BEC-TERO TV

ဝါတွင်း ၃ လ သီးတင်းသုံးပြီးနောက် မိုင်းဖုန်းဆရာတော် လပြည့်နေ့တွင် ဂူထွက်

26 Oct 2018     1,509 Views


ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းကျတ်ကျေးရွာ အနီးရှိ မိုင်းကျတ်ဂူတွင် ဝါတွင်း ၃ လ ဂူအောင်း တရား အားထုတ်ခဲ့သည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ သည် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၂၄ ရက်နေ့ လပြည့်နေ့တွင် ဂူထွက်ခဲ့သည်။

ဆရာတော်သည် မိုင်းကျတ်ဂုအတွင်း ဝါတွင်း ၃ လ လုံး သစ်သီးဆွမ်း ဘုန်းပေးပြီး ဝဇီပိတ် တရားအားထုတ်ရာမှ ထွက်လာခြင်းဖြစ်ပြီး ၂ လက်မခန့်ရှည်သော ဆံတော်များကို ထိုဂူ၌ပင်ပယ်ခဲ့ပြီး တပည့်ဒကာရင်းများကိုလည်း ယင်းဂူ၌ပင် တရားဦးဟောခဲ့သည်။

ဆရာတော်သည် သတင်းကျွတ်လပြည့်ကျော် တရက်နေ့ ညနေပိုင်းတွင် ထိုဂူအတွင်းမှ ဆင်းလာပြီး မိုင်းကျတ်ချောင်း ဘေးတွင် ကြိုတင်စောင့်ဆိုင်းနေကြသော ရပ်ဝေး၊ ရပ်နီးမှ တရားနာပရိသတ်များကို နေဝင်ချိန်တွင် တရားဟောခဲ့သည်။

တရားဟောကြားခဲ့သော မိုင်းကျတ်ချောင်းဘေးက နေရာသည် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ ယခင်နှစ် ဝါတွင်း ၃ လ ဂူအောင်း တရားအားထုတ်ခဲ့သော နေရာဖြစ်သည်။

ဆရာတော်အား ဖူးမျှော်ရန်နှင့် တရားနာကြွရောက်လာသော ဧည့်ပရိသတ်များသည် ရှမ်းပြည်နယ်အတွင်း ဒေသအသီးသီးမှ လာရောက်သူများရှိသကဲ့သို့ ရန်ကုန် မန္တလေး တို့မှ တကူး၊ တက လာရောက်ကြသူများလည်း တွေ့မြင်ရသည်။

မိုင်းဖုန်းဆရာတော် ဝါတွင်း ၃ လ တရားအားထုတ်သော မိုင်းကျတ်ဂူသည် မိုင်းကျတ်ကျေးရွာမှ ကားဖြင့် နာရီဝက်ခန့် သွားရပြီး ဂူရှိရာတောင်ပေါ်သို့ တနာရီခန့် လမ်းလျှောက်တက်ရသည်။ ပေထောင်ချီမြင့်သည့် တောင်ပေါ်မှ ဂူထဲတွင် ဆရာတော်တပါးထဲ သတင်းသုံးကြောင်းသိရသည်။


26 Oct 2018     1,509 Views




RELATED

Most Popular of Special or Others

Most Popular of NEWS