ထူးခြားဆန်းပြားတဲ့ ကိုးရီးယားလူမျိုးများရဲ့ အသက်တွက်ချက်ပုံ
18 Oct 2018 1,908 Views

မင်္ဂလာပါ Popolay ပရိတ်သတ်ကြီးရေ
Popolay ရဲ့ ဗဟုသုတကဏ္ဍတစ်ခုအနေနဲ့ တောင်ကိုးရီးယားနိုင်ငံမှာ ရှိတဲ့ ကိုးရီးယားလူမျိုးများရဲ့ အသက်တွက်ချက်ပုံကိုဝေမျှပေးလိုက်ပါတယ်။

ကိုးရီးယားလူမျိုးများမှာ အသက် နှစ်မျိုးရှိကြပါတယ်။ ဆိုလိုတာက သူတို့မှာ Korean age(ကိုးရီးယား အသက်) နဲ့ International age(နိုင်ငံတကာ အသက်) ဆိုပြီး ခွဲထားကြတာပါ။ အကယ်၍ သင်သာကိုးရီးယား ရောက်သွားခဲ့ရင် သင့်ကို ကိုးရီးယားလိုအသက် ဘယ်နှစ်နှစ်ရှိလဲပြီလို့မေးကြမှာပါ။
ဒါကလဲ သူတို့ကိုးရီးယားလူမျိုးတွေရဲ့ အသက်တွက်ချက်ပုံဟာသူများတွေနဲ့ မတူပဲကွဲပြားတယ်ဆိုတာ သိတဲ့အတွက်မေးခြင်းဖြစ်ပါတယ်။
ဥပမာ သင်က ၁၉၉၆ ခုနှစ်မှာမွေးပြီး သင့်အသက်က ၂၂ ဆိုပါစို့။ ဒါဆို သင့်ရဲ့ ကိုးရီးယားအသက်ကတော့ ၂၃ ဖြစ်ပါတယ်။
ကိုးရီးယားရဲ့ အသက်တွက်ချက်ပုံကိုမသိတဲ့ နိုင်ငံခြားသားများ အမြဲခေါင်းစားရတဲ့ ပြဿနာတစ်ရပ်ပါပဲ။ ငါ့အသက်က ၂၂ လေ ဘာလို့ တစ်နှစ်ပိုကြီးသွားရတာလဲဆိုပြီးတော့ ဆိုပြီး အငြင်ပွားစရာဖြစ်လာပါတယ်။
.jpg)
ဘာလို့လဲဆိုတော့ ကိုးရီးယားလူမျိုးများဟာ ကလေးတစ်ယောက်မမွေးဖွားလာခင် မိခင်ဝမ်းကြာသိုက်ထဲမှာ ရှိနေခဲ့တဲ့ အချိန်ကာလကို ကလေးရဲ့ အသက်တစ်နှစ်အနေနဲ့မှတ်ယူကြပါတယ်။
မြန်မာပြည်မှာတော့ တစ်နှစ်ပြည့်တဲ့ကလေးဆိုရင် တစ်နှစ်လို့ပြောပြီး တစ်နှစ်ကျော်တဲ့ ကလေး ဆိုရင်တော့ တစ်နှစ်ခွဲ လို့ပြောကြပါတယ်။
ကိုးရီးယားမှာတော့ တစ်နှစ်၊ နှစ်နှစ် ကလေးတွေရဲ့အသက်ကို နှစ်နဲ့ မပြောကြပါဘူး။

ကလေးများအသက် ၃ နှစ်ကျော်မှသာ ကလေးတွေရဲ့ အသက်ကို နှစ်နဲ့ ထည့်ပြောခံရတာပါ။ ၃နှစ်မပြည့်မချင်းမှာတော့ ကလေးတွေရဲ့ အသက်ကို လအတိအကျ နဲ့သာ ပြောကြပါတယ်။

ဥပမာ သင့်ကလေးက အသက် ၁ နှစ်ဆိုရင် သူ့အသက်က ကိုးရီးယားလို ၁၂ လ ဖြစ်ပါတယ်။ ၂ နှစ်ရှိပြီဆိုရင်တော့၂၄ လဖြစ်ပါတယ်။ ၃ နှစ်ဆိုရင်တော့ ၃၆ လဖြစ်ပါတယ်။ ကလေးအသက် ၃ နှစ်ကာလ ကိုကျော်လွန်ပြီး ၄ နှစ်ပြည့်မှသာ ကလေးအသက် ကို ၅ နှစ်ဆိုပြီး သတ်မှတ်ကြပါတယ်။
ဒါကြောင့် ကိုးရီးယားလူမျိုးတွေရဲ့ အသက်ဟာတခြားလူမျိုးခြားတွေရဲ့ အသက်ထက် အမြဲ တစ်လကြီးနေလေ့ရှိပါတယ်။
