BEC-TERO TV

တစ်နှစ်တာဝင်ငွေအများဆုံး ဟောလိဝုဒ်အမျိုးသမီးအဆိုရှင်များ

23 Nov 2018     1,412 Views


ဟောလိဝုဒ်မှာရှိတဲ့ အနုပညာရှင်များဟာဆိုရင် ကမ္ဘာမကျော်တဲ့အနုပညာရှင်မရှိသလောက်ပဲမဟုတ်ပါလား။ ဟောလိဝုဒ်ရဲ့ ဂီတလောကမှာ တစ်နှစ်တာ ဝင်ငွေအကောင်းဆုံး အမျိုးသမီးဆယ်ယောက်ကို မိတ်ဆက်ပေးပါရစေ။ ထိုအမျိုးသမီးတွေက ဘယ်သူတွေဖြစ်မလဲကြည့်လိုက်ကြရအောင်။

၁။ Katy Perry (တစ်နှစ်တာဝင်ငွေ= ဒေါ်လာ ၈၃ သန်း)


အမှန်တကယ်တော့ Katy ရဲ့ ဝင်ငွေဟာ အခွန်ဆောင်ရတာနဲ့ ကုန်ကျစရိတ်တွေကို ဖယ်လိုက်မယ်ဆိုရင် ဒေါ်လာ သန်းပေါင်း ၅၀၀ ဖြစ်ပါတယ်။

၂။ Taylor Swift (တစ်နှစ်တာဝင်ငွေ= ဒေါ်လာ သန်း ၈၀)


သူမရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ Reputation ဟာ စတင်ရောင်းချတဲ့နေ့မှာပဲ CD ခွေ copy အချပ်ရေပေါင်း ၈၀ ကျော်ရောင်းထွက်ခဲ့ပါတယ်။ Swift ဟာအခုလက်ရှိမှာတော့ world tour များကိုလှည့်လည်ဖျော်ဖြေလျက်ရှိပါတယ်။

၃။ Beyonce (တစ်နှစ်တာဝင်ငွေ= ဒေါ်လာ သန်း ၆၀)


အမွှာလေးတွေရဲ့အမေဖြစ်လာတဲ့ မေမေ Beyonce ကတော့ နံပါတ် ၃ နေရာချိတ်ခဲ့ပါတယ်။ သူမက ခင်ပွန်းဖြစ်သူ Jay Z နဲ့ Everything is love ဆိုတဲ့ အယ်လ်ဘမ်အသစ်ထွက်ရှိခဲ့ပြီး ယခုလက်ရှိမှာ on the run 2 ဆိုတဲ့ world tour ကိုလှည့်လည်ဖျော်ဖြေဖို့ရာရှိပါတယ်။

၎။ Pink (တစ်နှစ်တာဝင်ငွေ= ဒေါ်လာ ၅၂သန်း)


တခြားအမျိုးသမီးအဆိုရှင်များနဲ့ ပုံစံမတူပဲ တမူထူးခြားတဲ့ Pink ကတော့ နံပါတ်လေး နေရာမှာချိတ်ခဲ့ပါတယ်။ သူမရဲ့ အောင်မြင်မှုကတော့မြောက်အမေရိက ကနေစတင်ပြီး ပင်လယ်တွေဘက်ကို ကျော်လွန်ရောက်ရှိလာပြီဖြစ်ပါတယ်။

၅။ Lady Gaga (တစ်နှစ်တာဝင်ငွေ= ဒေါ်လာ သန်း ၅၀)


လတ်တလော “A star is born” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိထားတဲ့ Lady Gaga ကတော့ နံပါတ် ၅ နေရာချိတ်ခဲ့တာပါ။ သူမကတော့အနုပညာလုပ်ငန်းများသာမကပဲ သူမထုတ်လုပ်တဲ့ကုန်ပစ္စည်း brand များမှလဲ ဝင်ငွေအများအပြားရရှိထားတာဖြစ်ပါတယ်။ သူမဟာ နာမည်ကြီး brand များဖြစ်တဲ့ Versace နဲ့ MAC တို့ရဲ့ ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပြီး သူမကိုယ်ပိုင် brand ဖြစ်တဲ့ Fame Fragrance ရေမွေးကို လဲထုတ်လုပ်ထားပါသေးတယ်။

၆။ Jennifer Lopez (တစ်နှစ်တာဝင်ငွေ= ဒေါ်လာ ၄၇ သန်း)


ဂျေလိုကတော့ ပြီးခဲ့တဲ့မေလဆန်းက DJ Khaled နဲ့ Cardi B တို့နဲ့ တွဲဖက်သီဆိုထားတဲ့ Dinero သီချင်းထွက်ရှိခဲ့ပြီး ဝင်ငွေအများအပြားရရှိခဲ့ပါတယ်။

၇။ Rihanna (တစ်နှစ်တာဝင်ငွေ= ဒေါ်လာ ၃၇ ဒဿမ ၅ သန်း)


Rihanna ဟာတခြား အဆိုတော်တွေလို ကမ္ဘာလှည့်ဖျော်ဖြေမှုများပြုလုပ်ခြင်းမျိုးမရှိပဲ ဝင်ငွေအကောင်းဆုံးအမျိုးသမီးအနေနဲ့ နံပါတ် ၇ နေရာမှာချိတ်ခဲ့တာပါ။ သူမတစ်ယောက် world tour တွေမလုပ်ဖြစ်တာ ၂၀၁၆ ခုနှစ်ကတည်းကပါ။ ယခုရရှိထားတဲ့ သူမရဲ့ဝင်ငွေအများစုကတော့ သူမထုတ်လုပ်တဲ့ ကုန်ပစ္စည်းများဖြစ်တဲ့ Fenty Beauty နဲ့ Savage Lingerie တို့မှ ရရှိတဲ့အကျိုးအမြတ်များဖြစ်ပါတယ်။ သူမဟာ Ocean’s 8 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

၈။ Helene Fischer (တစ်နှစ်တာဝင်ငွေ= ဒေါ်လာ ၃၂သန်း)


သူမကတော့ top 10 ထဲမှာပါဝင်တဲ့ တခြားအနုပညာရှင်တွေလိုလူသိမများပေမဲ့ ဒီနှစ် ပိုင်းမှာ သူမရဲ့ world tour များဟာ သင့်တန်သလောက်အောင်မြင်ခဲ့ပြီး ဝင်ငွေများရရှိခဲ့ပါတယ်။

၉။ Celine Dion (တစ်နှစ်တာဝင်ငွေ= ဒေါ်လာ ၃၁ သန်း)


Titanic ရဲ့ အဆွေးဘုရင်မကြီး Celin Dion ကတော့ ဂီတတစ်ခုထဲကိုပဲတစိုက်မတ်မတ် လုပ်ဆောင်သူတစ်ဦးဖြစ်ပါတယ်။ သူမရရှိတဲ့ ဝင်ငွေတွေကလဲ သူမဆိုတဲ့ ဇာတ်ဝင်တေးများနဲ့ world tour များမှ ရရှိထားသော ဝင်ငွေများဖြစ်ပါတယ်။

၁၀။ Britney Spears(တစ်နှစ်တာဝင်ငွေ= ဒေါ်လာသန်း ၃၀)

တစ်ချိန်က pop queen လို့တင်စားခေါ်ဝေါ်ကြတဲ့ Britney Spears ကတော့ သူမရဲ့ world tour အကြီးဆုံးကို ပြုလုပ်ခဲ့ပါတယ်။ သူမဟာ နာမည်ကြီး ကုန်ပစ္စည်းများဖြစ်တဲ့ Kenzo, Pepsi နဲ့ Elizabeth Arden တို့ရဲ့ ကိုယ်စားလှယ်တစ်ယောက်လဲဖြစ်ပါတယ်။ ပြီးတော့ သူမဟာလာမယ့် ဖေဖော်ဝါရီ ၂၀၁၉ မှာ MGM Park မှာ သူမရဲ့ Show ပွဲကို ပြုလုပ်ဖို့ရှိပါတယ်။


23 Nov 2018     1,412 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS