လူတွေဘာလို့ လွယ်လွယ်နဲ့မေ့ကြသလဲ
09 Nov 2018 1,585 Views
အသေအချာမှတ်ထားတဲ့အကြောင်းအရာများမေ့သွားခြင်း
လူသားမှတ်ဉာဏ်နဲ့ ပတ်သတ်တဲ့ ကျွန်တော်တို့ မကြိုက်ဆုံးအကြောင်းအရာကတော့ သေသေချာချာကြီးကို မှတ်ထားတဲ့အကြောင်းအရာများကိုမေ့ပျောက်သွားခြင်းပဲမဟုတ်ပါလား။ ကျောင်းသားဘဝ တုန်းကဆိုလဲ ကိုယ်သေချာကျက်ထားတဲ့ စာတစ်ပိုဒ်ကို တအောင့် ကြာတဲ့အခါ ပြန်ဆိုကြည့်ရင် ဘယ်လိုမှအစဖော်လို့မရတော့တာမျိုးတွေဖြစ်ဖူးကြတယ် မဟုတ်လား။ ဒီလိုဖြစ်စဉ်မျိုးကို Memory decay (ယိုယွင်းသီအိုရီ) လို့ ခေါ်ဆိုပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ သင်တစ်ခုခုကို သေချာမှတ်သားပြီးတဲ့ အချိန်နဲ့ ထိုအကြောင်းအရာကိုပြန်လည် recall ခေါ်တဲ့အချိန်ကြားမှာ သင်က တခြား မှတ်စရာတစ်ခုခုပေါ်လာတယ်ထားပါတော့။ ထိုအခါ သင့်ဦးနှောက်က တခြားအရာတစ်ခုကိုမှတ်သားဖို့ ကနဦးမှတ်သားခဲ့တဲ့နေရာကို ပေးလိုက်တဲ့အတွက် ယခင်မှတ်သားထားတဲ့အကြောင်းအရာများမေ့ပျောက်သွားရခြင်းဖြစ်ပါတယ်။
မှတ်ဉာဏ် အတားအဆီးအနှောင့်အယှက်ဖြစ်ခြင်း
ဒါကို အင်္ဂလိပ်လိုတော့ interference လို့ခေါ်ပါတယ်။ interference မှာ proactive နဲ့ retroactive ဆိုပြီး ၂ မျိုးရှိပါတယ်။ proactive ဆိုတာ ကတော့ကနဦးမှတ်ဉာဏ်ထဲမှာ မှတ်သားထားတဲ့အရာ တစ်ခုရှိတဲ့ အတွက်နောက်ထပ်မှတ်ဉာဏ်အသစ်တစ်ခုကို ထပ် မံမှတ်သားဖို့ မတတ်နိုင်တော့ခြင်းပဲဖြစ်ပါတယ်။ retroactive ကတော့ ဦးနောက်က နောက်ထပ် မှတ်ဉာဏ်အသစ်တစ်ခုကို မှတ်သားလိုက်တဲ့အတွက် မှတ်ဉာဏ်အဟောင်းကိုမေ့ပျောက်သွားခြင်းမျိုးပဲဖြစ်ပါတယ်။ ဒီလို interference မျိုးဟာ ကျွန်တော်တို့ ဦးနှောက်ထဲမှာမှတ်မိနေကျဖြစ်တဲ့ အကြောင်းအရာများကို မေ့ပျောက်သွားစေနိုင်ပါတယ်။ ဥပမာ မတွေ့တာကြာတဲ့ သူငယ်ချင်းရဲ့ နာမည်ကို ရုတ်တရက်စဉ်းစားလို့ မရတော့တာမျိုးပေါ့။
မှတ်ဉာဏ်တွေကိုတစ်စုတစ်စည်းတည်းဖြစ်စေဖို့ မစုစည်းနိုင်ခြင်း
တခါတလေမှာ ကျွန်တော်တို့ မှတ်လိုက်တဲ့အကြောင်းအရာများဟာ ကျွန်တော်တို့ ဦးနှောက်ထဲကို မရောက်သွားကြပါဘူး။ ကျွန်တော်တို့ ဦးနှောက်ထဲမှာ Long-term Memory နဲ့ Short-term Memory ဆိုပြီး ၂ ပိုင်းခွဲထားပါတယ်။ Long-term ကတော့ အချိန်တော်တော်ကြာက အဖြစ်အပျက်များကို မှတ်သားထားတဲ့မှတ်ဉာဏ် ဖြစ်ပြီး Short-term ကတော့ အကြောင်းအရာတစ်ခုကို စက္ကန့် ၃၀ အတွင်းမှာပဲ မှတ်သားနိုင်ပြီး စက္ကန့် ၃၀ ကျော်တာနဲ့ မေ့ပျောက်သွားပါတယ်။ အချိန်တိုအတွင်း မေ့ပျောက်သွားတဲ့အခါမှာ ကျွန်တော်တို့ဟာ စိတ်ရှုပ်ထွေးမှုများဖြစ်ပေါ်လေ့ရှိပါတယ်။ ထိုသို့ စိတ်ရှုပ်ထွေးလာခြင်းမျိုးကလဲ မှတ်ဉာဏ်ကို ဒီထက်ပိုမှတ်နိုင်စွမ်း လျော့နည်းစေပါတယ်။