အသက် ၈ နှစ်အရွယ် မြေးမလေးအား အဖိုးဖြစ်သူမှ အကြိမ်ကြိမ်သားမယားပြုကျင့်
26 Nov 2018 1,790 Views
မွန်ပြည်နယ် မုဒုံမြို့တွင် အသက် ၈ နှစ်အရွယ် မြေးမလေးအား အသက် ၅၀ နှစ်အရွယ် အဖိုးအရင်းဖြစ်သူက အကြိမ်ကြိမ်သားမယားပြုကျင့်ခဲ့ကြောင်း အဖွားဖြစ်သူက တိုင်ကြားခဲ့သဖြင့် မုဒုံမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
မုဒုံမြို့ ထိန်ကုန်းရပ် မြို့မ ၄ တွင် နေထိုင်သူ အသက် ၈ နှစ်အရွယ် မ−−−−−−− ၏ မိဘများမှာ လွန်ခဲ့သော ၅ နှစ်ခန့်ကတည်းက ထိုင်နိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေခဲ့သဖြင့် သမီးဖြစ်သူအား (မိခင်၏ဘက်မှ) အဖိုးဖြစ်သူနဲ့ အတူထားခဲ့ရသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် အိမ်နီးချင်းဖြစ်သူ အသက် ၁၄ နှစ်အရွယ် မ−−−−−−− က ရေခပ်သွားစဉ် မြေးအဖိုးနှစ်ဦး၏ နေအိမ်မှ မသင်္ကာဖွယ်ရာ အသံများကြားခဲ့သဖြင့် ချောင်းမြောင်းကြည့်ရှုခဲ့ရာ အဖိုးဖြစ်သူက အသက် ၈ နှစ်အရွယ် မြေးမလေးအား သားမယားပြုကျင့်နေသည်ကို အံ့သြထိတ်လန့်စွာ မြင်တွေ့ခဲ့ရသည်။ ထိုကြောင့် အသက် ၁၄ နှစ်အရွယ်မိန်းကလေးက မုဒုံမြို့ ထိန်ကုန်းရပ်နေ မ−−−−−− အသက် ၈ နှစ်၏ (ဖခင်ဘက်မှ) အဖွားဖြစ်သူ ဒေါ်စံပါယ် ထံသို့ သွားရောက် ပြောပြခဲ့သည်။ ဒေါ်စံပါယ် က သူမ၏ မြေးမလေးအား ခေါ်ယူမေးမြန်းခဲ့ရာ မ−−−−− ၈ နှစ် က အဖိုးဖြစ်သူ ဦးမင်းနိုင် သည် ယခင်ကလည်း သူမအား သားမယားအဖြစ် ၅ ကြိမ်ခန့် ပြုကျင့်ခဲ့ဖူးကြောင်း ပြောပြခဲ့သဖြင့် ဒေါ်စံပါယ် မှ မြေးဖြစ်သူ အသက် ၈ နှစ်အရွယ် မိန်းကလေးအား အကြိမ်ကြိမ်သားမယားပြုကျင့်ခဲ့မှုဖြင့် (မိခင်ဘက်မှ)အဖိုးအရင်းဖြစ်သူ ဦးမင်းနိုင်အား အရေးယူပေးပါရန် မုဒုံမြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သည်။
မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ထွန်းမှ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ ဦးမင်းနိုင်(၅၀)နှစ် (ဘ)ဦးမင်းမောင်အား ဖမ်းဆီး၍ မမစ(မုဒုံ) ၊ (ပ)၁၈၆၃/၂၀၁၈ ရာ -၃၇၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်း - အမွှာညီနောင်