Sulli နဲ့ Suzy တို့ရဲ့ အလှတရားများကြားဝေခွဲရခက်နေတဲ့ ပရိတ်သတ်များ
27 Nov 2018 1,318 Views
ယောင်္ကျားလဲ သိပ်မဆန်၊ မိန်းမလဲသိပ်မဆန်တဲ့ Concept နဲ့ လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ Electro-pop စတိုင်သီချင်းတွေကို သီဆိုတဲ့ F(x) အဖွဲ့မှ Sulli နဲ့ အရမ်းကို Sexy ကျပြီး female ဆန်ဆန် သီချင်းများကို သီဆိုတဲ့ Suzy တို့ဟာ ဆိုရင် အမြဲတမ်းလိုလို လူထုပရိတ်သတ်ရဲ့ နှိုင်းယှဉ်ခြင်းကို အမြဲခံနေရသူတွေဖြစ်ပါတယ်။
F(X) အဖွဲ့က ၂၀၀၉ ခုနှစ်မှာစတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး Miss A အဖွဲ့ကတော့ ၂၀၁၀ မှာပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ Miss A အဖွဲ့စတင် ပွဲဦးထွက်ကတည်းက Suzy ဟာ သူမရဲ့ အလှကို Sulli နဲ့ အမြဲနှိုင်းယှဉ်ခံခဲ့ရပါတယ်။
ဒါကလဲ အထူးအဆန်းတော့မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမတို့ နှစ်ယောက်ဟာ SOPA အနုပညာအထက်တန်းကျောင်းမှာအတူတူ တက်ခဲ့ကြတဲ့ သူငယ်ချင်းတွေမို့လို့ပါ။ နှစ်ဦးစလုံးက ၁၉၉၄ ခုနှစ်မှာမွေးဖွားကြတဲ့ သက်တူရွယ်တူ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ သူမတို့နှစ်ယောက် အထက်တန်းအောင်လက်မှတ် ဘွဲ့ကိုတူတူယူခဲ့ကြသူများလဲဖြစ်ပါတယ်။
တချို့ကလဲ Suzy က ပွဲဦးထွက်တုန်းက မလှပဲအခုမှ လှလာတယ် မျက်နှာခွဲစိတ်ပြုပြင် တာမျိုးတွေလုပ်ထားသလားဆြို့ပီး ပြောကြပါတယ်။ Sulli ကတော့ အရင်ကတည်းက ဒီမျက်နှာပုံစံပဲပြောင်းလဲမသွားဘူး အစရှိသဖြင့် ပြောဆိုကြပါတယ်။
တချို့ကလဲ ဒီလိုပြောကြပါတယ်။
“Sulli က သူ့အပြုအမူတွေကသာ ဆိုးရင်ဆိုးမယ် ဒါပေမဲ့ သူကပိုလှတယ် ဆိုတာတော့ငြင်းလို့မရဘူး”
“အိုး…Sulli ကသူ့အပြုအမူတွေကိုဖယ်လိုက်မယ်ဆိုရင် မင်းသမီးလေးတစ်ပါးပါပဲ”
“အမှန်အတိုင်းပြောရရင် Sulli ကမိတ်ကပ်မပြင်ထားလဲလှတယ်” အစရှိသဖြင့်ပြောကြပါတယ်။ Sulli ဟာ F(x) အဖွဲ့မှ ၂၀၁၅ ခုနှစ်မှ တရားဝင်နှုတ်ထွက်ခဲ့တာဖြစ်ပြီး သူမရဲ့ အဆိုးမြင်သဘောထားတွေကို ပြည်သူလူထုကို ပြသမိတဲ့အတွက် သူမအပေါ်အဆိုးမြင်ကြတာကများပါတယ်။ ယခင်က ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ဟန်ပန်အမူအရာတွေနဲ့ သူမဟာ F(x) အဖွဲ့မှထွက်ပြီး Sexy ဆန်တဲ့ ပုံစံအဖြစ်သို့ပြောင်းသွားပြီး သူမရဲ့ လျှပ်ပေါ်လော်လီ ဝတ်စားထားတဲ့ဓာတ်ပုံတွေကိုလဲ လူမှုကွန်ရက်စာမျက်နှာများမှာ တင်ခြင်းမျိုးတွေပြုလုပ်ခဲ့ပါတယ်။
Suzy ကတော့ လူကြီးဆန်ပြီး တည်ငြိမ်ရင့်ကျက်တဲ့အလှတရားကိုပိုင်ဆိုင်လာတယ် လို့ပြောကြပါတယ်။ ဒါပေမဲ့ ပရိတ်သတ်တစ်ယောက်ကတော့ ဒီလိုပြောထားပါတယ်။
“Sulli ကမိတ်ကပ်မပါလဲလှတယ် Suzy ကမိတ်ကပ်ကြောင့်လှတာ သူမက မိတ်ကပ်မပါ ရင်မလှတော့ဘူး” လို့ ဝေဖန်ထားတာတွေ့ရပါတယ်။
သို့ပေမဲ့ Suzy ဟာ Nation’s First Love ဆိုတဲ့ title ကိုရထားတဲ့သူဆိုတာတော့ ငြင်းလို့မရပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သူမတို့နှစ်ဦးစလုံးကတော့ သူ့အလှနဲ့သူ တင့်တယ်နေကြတာပါပဲ။