BEC-TERO TV

ကျောင်းမသွားချင်လို့ ၃၃ ထပ်တိုက်ပေါ်က ခုန်ချဖို့ပြင်တဲ့ အသက် ၈ နှစ်ကလေး (ရုပ်သံ)

31 Oct 2018     1,388 Views


အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးဟာ ကျောင်းသွားရမှာ ကြောက်ပြီး ၃၃ ထပ်မြင့်တဲ့ တိုက်ခေါင်မိုးပေါ်တက်ကာ ခုန်ချရန် ခေါင်မိုးအစွန်အဖျားတွင် ရပ်နေခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့က ချော့မော့ဖျောင်းဖြကာ ကယ်တင်ခဲ့ရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က တရုပ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၊ ကျောင်းဖွင့်ရာသီရဲ့ ပထမဆုံးအပတ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ကရိန်မောင်း လုပ်သားများက ကျောင်းဝတ်စုံနဲ့ ကလေးလေးတစ်ယောက် တိုက်ခေါင်မိုး အစွန်အဖျားတွင် မတ်တပ်ရပ်လျှက် “ကျောင်းမသွားချင်ဘူး၊ ကျောင်းမသွားချင်ဘူး” ဟု ရှိုက်ကြီးတငင်ငင် ငိုယိုနေသည်ကို တွေ့ခဲ့ကြပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြခြင်းဖြစ်သည်။

ကယ်ဆယ်ရေး မီးသတ်သမားများ၊ မိဘများနဲ့ ဆရာတို့က ကလေးကို ခေါင်မိုးအစွန်မှ နောက်ပြန်ဆုတ်ခဲ့ဖို့ ၁၀ မိနစ်ခန့် ဝိုင်းဝန်းဖျောင်းဖြခဲ့ကြရသည်။ နောက်ဆုံးမှာ ကယ်ဆယ်ရေးသမားက ကလေးဆီကိုသွားနိုင်ခဲ့ပြီး ခါးကိုကြိုးချည်ကာ ပြန်လည်ကယ်ဆယ်ဖို့ လုပ်နေချိန်မှာတောင် ကလေးက ကျောင်းမသွားချင်ဘူးလို့ တိုးတိုးလေးရှိုက်ငိုနေတာကို ရုပ်သံမှာ မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါအဖြစ်ပျက်ကြောင့် ကလေးဟာ ဘာကြောင့် ကျောင်းသွားရမှာကို သေရမှာထက် ပိုကြောက်နေတာလဲ..? ကျောင်းမှာ ကလေးအတွေက် ဘယ်အရာတွေက ဖိအားဖြစ်နေလဲ..? ဆိုတဲ့ မေးခွန်းတွေ ရှိလာခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းကလည်း ဖူကျိုးမှာရှိတဲ့ မူလန်းကျောင်းသူလေးဟာ အိမ်စာတွေမပြီးတဲ့အတွက် ကျောင်းသွားရမှာ ကြောက်ပြီး ၁၅ ထပ်တိုက်ပေါ်ကနေ ခုန်ချကာ သေကြောင်းကြံခဲ့ပါတယ်။ ကံကောင်းချင်တော့ သူမခုန်ချမယ့်နေရာမှာ ကယ်ဆယ်ရေးအဖွဲ့က ကူရှင်ရေမြုတ်တွေခံထားပေးတာကြောင့် အသက် မသေခဲ့ပါဘူး။ အာရှနိုင်ငံတွေရဲ့ ပညာရေးစနစ်ဟာ ကျောင်းသားကလေးတွေကို အရွယ်နဲ့မမျှအောင် ဖိစီးနေစေသလားဆိုတာ ပြန်လည်စမ်းစစ်ရမယ့် အချက်ဖြစ်နေပါတယ်။


31 Oct 2018     1,388 Views




RELATED

Most Popular of Special or Others

Most Popular of NEWS