အနုပညာဝင်ကြေးအပြင် ပြင်ပဝင်ငွေ ဒေါ်လာသန်း ၁၀၀ ပိုင်ဆိုင်တဲ့ကင်မ်ဂျေဂျွန်း
15 Nov 2018 1,360 Views
ဂျပန် သတင်းဌာနတစ်ခုဖြစ်တဲ့ Kban ကနေ 2017 မှာ TVXQ နဲ့ JYJ အဖွဲ့ဝင်ဟောင်း ကင်မ်ဂျေဂျွန်း ဟာ အသားတင်ဝင်ငွေ US ဒေါ်လာ သန်း 100 ပိုင်ဆိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
သူ့ရဲ့ ဒီဝင်ငွေတွေကို ဘယ်ကနေ ရရှိသလဲဆိုတာကိုတော့ အောက်မှာ ကြည့်ကြည့်လိုက်ပါဦး။
"အိမ်ခြံမြေ ၀င်ငွေ"
၁။ ၂၀၁၂ မှာ ဆမ်ဆောင်းဒုံ မှာရှိတဲ့ အမေရိကန်ဒေါ်လာ ၂.၅ သန်းတန် မီတာ ၃၀၀ အကျယ်အ၀န်းရှိတဲ့ တိုက်ခန်းကို ၀ယ်ယူခဲ့ပြီး ငှားထားခဲ့ပါတယ်။
ဒီ တိုက်ခန်းကနေရတဲ့ လစဉ်ဝင်ငွေကတော့ ဒေါ်လာ ၄၉၀၀ ဖြစ်ပါတယ်။
၂။ ၂၀၁၄ မှာတော့ ဆောချိုဒုံ မှာ ရှိတဲ့ အမေရိကန်ဒေါ်လာ ၇သန်းတန် အဆောက်အဦး (J-Line Building) ကို ၀ယ်ယူခဲ့ပြီး ငှားထားခဲ့ပါတယ်။
အဆောက်အဦးနဲ့ ပတ်သတ်ပြီး တွက်ချက်ရမယ် ဆိုရင်တော့ :
အဆောက်အဦးဈေးနှုန်း : ၂၀၁၂ မှာ တန်ကြေး ဒေါ်လာ ၇ သန်း
တည်နေရာ :ဆိုးလ်မြို့တောင်ဘက် ဘူတာရုံနဲ့ မီတာ ၅၀၀ အကွာ Seocho-dong,
အရွယ်အစား: မြေဧရိယာ ကတော့ ၄၆၅ စတုရန်းမီတာ ဖြစ်ပြီး အဆောက်အဦးကို အခြေချထားတာကတော့ စုစုပေါင်း ၁၇၆၅ စတုရန်းပေ ဖြစ်ပါတယ်။ မြေအောက်ကားပါကင်တစ်ခု အပါအ၀င် အလွှာ ၇လွှာပါဝင်တဲ့ အဆောက်အဦးဖြစ်ပါတယ်။
ပထမ ၁ လွှာနဲ့ ၂လွှာကတော့ စားသောက်ဆိုင်ဖြစ်ပြီးကျန်တဲ့ ၃ လွှာကနေ ၆ လွှာအထိကတော့ ရုံးခန်းတွေ ဖြစ်ပါတယ်။
အဆောက်အဦး ငှာရမ်းထားခြင်းမှ လစဉ်အသားတင် ၀င်ငွေ : ဒေါ်လာ ၃၅၀၀၀
၃။ ၂၀၁၇ မှာတော့ ဆွန်းစုဒုံ မှာ ရှိတဲ့ အမေရိကန်ဒေါ်လာ ၂ သန်းတန် ဇိမ်ခံ တိုက်ခန်းတစ်ခု ကို ၀ယ်ယူခဲ့ပါတယ်။
၎။ ဂျေဂျွန်း ဟာ ဆမ်ဆောင်းဒုံ မှာ Cafe J-Holic ဆိုတဲ့ cafe တစ်ခုပိုင်ဆိုင်ပါတယ်။
၅။ သူဟာ ဂန်းနမ်မှာ တော့ Holic-J Bar ဆိုတဲ့ Bar တစ်ခု ဖွင့်ထားပါတယ်။
၆။ Coffee Cojjee ဆိုတဲ့ cafe ကိုတော့ ဆမ်ဆောင်းဒုံ မှာပဲ ဖွင့်ထားတာ ဖြစ်ပါတယ်။
၇။ Bum's Story ဆိုတဲ့ ဂျပန်စားသောက်ဆိုင်ကိုတော့ ပတ်ယူချန်း နဲ့အတူပေါင်းပြီး ဖွင့်လှစ်ခဲ့တာ ဖြစ်ကာ ဂန်းနမ် မှာ တည်ရှိပါတယ်။
၈။ Tokyo မြို့ Shibuya မှာ KAVE ဆိုတဲ့ Mall တစ်ခုကို ပိုင်ဆိုင်ပြီး အဲ့ဒီ mall တည်ရှိတဲ့ အဆောက်အဦးရဲ့ ၃ လွှာနဲ့ ၄လွှာကိုလည်း ပိုင်ဆိုင်ပါသေးတယ်။
ဒီ အလွှာတွေကို ငှားရမ်းခြင်းကနေရရှိတဲ့ လစဉ်ဝင်ငွေကတော့ ဒေါ်လာ ၄သောင်း ပါ။
၉။ သူဟာ Cheongdam-dong မှာ တည်ရှိတဲ့ ဇိမ်ခံ အ၀တ်အထည် brand MOLDIR ရဲ့ CEO နဲ့ designer လည်း ဖြစ်ပါတယ်။
အထက်က ၀င်ငွေနဲ့ ပိုင်ဆိုင်မှုတွေ အပြင် ဂျေဂျွန်း ပိုင်ဆိုင်တဲ့ ဇိမ်ခံကားတွေကို ထပ်ပေါင်းရမယ်ဆိုရင်တော့ -
၁။ အမေရိကန်ဒေါ်လာ ၅သိန်း ၂သောင်းတန် Lamborghini Murcielago LP-640
၂။ အမေရိကန်ဒေါ်လာ ၃သိန်းတန် Bentley Continental
၃။ အမေရိကန်ဒေါ်လာ ၁သိန်း၁သောင်းခွဲ တန် Mitsuoka Himiko
၎။ အမေရိကန်ဒေါ်လာ ၂သိန်း ၄သောင်းတန် Audi R8
၅။ အမေရိကန်ဒေါ်လာ ၄သိန်း ၆သောင်း နီးပါးတန် Rolls-Royce Wraith,
၆။ အမေရိကန်ဒေါ်လာ ၂သိန်း ၈သောင်းတန် Ferrari 458
၂၀၁၇ မှာ ဖော်ပြခဲ့တဲ့ ပိုင်ဆိုင်မှုတွေအပြင် ၂၀၁၈ မှာ Japanese TV show တစ်ခုကနေ ဖော်ပြခဲ့တဲ့ Jaejoong ရဲ့ တိုက်ခန်းအသစ်တစ်ခုကို ထပ်ပေါင်း ဖော်ပြရမယ်ဆိုရင်တော့ -
အဲဒီ တိုက်ခန်းကို ဂျေဂျွန်း ဟာ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄ သန်းနဲ့ ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။
သူဟာ တိုက်ခန်းတည်ရှိတဲ့ အဆောက်အဦးတစ်ခုလုံးရဲ့ အပေါ်ဆုံး ၃ လွှာကို ပိုင်ဆိုင်ပြီး ဒီ အဆောက်အဦးမှာပဲ သူ့ရဲ့ ဇိမ်ခံကားတွေအတွက် ကားပါကင်တစ်ခုလည်း ပိုင်ဆို်ပါသေးတယ်။
ဒါ့အပြင် သူ့ရဲ့ ဇိမ်ခံကား စုဆောင်းမှုတွေကို ပြောရမယ်ဆိုရင်တော့ Mercedes Benz ၂စီး၊ Porsche တစ်စီး နဲ့ Ferrari တစ်စီး ဖြစ်ပါတယ်။
သူ့ရဲ့ တိုက်ခန်းမှာ ရှိတဲ့ ဈေးကြီးတဲ့ ပရိဘောဂ အပြင်အဆင်တွေကိုပြောရမယ်ဆိုရင်တော့
၁။ Yayoi Kusama ရဲ့ အမေရိကန်ဒေါ်လာ ၁၇၈၀၀၀တန် နာမည်ကျော် pumpkin artwork
၂။ အမေရိကန်ဒေါ်လာ ၂၇၀၀၀၀ တန် artwork
၃။ အမေရိကန်ဒေါ်လာ ၃၅၀၀၀၀ တန် ကော်ဇော
၎။ အမေရိကန်ဒေါ်လာ ၄၄၀၀ တန် ထမင်းစားစားပွဲ
တို့ပဲ ဖြစ်ပါတယ်။
ကင်မ်ဂျေဂျွန်းဟာ ငယ်စဉ်ကမိဘအရင်းများရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရပြီး အသက်၎ နှစ်အရွယ်မှာ ယခုလက်ရှိမိဘများက မွေးစားခဲ့တာဖြစ်ပါတယ်။ ကင်မ်ဟာ အသက်ကြီးမှ မိဘများက မိဘအရင်းမဟုတ်ဘူးဆိုတာသိခွင့်ရခဲ့ပြီး သူ့မိဘအရင်းတွေကို ပြန်လည်ရှာဖွေခဲ့ပါတယ်။ ကင်မ်ဟာ ချမ်းချမ်းသာသာနေခဲ့ရသူတစ်ယောက်မဟုတ်ပါဘူး။ ဒီလို အခက်အခဲတွေအများ ကြီးထဲကမှ ကိုယ့်ဘဝကိုယ်မြှင့်တင်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုသူ့အသက် ၃၃ နှစ်မှာ သန်းကြွယ်သူဌေး တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ကင်မ်ဟာ လေးစားအတုယူစရာပါပဲ။