BEC-TERO TV

လူအများလေးစားခြင်းခံထားရသည့် ဘုန်းကြီး လိင်တူဆက်ဆံ ရုပ်သံကြောင့် ဖမ်းဆီးခံရ

23 Nov 2018     6,077 Views


ထိုင်ဝမ်နိုင်ငံတွင် လူသိများထင်ရှားပြီး လူအများ လေးစားခြင်းခံနေရသော အသက် ၂၉ နှစ်အရွယ် ဘုန်းကြီးတစ်ပါးဟာ စိတ်ကြွမူးယစ်ဆေးသုံးစွဲသူဖြစ်ကာ လိင်တူချစ်သူတစ်ဦးလည်း ဖြစ်နေကြောင်း ငြင်းမရနိုင်တဲ့ ရုပ်သံနဲ့တကွ ပေါက်ကြားခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

 


“Kai Hung” အမည်ရတဲ့ ဘုန်းကြီးဟာ အသက်ငယ်ရွယ်သလို ဉာဏ်ရည်ထက်မြက်ပြီး ဘာသာတရားအလွန်ကိုင်းရှိုင်းသူအဖြစ် အများရဲ့အထင်ကြီး လေးစားမှုကို ခံယူနေတဲ့ ဘုန်းကြီးတစ်ပါဖြစ်ပါတယ်။ သူဟာ တရုပ်ဗုဒ္ဓဘာသာလူငယ်အသင်းရဲ့ အထွေထွေအတွင်းရေးမှူးရာထူး တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဆရာ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်တော်မူသွားပြီး နောက်ပိုင်းမှာတော့ ဘာသာတရားကိုင်းရှိုင်းမှု မရှိတော့ပါဘူး။ အဲဒီနောက် အခြားဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်တဲ့ ‘တောင်ရှန်း’ ကျောင်းမှာ သီတင်းသုံးစဉ်ကလည်း ရဟန်းပျိုတွေကို မူးယစ်ဆေးဝါးနဲ့ မြူဆွယ်ပြီး လိင်ပိုင်းဆိုင်ရာ ရယူမှုတွေ ရှိခဲ့တယ်လို့ သိရှိရပါတယ်။


ရုပ်သံမှာတော့ “Kai Hung” ဟာ သူ့ရဲ့ သီတင်းသုံးရာ အိပ်ဆောင်အတွင်း အိပ်ရာပေါ်မှာ အခြားအမျိုးသားတစ်ဦးနဲ့အတူ ကိုယ်လုံးတီးချွတ်နဲ့ လုံးလုံးထွေးထွေး ရှိနေခဲ့ကြပါတယ်။ သူဟာမူးယစ်ဆေး သုံးစွဲထားပြီး ဘုန်းကြီးတစ်ပါးရဲ့ ကျင့်ဝတ်သိက္ခာနဲ့ မညီစွာ သူ့ရဲ့ယောက်ျားကို ဘယ်လောက်တောင် ချစ်တယ်ဆိုတဲ့အကြောင်း ကင်မရာကို ကြည့်ကာ အမူအယာနဲ့ လုပ်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။ အဆိုပါရုပ်သံကို ထိုင်ဝမ်သတင်းမီဒီယာဖြစ်တဲ့ မေရာမီဒီယာကနေ ဖွင့်ချလိုက်တာဖြစ်ပါတယ်။


ရုပ်သံအွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး နောက်တစ်ရက်မှာ ရဲတွေက “Kai Hung” သီတင်းသုံးနေထိုင်တဲ့ ‘ချောင်ဖို’ ဘုန်းကြီးကျောင်းကို ရောက်လာခဲ့ပါတယ်။ ဘုန်းကြီးကျောင်းက ကိုယ်တော်တွေက “Kai Hung” ပုန်းရှောင်ဖို့အချိန်ရအောင် ရဲတွေကို ချက်ချင်းပေးမဝင်ပဲ အချိန်စွဲထားခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ရဲတွေက ဘုန်းကြီးကျောင်းထဲမှာ ပုန်းနေတဲ့ “Kai Hung” ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဆက်လက်ရှာဖွေရာမှာ စိတ်ကြွမူးယစ်ဆေး ၁၉ ဂရမ်ပါဝင်တဲ့ ဆေးပြားများ၊ ကွန်ပျူတာဟာ့ဒစ် ၂၀၀ ဂစ်ဂါဘိုက်အပြည့် သိမ်းဆည်းထားတဲ့ လိင်တူဆက်ဆံရုပ်သံ၊ ဓါတ်ပုံများကိုလည်း ထပ်မံရှာဖွေရမိခဲ့ပါတယ်။ အဆိုပါရုပ်သံများထဲက အချို့ရုပ်သံတွေဟာ ဘုန်းကြီး “Kai Hung” ကိုယ်တိုင်ပါဝင် ရိုက်ကူးထားတာတွေလည်း ပါဝင်ခဲ့ပါတယ်။


“Kai Hung” ကိုဖမ်းဆီးသွားခဲ့ပြီး မူးယစ်ဆေးဝါးမှုနဲ့ စွဲချက်တင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထိုင်ဝမ်ငွေ ၁၀၀,၀၀၀ နဲ့ အာမခံပေးကာ ပြန်လွှတ်ခဲ့ကြောင်း သိရှိရသည်။

“Kai Hung” က တော့ ဒီရုပ်သံဟာ လက်တလော ရုပ်သံမဟုတ်ကြောင်း၊ သူမူယစ်ဆေးစွဲခဲ့စဉ်က ဖြစ်ပြီး အဲဒီအချိန်းတုန်းကလည်း အခြားသူတွေကို မူးယစ်ဆေးနဲ့ သွေးဆောင်ခဲ့တာတွေ မရှိဘူးလို့ ငြင်းဆန်လိုက်ပါတယ်။


23 Nov 2018     6,077 Views




RELATED

Most Popular of Special or Others

Most Popular of NEWS