နှုတ်ခမ်းညိုတဲ့သူတွေအတွက်နှုတ်ခမ်းပြင်ဆင်နည်းများ
07 Aug 2015 2,084 Views
နှုတ်ခမ်းညိုနေတဲ့သူတွေက နှုတ်ခမ်းနီအရောင်တောက်တောက်လေးတွေကိုဆိုးသင့်ပါတယ်။နှုတ်ခမ်းနီဆိုးတဲ့အခါမှာဆိုရင် နှုတ်ခမ်းအတွင်းသားလေးတွေကိုပိုပြီးတော့ရဲရဲဆိုးသင့်ပါတယ်။ နှုတ်ခမ်းရဲ့အပေါ်နဲ့အောက်ထိနေတဲ့အပိုင်းလေးကို အရောင်တောက်အောင်ပိုပြီးတော့ဆိုးပေးရပါမယ်။ နှုတ်ခမ်းကို ပုံဖော်ပြီးတော့မဆိုးသင့်ပါဘူးပုံဖော်ပြီးဆိုးတာကအချိန်ကြာတဲ့အခါမှာ နှုတ်ခမ်းသားအရောင်နဲ့ နှုတ်ခမ်းနီရဲ့အရောင်ကိုတခြားစီအရောင်ကိုတလွဲစီဖြစ်သွားစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
ပိုပြီးတော့အသက်ဝင်တဲ့ အပြုံးလေးတွေအတွက်ဆိုရင် နှုတ်ခမ်းနီဆိုးပြီး ပြုံးလိုက်တဲ့အခါ အဲံအပြုံးလေးတွေ ပိုပြီးလှပအသက်ဝင်နေဖို့က သွားလေးတွေကလည်း ဖြူဖွေးနေဖို့လိုပါတယ်။ ဆေးလိပ်၊ အရောင်ရင့်တဲ့ဖျော်ရည်၊နေရောင်ခြည်၊ သက်တမ်းလွန် နှုတ်ခမ်းနီတို့ကိုရှောင်ပေးရပါမယ်။ နှုတ်ခမ်းသားကိုတစ်ပတ်တစ်ကြိမ် သကြားနဲ့ပွတ်တိုက်ဂျေးချွတ်သန့်စင်ပေးလို့ရပါတယ်။ ထိုရှောင်ရန် ဆောင်ရန် နည်းလေးတွေကိုဂရုတစိုက်လိုက်လုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းညိုခြင်းကိုသက်သာစေမှာပဲဖြစ်ပါတယ်။