ပြောစကားနားမထောင်လို့ချစ်သူကို ရိုက်နှက်ဆုံးမခဲ့တဲ့ တရုတ်မင်းသား
26 Nov 2018 1,786 Views
နာမည်ကျော်တရုတ်မင်းသား ကျန်းဂျင်းဖု ရဲ့ချစ်သူ ဂျပန်မော်ဒယ် ဟာရူကာဟာမကြာသေးမီက သူမရဲ့ Instagram အကောင့်မှာ သူမရရှိထားတဲ့ မျက်နှာနဲ့ လက်မောင်းက ဒဏ်ရာများအကြောင်းကို ပို့စ်တင်ပြီးပြောကြားခဲ့ပါတယ်။ ဒီဒဏ်ရာတွေက သူမရဲ့ချစ်သူဖြစ်သူ ကျန်းဂျင်းဖု ကအပြင်းအထန်ရိုက်နှက်ထားရာမှ ရရှိလာတဲ့ ဒဏ်ရာများဖြစ်ကြောင်း၊ သူမအနေနဲ့ ဒီလိုလူနဲ့ ဆက်လက်ပြီး ပတ်သတ်စရာအကြောင်းမရှိတော့ကြောင်း ရေးသားပြောဆိုခဲ့ပါတယ်။
မင်းသားကျန်းဂျင်းဖုကတော့ ပြီးခဲ့တဲ့ လကတည်းက ဆိုရှယ်မီဒီယာပေါ်တက်ခြင်းမရှိသေးပဲ ပျောက်ချက်သားကောင်းနေပါတယ်။ အပြင်လောကမှာလဲ ဟာရူကာကို ရိုက်နှက်ညှင်းဆဲပြီးကတည်းကထွက်ပြေး တိမ်းရှောင်နေတာဖြစ်ပါတယ်။
ကျန်းဂျင်းဖုဟာ Xuan-Yang Sword:Scar of Sky ဇာတ်လမ်းတွဲရိုက်ပြီး အနားယူဖို့ ဂျပန်သို့ထွက်ခွာခဲ့တဲ့အချိန်မှာ ဟာရူကာနဲ့တွေ့ပြီး ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူတို့ စုံတွဲကိုပြီးခဲ့တဲ့စက်တင်ဘာလက ဘေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာတွေ့ခဲ့တယ် လို့ သတင်းမီဒီယာများကရေးသားဖော်ပြခဲ့ပါတယ်။
ဟာရူကာဟာ သူမရဲ့ instgram ပို့စ်မှာ တရုတ်လိုရော ဂျပန်လိုပါရေးသားပြီးပို့စ်တင်ခဲ့ တာပါ။ “ကျွန်မကိုချစ်တဲ့ သူတွေကိုစိတ်ပူစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်မအခုထိတော့ သက်ရှိထင်ရှားရှိနေပါသေးတယ်။ အခုလက်ရှိမှာ ကျန်းဂျင်ဖှုပျောက်ဆုံးနေမှုကလဲ ကျွန်မနဲ့ သက်ဆိုင်နေပါတယ်။ ကျွန်မတို့နှစ်ယောက်လုံးတရား ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ကျွန်မရဲ့ ရှေ့နေက ကျွန်မကို ဘာမှမပြောဖို့မှာထားတဲ့အတွက် ဘာမှမပြောပဲနေခဲ့တာပါ။” လို့ ရေးသားထားပါတယ်။
သူမဒီလို ပို့စ်တင်ပြီးနောက်တစ်နေ့မှာပဲ ကျန်းဂျင်းဖုက သူ့ရဲ့ Weibo အကောင့်မှာ ဟာရူကာအပေါ် ရိုက်နှက်မှု ကျူးလွန်မိကြောင်း၊ သူ့အနေနဲ့ ပရိတ်သတ်များကိုတောင်းပန်ကြောင်း ရေးသားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ လတွေတုန်းက နောင်တရနေခဲ့တာပါ ယိုဟွာ (ယိုဟွာဆိုသည်မှာ ဟာရူကာရဲ့ တရုတ်အမည်) ငါ့ရဲ့ ကြမ်းတမ်းရိုင်းစိုင်းတဲ့အပြုအမူတွေအတွက်မင်းရဲ့ မိသားစုနဲ့ မင်းကို တောင်းပန်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ်မင်းကိုမရိုက်ခဲ့သင့်ဘူး။ ကိုယ်လုပ်ခဲ့တာတွေအတွက်ကိုယ်ရှက်မိတယ်။ ဒီလိုရှင်းပြတာတွေက နောက်ကျသွားပြီဆိုပေမဲ့ ဖြစ်ပျက်သွားတာတွေအတွက် ကိုယ်တာဝန်ယူမှာပါ။ အပြစ်ပေးရင်လဲခံယူရမှာပါပဲ။ ပရိတ်သတ်တွေကိုလဲတောင်းပန်ပါတယ်။ မိဘတွေ နဲ့သူငယ်ချင်းတွေကိုလဲ ဒီလိုစိတ်မချမ်းသာစရာ သတင်းမျိုး ကြားစေတဲ့အတွက်တောင်းပန်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
ထိုပို့စ်မှာပဲ ဟာရူကာက ဒီလောက်တောင်ဖြစ်ပျက်အောင်လုပ်ပြီးမှ စာတစ်ကြောင်းနဲ့ တောင်းပန်ရုံနဲ့ ပြီးသွားရောလား ဟုပြန်လည်ရေးသားခဲ့ပါတယ်။ ကျန်းဂျင်းဖုကလဲ တဖန် တကယ်တော့ ပြောစရာတွေကအများကြီးပါ ဒါပေမဲ့အခုလက်ရှိမှာတော့ မင်းက ဆိုရှယ်မီဒီယာကိုပဲ အာရုံစိုက်နေတယ်ထင်လို့ ဒီလို ပဲတောင်းပန်လိုက်ရတာပါ လို့ရေးသားထားပါတယ်။
ကောလာဟာလစကားများအရ ဟာရူကာက ကျန်းဂျင်းဖုနဲ့ ကိုယ်ဝန်ရရှိကြောင်းလိမ်ညာခဲ့တာကို ကျန်းဂျင်းဖုတစ်ယောက် သိရှိသွားတဲ့အတွက်ရိုက်နှက်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
ဟာရူကာရဲ့ ပြောကြားချက်အရ ကျန်းဂျင်းဖုနဲ့ ဟာရူကာတို့ တွဲနေစဉ်ကာလအတွင်းမှာလဲ ကျန်းဂျင်းဖုက အင်မတန်မှသဝန်တိုပြီး ဟာရူကာရဲ့ Phone Contact list ထဲမှာ သူ့ဖုန်း နံပါတ်မှလွဲ ၍ ကျန်တဲ့ဖုန်းနံပါတ်တွေအကုန် ဖျက်ပစ်လိုက်တယ်လို့သိရပါတယ်။
ဒီလိုပြဿနာတွေ အွန်လိုင်းမှာဖြစ်ပျက်သွားခဲ့ပြီး ဟာရူကာတစ်ယောက်သူမရဲ့ Instagram အကောင့်ကို deactivated လုပ်သွားခဲ့ပါတယ်။
တရုတ်ပြည်မကြီးရဲ့ ဥပဒေအရ လူမှုကွန်ယက်ပေါ်မှာပြည်သူလူထုကို စိုးရိမ်ပူပန်အောင်၊ လှုပ်လှုပ်ရှားရှားဆူပူထကြွအောင် ပြုလုပ်ခြင်းဟာ ပြစ်မှုမြှောက်ပါတယ်။ သူတို့ရဲ့ ပို့စ်များမှာ Beijing Times မှ ကွန်မန့်များရေးသား ခဲ့ပြီးသတိပေးခဲ့ပါတယ်။ သို့ပေမဲ့ ပြည်သူများကတော့ ဒီလို ကိုယ်ကျူးလွန်ထားတဲ့ အပြစ်ကို ရိုးရိုးသားသားဝန်ခံလိုက်တဲ့ ကျန်းဂျင်းဖုကိုချီးမွမ်းထောပနာပြုနေကြပါတယ်။