ရလဒ်ဆိုးတွေကြုံတွေနေတဲ့ ရီးရဲမက်ထရစ် အသင်း ဂျိမ်းကို ပြန်ခေါ်နိုင်ဖို့မျှော်လင့်
22 Oct 2018 1,564 Views

ရီးရဲမက်ထရစ် အသင်းဟာ အဓိက ကစားသမား ရော်နယ်ဒို ထွက်သွားပြီးနောက်ပိုင်း စံချိန်တင် အခြေအနေ ဆိုးတွေနဲ့ ကြုံတွေ့နေပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာ အထိ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပါတ်မှာလည်း လီဗန်တေး အသင်းကို အိမ်ကွင်း မှာ ၁ -၂ ဆိုတဲ့ ရလဒ်နှင့်ရှုံးနိမ့်ခဲ့ပါတယ်။ချန်ပီယံလိဂ် မှာ CSKA အသင်းကို ၁-၀ ဖြင့်ရှုံနိမ့်ထားခဲ့ပါသေးတယ်။
ရီးရဲမက်ထရစ် အသင်း က ဂျာမနီကလပ် ဘိုင်ယန်မြူးနစ် မှ ကိုလံဘီယာ ကွင်းလယ်ကစားသမား ဂျိမ်းကို ပြန်လည်ခေါ်ယူဖို့မျှော်လင့်နေပြီး စာချုပ်မှာလည်း အငှား သို့မဟုတ် ပြန်လည်ခေါ်ယူ ပါရှိနေပါတယ်။ ဂျိမ်းဟာ ဘိုင်ယန်မြူးနစ် သိုရောက်ရှိပြီးနောက်ပိုင်း ခြေစွမ်းပြကစားထားနိုင်ပြီး နိုင်ငံအသင်းမှာလည်း အကောင်းဆုံး ခြေစွမ်းပြကစားထားနိုင်ခဲ့ပါတယ် ။
ရီးရဲမက်ထရစ် အသင်း အခြေအနေဆိုးသို့ရောက်ရှိနေပေမဲ့ နည်းပြ လိုပက်တီဂူ အနာဂါတ်အတွက် မစိုးရိမ်သေးကြောင်း ယင်းပြသာနာကို အကောင်းဆုံး ဖြေရှင်းနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ရီးရဲမက်ထရစ် အသင်းဟာ ၁၉၈၅ ခုနှစ်နောက်ပိုင်း စံချိန်တင် အခြေအနေဆိုးတွေနဲ့ ကြုံတွေနေပြီး ဂိုးရရှိဖို့ ရုံးကန်နေရတဲ့ အခြေအနေ တွေရှိနေတာကြောင့် LA Galaxy မှ အီဗရာဟီမိုဗစ် ကို ခေါ်ယူဖို့ အတွက် သတင်းတွေထွက်နေပြီး စပိန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။