သားယောက်ျားလေး မဟုတ်လို့ မွေးကင်းစသမီးကို ချောက်ကမ်းပါးထဲ ပစ်ချတဲ့ဖခင်
02 Nov 2018 1,466 Views
ကလေးမွေးလာတဲ့အခါ သားဦးက ယောက်ျားလေး မဟုတ်ရင် သဘောမကျတတ်တဲ့အစွဲက အာရှနိုင်ငံတွေမှာ အတော်လေးပြုပြင်ပြောင်းလဲယူရဦးမယ့် အယူအဆတစ်ခုဖြစ်ပါတယ်။ ဒီအထဲမှာ တရုပ်နဲ့ အိန္ဒိယနိုင်ငံတွေက အဆိုးဆုံးပါပဲ သားဦးကို ယောက်ျားလေးပဲ ရချင်တဲ့ ရာခိုင်နှုန်းက ပိုမြင့်ပါတယ်။
တရုပ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ဇနီးအနေနဲ့ ယောက်ျားလေး မွေးလာမယ်လို့ အကြီးကြီးမျှော်လင့်ထားပြီးကာမှ တစ်ကယ် မွေးလာတဲ့အခါ မိန်းကလေးဖြစ်နေတာကြောင့် မွေးကင်းစသမီးလေးကို ဆေးရုံကနေ တိတ်တိတ်လေးခိုးယူပြီး ချောက်ကမ်းပါးထိပ်ကနေ ပစ်ချပြီး လွှင့်ပစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က ဂွမ်ဒေါင်းပြည်နယ် မာဂွီ မာဂွီမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ ကလေးဟာ မွေးဖွားပြီး နာရီအနည်းငယ်အတွင်းမှာပဲ ဆေးရုံက ပျောက်သွားတာကြောင့် ရဲတွေကို အကြောင်းကြားခဲ့ပါတယ်။ ရဲတွေက စုံစမ်းစစဆေးတဲ့အခါမှာတော့ ကလေးရဲ့ဖခင်ဖြစ်သူ “လီမွာမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ ကလေးဟာ မွေးဖွားပြီး နာရီအနည်းငယ်အတွင်းမှာပဲ ဆေးရုံက ပျောက်သွားတာကြောင့်
ရဲတွေကို အကြောင်းကြားခဲ့ပါတယ်။ ရဲတွေက စုံစမ်းစစ်ဆေးတဲ့အခါမှာတော့ ကလေးရဲ့ဖခင်ဖြစ်သူ “လီမွာ” ဟာ အမူအယာတွေ ပျက်နေတာကြောင့် သံသယဝင်ခဲ့ပါတယ်။
စစ်ဆေးတဲ့အခါ နောက်ဆုံးမှာဝန်ခံခဲ့ပါတယ်။ သူဟာ နံနက်စောစော ၁ နာရီလောက်မှာ ကလေးကို လူမမြင်အောင် မြွေရေခွံအိတ်ထဲ ထည့်ပတ်ပြီး ဆေးရုံပေါ်ကနေ ခိုးယူခဲ့ပါတယ်။ အဲဒီနောက် မြို့စွန်တစ်နေရာကို သွားပြီး ကမ်းပါးပေါ်ကနေ အိတ်လိုက် ကလေးကို လွှင့်ပစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ရှာဖွေရေးအဖွဲ့တွေက သူပြတဲ့နေရာကို ဆင်းပြီး နံနက် ၁၁ နာရီထိ နေရာအနှံ့ရှာခဲ့ပေမယ့် ကလေးကိုရော အိတ်ကိုပါ မတွေ့ခဲ့ရပါဘူး။ ဒီသတင်းပျံနှံ့သွားပြီး မြို့ခံတွေကပါ ပူးပေါင်းကူညီ ရှာဖွေခဲ့ကြပါတယ်။ တောင်စောင်း အတက်အဆင်းခက်ခဲမှု၊ မြင်ရိုင်းပင်ရှည်များ တောထနေမှုတို့ကို ခက်ခဲစွာရှင်းလင်း ရှာဖွေခဲ့ကြပေမည့် မွန်းလွဲ ၁ နာရီအထိ ရှာမတွေသေးတာကြောင့် လက်လျော့ပြန်တော့မယ့် ဆဲဆဲမှာ ကလေးငိုသံသဲ့သဲ့လေး ကြားရပါတယ်။
အဖွဲ့ဝင်တွေ ပိုင်စိတ်တိုက်ရှာတဲ့အခါမှာတော့ မြွေရေခွံအိတ်အနီရောင်ထဲမှာ စောင်နဲ့ထုတ်လျှက် မွေးကင်းစ ကလေးလေးကို အသက်ရှင်ရက် ပြန်တွေ့ခဲ့ပါတယ်။ မြွေရေခွံအိတ်ရဲ့ ကာကွယ်မှုကြောင့် ကလေးဟာ အအေးဒဏ်ခံနိုင်ခဲ့သလို စောင်နဲ့ထုတ်ထားလျှက် လွှင့်ပစ်လိုက်စဉ်မှာ သဘာဝပေါက်ပင်တွေပေါ် ပြုတ်ကျခဲ့တာကြောင့် ကံကြီးစွာနဲ့ အသက်ရှင်လျှက် ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။
“လီ” ဟာ သမီးနှစ်ယောက် သားတစ်ယောက် ရှိထားပြီးဖြစ်လို့ နောက်ထပ်မွေးလာမယ့်ကလေးကို ယောက်ျားလေးဖြစ်ဖို့ မျော်လင့်ထားရာမှ မိန်းကလေးပဲ ဖြစ်နေခဲ့တာကြောင့် လွှင့်ပစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ကလေးကို ဆေးရုံမှာ မိခင်ရဲ့စောက်ရှောက်မှုအောက် ပို့ပေးခဲ့ပြီး “လီ” ကိုတော့ ရဲအဖွဲ့က ထိန်းသိမ်းထာကြောင်း သိရှိရသည်။”လီ” ဟာ သမီးနှစ်ယောက် သားတစ်ယောက် ရှိထားပြီးဖြစ်လို့ နောက်ထပ်မွေးလာမယ့်ကလေးကို ယောက်ျားလေးဖြစ်ဖို့ မျော်လင့်ထားရာမှ မိန်းကလေးပဲ ဖြစ်နေခဲ့တာကြောင့် လွှင့်ပစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ကလေးကို ဆေးရုံမှာ မိခင်ရဲ့စောက်ရှောက်မှုအောက် ပို့ပေးခဲ့ပြီး “လီ” ကိုတော့ ရဲအဖွဲ့က ထိန်းသိမ်းထာကြောင်း သိရှိရသည်။