သီလရှင်ဆရာလေးအား ခါးဝတ်ကျွတ် အရှက်ရစေသည့် ဖြစ်စဉ်အစဆုံး (ရုပ်သံ)
29 Oct 2018 3,903 Views
စစ်ကိုင်းမြို့နယ်၊ ပါရမီရပ်ကွက်ရှိ သီလရှင်ဆရာလေးများ သီတင်းသုံးနေထိုင်သော “ဧမြဇေယျာချောင်၊ ဝိမလာရာမတိုက်” ကျောင်းမှ အသက် ၅၆ နှစ်အရွယ် သီလရှင်ဆရာလေး တစ်ပါးကို အခြားသီလရှင် ၆ ပါးခန့်က မြေပြင်ပေါ် တရွတ်တိုက်ဆွဲကာ ကျောင်းတိုက်ပြင်ပသို့ မောင်းထုတ်သည့် ရုပ်သံလူမှုကွန်ယက်ပေါ်သို့ ပျံ့နှံ့ခဲ့ပြီး ယင်းအပြုအမူမှာ လူမှုရေးရှုဒေါင့် ဘာသာရေးရှုဒေါင့်မှ လက်ခံနိုင်ဖွယ်ရာ မရှိသဖြင့် သီလရှင်ဆရာလေး၏ ဦးလေးတော်စပ်သူ ဦးမော်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ သက်ဆိုင်ရာအဖွဲ့အစည်းကို တိုင်ကြားထားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဆရာလေး ဒေါ်ကေသာဝတီ မှာ “ဧမြဇေယျာချောင်၊ ဝိမလာရာမတိုက်” တွင် အသက် ၁၈ နှစ်အရွယ်မှစတင်ပြီး သီလရှင်ဝတ်ခဲ့သူ ကျောင်းတိုက်လက်ထောက် သီလရှင်တစ်ပါးဖြစ်ပြီး ဝါတော် ၃၈၊ အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်သည်။ ဆရာလေးဒေါ်ကေသာဝတီသည် အသက် ၉၀ ကျော် ဖခင်ဖြစ်သူနဲ့ အတူနေထိုင်သော ကျောင်းဝင်းအတွင်းရှိ အဆောက်အဦ မိုးမလုံသဖြင့် ကာရံရာမှ ကျောင်းစည်းကမ်း ဖောက်ဖျက်သည်ဟု အကြောင်းပြပြီး သီလရှင်ဆရာလေး အပါး ၃၀ ကျော်တို့က အောက်တိုဘာလ ၂၅ ရက် ညနေ ၃ နာရီအချိန်ခန့်က ကျောင်းပြင်ပသို့ နှင်ရန် မြေကြီးပေါ် တရွတ်တိုက်ဆွဲထုတ်ခဲ့ရာ ခါးဝတ်ကျွတ်ခဲ့ရသည်ထိ ဖြစ်ခဲ့ရသည်။
ယခင်က သီတင်းသုံးခဲ့သည့် ကျောင်းအားလည်း သစ်သားတန်းများနဲ့ ချိပ်ပိတ်ရိုက်ထားပြီး အသုံးအဆောင်ပစ္စည်းများကို လမ်းဘေးဆွဲထုတ်ထားခဲ့ကြသဖြင့် ယခုအခါ အမိုးအကာမရှိ ကုတင်ပေါ် သီတင်းသုံးနေရပြီး ကျောင်းတိုက်ပြင်ပသို့ ထွက်ခွင့်မပြုသလို ရေချိုး အပေါ့အပါးကိစ္စများပါ ပိတ်ပင်ခံထားရသဖြင့် အနီးနားရှိ အမြင်မတော်သော ပတ်ဝန်းကျင်က ဆရာလေးအတွက် ဆွမ်းများ အုတ်တံတိုင်းကိုကျော်ပြီး ပို့ပေးခဲ့ရာ အဆိုပါ အုတ်တံတိုင်းအားလည်း သံဆူးကြိုးလိပ်များ၊ သွပ်ပြားများ ကာရံခြင်းဖြင့် ဆရာလေးအား ဆွမ်းကပ်ခွင့်မရရန် ပြုလုပ်ထားသဖြင့် အဆိုပါ ကိစ္စမှာ မည်သည့်ရှုဒေါင့်မှ ကြည့်ကြည့် အရုပ်ဆိုးအကျည်းတန်လွန်းသဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တိုင်းကြားရခြင်းဖြေစ်ကြောင်း သိရှိရသည်။
သတင်းရင်းမြစ် - ကျော်ထူး(စစ်ကိုင်း)
ရုပ်သံ - မြို့စောင့်ကြီး