BEC-TERO TV

၅ နှစ်သမီးလေး ကျောင်းကားကြိတ်မိပြီး သေဆုံး

29 Oct 2018     1,520 Views


မူကြိုကျောင်းကပြန်လာတဲ့ အသက် ၅ နှစ်အရွယ် သမီးလေးဟာ အိမ်ရှေ့ရောက်လို့ ကားပေါ်ကဆင်းကာစမှာပင် သူမစီးလာတဲ့ ကျောင်းကားနဲ့ကြိတ်မိပြီး သေဆုံခဲ့မှုတစ်ခု ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ပါတယ်။

မလေးရှားနိုင်ငံ ဂျိုဟိုးမြို့တွင် အောက်တိုဘာလ ၂၄ ရက်နေ့ကဖြစ်ခဲ့ပြီး အသက် ၅ နှစ်အရွယ် ဂျန်းနစ်စ်ရိုးကျီကျွန်း ဆိုသူ ကလေးမလေး ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာနဲ့ သေဆုံးခဲ့ပါတယ်။ ကလေးဟာ ကျောင်းကားပေါ်က ဆင်းဆင်းခြင်း ကားရှေ့ကို ဖြတ်ပေးတဲ့အတွက် သူမစီးလာတဲ့ ကျောင်းကား ရှေ့ဘီးနဲ့ ကြိတ်မိခဲ့တာဖြစ်ပါတယ်။ ယာဉ်မောင်းသူ အမျိုးသမီးက ကလေးကို နီးစပ်ရာ ဆေးခန်းကို ပို့ခဲ့ပြီး ဆေးခန်းမှတစ်ဆင့် ဆေးရုံကြီဂကို လွှဲပြောင်းပေးခဲ့ပေမယ့် မကြာခင်မှာပဲ ကလေးဟာ သေဆုံးသွားခဲ့ပါတယ်။

ကလေးဖြစ်သူရဲ့ မိခင်ဟာ စင်ကာပူနိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့အတွက် အသက် ၇၀ ကျော် အဖွားကပဲ စောင့်ရှောက်နေပါတယ်။ ကျောင်းကားမောင်းသူဟာ ခါတိုင်းဆိုရင် ကလေးဆင်းသွားတဲ့အခါ အိမ်အဝရောက်ပြီး အဖွားဖြစ်သူလက်ထဲရောက်တဲ့အထိ ကားမောင်းမထွက်သေးပဲ စောင့်ကြည့်ပေးနေကြဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေ့ကတော့ ကလေးဆင်းသွားပြီးတာနဲ့ ကားကို ချက်ချင်းမောင်းထွက်ချိန် ကလေးကလည်း ကားရှေ့ကို ဖြတ်ပြေးချိန် တိုက်ဆိုင်သွားပြီး ကလေးကို ကြိတ်မိခဲ့တာဖြစ်ပါတယ်။

CCTV ရုပ်သံအရ ယာဉ်မောင်းအမျိုးသမီးဟာ ကလေးကို ကြိတ်မိပြီးနောက် ကားရပ်ကာ ပြေးထွက်လာပြီး အနီးနားကို အကူညီတောင်းပါတယ်၊ အဲဒီနောက် ကလေးကို ပြန်ဆွဲထုတ်ဖို့ ကြိုးစားပေမယ့် ခေါင်းကိုနင်းမိတာကြောင့် ပြန်ထုတ်မရဖြစ်နေစဉ် ကားစက်နှိုးကာ နောက်ပြန်မောင်းခဲ့ရတဲ့အတွက် နှစ်ခါပြန်ကြိတ်မိသလို ဖြစ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ အသက် ၄၈ နှစ်အရွယ် ကျောင်းကားမောင်းသူ ယာဉ်မောင်းအမျိုးသမီးကို ရဲအဖွဲ့က ဖမ်းဆီး စစ်ဆေးထားကြောင်း သိရှိရသည်။


29 Oct 2018     1,520 Views




RELATED

Most Popular of Special or Others

Most Popular of NEWS