BEC-TERO TV

စာတိုက်မှတစ်ဆင့် စိတ်ပြောင်းခေါင်းခါဆေးပြားများ မှာယူတင်သွင်းသူ ဖမ်းဆီးရမိ

05 Nov 2018     1,346 Views


ရန်ကုန်ဗဟိုစာတိုက်ကြီး (ချောပို့) စနစ်ဖြင့် ဂျာမဏီနိုင်ငံမှ တင်သွင်းလာသည့် ပါဆယ်ထုတ်များအတွင်းမှ ကျပ်သိန်း ၉၅၀ တန်ဖိုးရှိ Ecstacy (စိတ်ပြောင်းခေါင်းခါဆေးပြား) များ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၂ ရက်နေ့က Mr.Bas Dijers အမှတ် (၆၀၈) ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ် လိပ်စာဖြင့် ဂျာမဏီနိုင်ငံမှ ချော့ပို့စနစ်ဖြင့် ရောက်လာသော ပါဆယ်ထုတ်အား ဆက်စပ်သတင်းများအရ မသင်္ကာသဖြင့် ပူးပေါင်းအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးကြည့်ရာ ပါဆယ်ထုတ်အတွင်း Moncler စာတန်းပါ Ecstacy စိတ်ပြောင်း ခေါင်းခါဆေးပြား ၉၅၀ (တစ်ပြားလျှင် ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် တန်ဖိုးငွေ ကျပ်သိန်း ၉၅၀) ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ပါဆယ်ထုတ်အား လာရွေးမည့်သူအား လျို့ဝှက်စောင့်ဆိုင်းနေစဉ် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ကျော်ထွဋ် (၂၄ နှစ်)၊ ပွကြီး (ခ) ဇော်ကိုနိုင် (၃၀ နှစ်)တို့ နှစ်ဦးမှာ ယာဉ်အမှတ် YGN/1N - - - - Mark II အဖြူ ရောင်ယာဉ်နှင့်ရောက်ရှိလာကာ ပါဆယ်ထုပ်အား ရွေးယူစဉ် သက်သေများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် စစ်ဆေးခဲ့ရာ Ecstacy (စိတ်ပြောင်းခေါင်းခါ ဆေးပြား ၉၅၀) ပါ၊ ပါဆယ်ထုပ်အား ထုတ်ယူရန် စေခိုင်းသူမှာ ရန်ကင်းမြို့နယ် ၁၅ ရပ်ကွက် ဘောက်ထော် ဘူတာလမ်းနေ ရဲမင်းဆိုသူဖြစ်ကြောင်း သိရသဖြင့် ရဲမင်း (၃၅ နှစ်)အား ယာဉ်အမှတ် YGN/1Q - - - - နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက် စစ်ဆေးခဲ့ရာ ရဲမင်းမှာ Mr.Bas Dijers ဆိုသူ အမည်ဖြင့် Mail account ဖွင့်ထားပြီး Internet Website မှတစ်ဆင့် Ecstacy (စိတ်ပြောင်း ခေါင်းခါဆေးပြား)များ မှာယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးရမိသူ ပွကြီး (ခ) ဇော်ကို နိုင်၏ ဖော်ထုတ်ချက်အရ ၎င်းနေထိုင်သည့် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်ရှိ နေအိမ်သို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၂)မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်း ရှိ ဗီရိုအတွင်းမှ ICE ၇၀ ဂရမ် (ကာလပေါက် ဈေးတန်ဖိုး ကျပ် ၅၆ သိန်း)၊ Katamine ၃၀ ဂရမ် (ကာလပေါက်ဈေး ကျပ် ၉၀၀၀၀)နှင့် မူးယစ်ဆေးဝါးထည့်၍ ပြုပြင်ထားသော ဆေးလိပ် ၁၈ လိပ်စီပါ စီးကရက် လေးဘူးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

လက်ရှိတွင် ရဲမင်း ပါ သုံးဦးတို့အား ကျောက်တံတားမြို့မရဲစခန်း မယ(ပ) ၁၈/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းရင်းမြစ် - CCDAC Myanmar


05 Nov 2018     1,346 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS