BEC-TERO TV

တောင်ငူမြို့ရဲ့ ပြိုင်စံရှားရွှေမင်းသမီးလေးတစ်ပါးဖြစ်ခဲ့တဲ့ စိုးပြည့်သဇင်

23 Nov 2018     1,761 Views


ရုပ်ရှင်သရုပ်ဆောင် မင်းသမီးလေးစိုးပြည့်သဇင်ဟာဆိုရင် အပြစ်ဆိုစရာမရှိအောင်လှပလွန်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားကာ သရုပ်ဆောင်ပိုင်းမှာလဲ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပုံဖော်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေကြောင့်ပင် ငယ်ငယ်ရွယ်ရွယ်နဲ့ အကယ်ဒမီဆုကို ဆွတ်ခူးထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အနေအထိုင်အေးဆေးတည်ငြိမ်သလို ယဉ်ယဉ်လေးနဲ့ ဆွဲဆောင်မှုရှိသူတစ်ယောက်မို့ ပရိသတ်တွေက သဲသဲလှုပ်အောင်ချစ်နေကြရတာလဲဖြစ်ပါတယ်။



ပရိသတ်ရဲ့အချစ်တော် မင်းသမီးလေးစိုးပြည့်သဇင်ကတော့ တောင်ငူမြို့ရဲ့ (၅၀၈) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကြီးမှာ ဘုရင့်သမီးတော်လေးတစ်ယောက်အဖြစ် ပါဝင်ဆင်နွှဲခဲ့တာကိုတွေ့ရပါတယ်။ သူမရဲ့ယဉ်ကျေးသိမ်မွေ့တဲ့ ဟန်ပန်အနေအထားနဲ့ နန်းဆန်တဲ့အပြင်အဆင်တွေက ပြိုင်စံရှားအလှဧကရီ ရွှေမင်းသမီးလေးတစ်ပါးအသွင်ကို ပေါ်လွင်နေစေတာပဲဖြစ်ပါတယ်။



စိုးပြည့်ကတော့“ချစ်ရတဲ့တောင်ငူ....ချစ်ခင်စွာအော်ဟစ်အားပေးကြတဲ့ချစ်ရတဲ့တောင်ငူကအမျိုးတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်.....အရမ်းပျော်တယ်” ဆိုကာ ဟိုးယခင် နန်းတွင်းဓလေ့ထုံးတမ်းအပြင်အဆင်တွေနဲ့ စည်ကားစွာကျင်းပခဲ့တဲ့ တောင်ငူမြို့က ပုံရိပ်တွေကို မျှဝေထားတာပဲဖြစ်ပါတယ်။ မဟူရာရွှေမင်းသမီးလေးအဖြစ် ထွန်းလင်းတောက်ပနေတဲ့ မင်းသမီးလေးစိုးပြည့်သဇင်ရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်….






23 Nov 2018     1,761 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment