အိမ်ဖျက်ခံရပြီး ပဋာမြေလူး အရူးမီးဝိုင်း ဖြစ်ရတဲ့ ရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့
31 Oct 2018 1,775 Views
သေဖို့ထက် နေဖို့ကပိုခက်တဲ့ ခေတ်ကြီးထဲမှာ အိမ်ခြံမြေပိုင်ဆိုင်မှု အရှုပ်အရှင်းတွေကြောင့် မိသားစုတစ်ခုလုံး အိမ်ပေါ်ကနေ ဆွဲချခံရပြီး နေအိမ်ကို မျက်စိရှေ့မှာတင် ဖျက်ချခံခဲ့ရတာကြောင့် အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် အရှက်တရားကိုတောင် မငဲ့နိုင်ပဲ ထမီမနိုင်ပဝါမနိုင် မြေကြီးပေါ်မှာ ပဋာမြေလူး အရူးမီးဝိုင်း ဖြစ်ရတဲ့ ရုပ်သံ အွန်လိုင်းပေါ် ပျံနှံ့ခဲ့ပြီး ပြန်လည်မျှဝေသူ ဝေဖန်ပြောဆိုမှုသူတွေ များပြားပါတယ်။
လူမှုကွန်ယက် အကောင့်ပိုင်ရှင် “စစ်သွေး” က ဖော်ပြပါအတိုင်း ရေးသားတင်ထားခဲ့ပါတယ်။
တရားရုံးက ဆုံးဖြတ် လိုက်သော ဇာရီမှု
မြေစာရင်း အမှား တရားရုံးရဲ့ မစိစစ်မှုတွေကနေ ခုလိုပြသနာ တက်ကြပါတယ် ယခုလို အမှုမျိုးကို ကျနော် (၆)မှုလောက် ကိုင်တွယ်ဖူးပါတယ်။ အချို့က နားမလည် ပါးမလည်နဲ့ ပြောနေကြတာ စိတ်တော့ မကောင်းဘူး။ ကျနော်တို့ ရာဇသက် နဲ့ ဓမ္မသက် ကို နားလည်ဖို့လိုမယ်။
အမှန်က အစကထဲ အမှုစဖြစ်ကထဲက သိသင့်တာက ယခုလို မြေစာရင်းနဲ့ တရားရုံး အမှားကို ထောက်ပြနိုင်ရမယ်၊ မြေစာရင်းမှာ မြေပုံစံ (၁၀၅/၁၀၆)ကို ပုံစံတွေ စနစ်တကျမသွင်း ထားပါသော လုပ်စား စလစ်များ၊ ဂရမ်များဖြင့် တရားစွဲသည့်ကိစ္စတွေ အလွန်ပင် စိတ်ပျက်စရာ ကောင်းလွန်းပါသည်။
တရားရုံးမှာ ဥပဒေအရ အမှုကို ဇာရီအမှု ဖွင့်ကထဲက ထုချေဖို့ ရှေ့နေတွေ အားနည်းချက်ကြောင့် ယခုလို ပြည်သူတွေ ဒုက္ခရောက်ရတာပါ။ အဲ့ ခံရသူ အတော်များများဟာလဲ မိမိတို့ကို လိမ်နေတာကို လိမ်မှန်းမသိ ခုဆို ရဲတွေကလဲ လုံခြုံရေးသာ ယူရမှာကို ကိုယ်ထိ လက်ရောက် ပါလာတာတွေ အဆိုးဆုံးပါဘဲ။ ခုလဲ သေနပ်ပါ ကိုင်ပြီး ခြိမ်းခြောက်နေတာ အလွန်ပင် ဒေါသထွက်စရာ ကောင်းပါသည်။
အမှန်ဆိုရင် ပုဒ်မ (၃၅၃) ထုတ် တရားစွဲလို့ ရပါလျက် ခုလိုနိုင်ထက် ပြုနေတာဟာ အစိုးရ ပုံရိပ်ကို ထိခိုက်နိုင်ပါသည်။ နောက် မြေစာရင်းနဲ့ အမှုပွဲစား အိုးအိမ်ဦးစီးဌာနနဲ့ အမှုပွဲစား၊ အဲ့လူတွေကြောင့် ခုလို မလိုလားအပ်သော ပြသနာများ၊ ဖြစ်ရပ်အတော်များများသည် လုပ်မှားကိုင်မှားထက် လောဘစိတ်ကြောင့် ခုလို ဖြစ်နေကြတာပါ။ ကျနော်တို့ အတော်များများ လေ့လာနိုင်သလောက်ကတော့ အမှုသည်တွေမှာလဲ အားနည်းချက်များစွာ ရှိကြပါသည်။
အချို့ အမှုသည်များသည် ကိုယ်အကျိုးတော်ဆောင် ရှေ့နေတွေရဲ့ အားနည်းချက်ကြောင့် ခုလိုတွေ အများကြီး ကြုံတွေ့နေရပါသည်။
ကျနော် အမှု (၆)ခုမှာ ၄ ခုနိုင် ၂ ခုက လျော်ကြေးပေးရပါတယ်၊ အဲ့အမှုတွေကလဲ တကယ်ကို ခုလို အဖျက်ခံရသူတွေပါ ဥပဒေအမှားနဲ့ အားနည်းချက် အားသာချက် စီရင်ထုံး ကျင့်ထုံးတွေကို ပိုင်ပိုင်နိုင်နိုင် လေ့လာဖို့ လိုသလို ကာလစည်းကမ်းသက်မှတ်ချက် အဲ့ဒါလဲ အရေးကြီးပါသည်။
ခုတော့ ရဲတွေကပါ သေနပ်ကိုင် ဓားပြတိုက်သလို မြင်နေရတာ စိတ်မကောင်းသလို ခံပြင်း ဒေါသ ထွက်ရပါသည်။
နိုင်နိုင်အောင် ပဲခူးဆား
၀၉၇၆၆၀၆၆၇၅၇