖန်တီးပြီး နောက်ကွယ်ကနေ မဲဝဲလ်တွေကို လျှို့ဝှက်ထည့်သွင်းပေးလိုက်တတ်ကြပါတယ်။ အဲဒီလို App တွေကို သွင်းယူမိရင်တော့ မိမိရဲ့ ကိုယ်ရေးအချက်လက်တွေ၊ လုံခြုံရေးအချက်လက်တွေပါ ခိုးယူသွားနိုင်ပါတယ်။

ဒီပြဿနာကို Play Store တည်ထောင်ထားတဲ့ Google က ဒိုင်ခံရှင်းပေးနေသလို တစ်ဖက်မှာလည်း နေ့စဉ် အယောင်ဆောင် App တွေက Play Store ပေါ် တက်လာနေဆဲဖြစ်ပါတယ်။

လတ်တလောမှာတော့ Google က မဲဝဲလ်ပါနေတဲ့ App ၁၃ ခုကို ယခုတစ်ပတ်မှာ Play Store ပေါ်ကနေ ဖယ်ရှားပစ်ခဲ့ပါတယ်။

ဒီ အပလီကေးရှင်းအများစုဟာ ဂိမ်းတွေ ဖြစ်ပြီး ဖွင့်လိုက်တာနဲ့ ပြန်ပြန်ပိတ်သွားတတ်ပါတယ်။ ဒါပေမယ့်နောက်ကွယ်မှာတော့ မဲဝဲလ်တွေကို ဖုန်းထဲကို သွင်းယူနေပါတယ်။ ဒါပေမယ့် ဖုန်းပိုင်ရှင်တွေက သူတို့ဖုန်းတစ်ခုခုဖြစ်လို့ ဖွင့်မရတာလို့ ထင်တတ်ကြပါတယ်။

အဆိုပါအပလီကေးရှင်းတွေကို Google Play Store ကနေ မဖယ်ရှားခင် သုံးစွဲသူပေါင်း ၅၆၀,၀၀၀ က ဒေါင်းလုတ်ချ အင်စထရော လုပ်ခဲ့ကြတယ်လို့ မှတ်တမ်းအရ သိရှိရပါတယ်။


1.  Luxury Cars SUV Traffic

2.  Car Driving Simulator

3.  Extreme Car Driving Racing

4.  Moto Cross Extreme Racing

5. SUV City Climb Parking

6.  Extreme Car Driving City

7.  City Traffic Moto Racing

8.  Extreme Sport Car Driving

9.  Hyper Car Driving Simulator

10.  Truck Cargo Simulator

11.  SUV 4x4 Driving Simulator

12.  Firefighter - Fire Truck Simulator

13.  Luxury Car Parking

ဖော်ပြပါ App တွေအားလုံးကို Developer Luiz O. Pinto က တင်ထားခဲ့တာဖြစ်ပါတယ်။ ဒီ App တွေကို သွင်းယူပြီးနောက်မှာ ပိတ်မသွားပဲ နောက်ထပ် Game Center ဆိုတာ တစ်ခုကို မဖြစ်မနေ သွင်းခိုင်းပါတယ်၊ တစ်ကယ်တော့ အလုပ်မလုပ်ပဲ အယောင်ဆောင်တစ်ခုသာဖြစ်ပါတယ်။ (ရုပ်သံမှာ ကြည့်ရှုပါ)


ဖော်ပြပါ App တွေထဲက တစ်ခုခုကို သွင်းယူထားမိပြီဆိုရင်တော့ ဖုန်းထဲကနေ ချက်ချင်းပြန်ဖျက်ပစ်ဖို့ လိုပါတယ်။ App တွေကို ပြန်ဖျက်ပစ်ဖို့အတွက် လုပ်နေကျ ပုံစံမျိုးမဟုတ်ပဲ Safe Mode ကို ဝင်ပြီးမှ ပြန်ဖျက်ပစ်ရမှာဖြစ်ပါတယ်။ (Safe Mode အတွက် ဖုန်းကို Airplane Mode ဖွင့်ပြီးမှ App ကို ဖျက်ပါ)


28 Nov 2018     1,404 Views




RELATED

Most Popular of Special or Others

Most Popular of NEWS