BEC-TERO TV

ကိုယ်ပိုင် Brand နဲ့ ကုန်ပစ္စည်းတစ်ခုခု ထုတ်လုပ်တော့မယ်ဆိုတဲ့မျိုးကိုကိုစန်း

17 Oct 2018     1,402 Views


မြန်မာအလှမယ် တစ်ဦးဖြစ်တဲ့မျိုးကိုကိုစန်းဟာ လူအများစု သုံးနိုင်လောက်မယ့် အသုံးအဆောင် ပစ္စည်းတွေကို သူမ ရဲ့ ကိုယ်ပိုင် brand တစ်ခုအနေနဲ့ ထုတ်လုပ်သွားမယ်လို့သိရပါတယ်။

သူမအနေနဲ့ ဘာကုန်ပစ္စည်းကို အဓိက ထုတ်လုပ်ရမယ်မှန်း သေချာမသိသေးပေမဲ့ အလှကုန်နဲ့ နေ့စဉ်လူ့အသုံးအဆောင်ပစ္စည်းတွေထဲက တစ်ခုခု ဖြစ်မယ်ဆိုတာကတော့ သေချာပါတယ်တဲ့။

အဓိကအနေနဲ့ သူမက လူအများစုကိုင်နိုင်တဲ့ brand တစ်ခု လူတိုင်းစေ့သုံးနိုင်အောင် ထုတ်လုပ်ရောင်းချသွားမယ်လို့သိရပါတယ်။ သုံးတဲ့အခါမှာလဲ ပရိတ်သတ်စိတ်ကျေနပ် မှုရှိအာင် ကွာလတီ အရည်အသွေးလဲ ပြည့်မှီအောင်ထုတ်လုပ်ပြီး  ဈေးနှုန်းကိုလဲ အသင့်အတင့် ဖြစ်အောင် ညှိနှိုင်းထုတ်လုပ်ရောင်းချသွားမယ်လို့ ဆိုထားပါတယ်။

သူမ အနေနဲ့ လတ်တလောအနုပညာ လှုပ်ရှားမှုတွေနည်းသွားတယ်ဆိုတာက ဓာတ်ပုံရိုက်ပေးမယ့်လူမရှိလို့ပါတဲ့။ အမေဖြစ်သူကလဲမရိုက်ပေးတတ်တာရယ်ကြောင့် ပါတဲ့။ ဒါကြောင့် သူမဟာ သူမပရိတ်သတ်တွေသူမကိုလွမ်းနေမှာစိုးလို့ selfie  လေးတွေတော့ ဖေ့ဘွတ်ခ်မှာ တင်ပေးဖြစ်ပါတယ်တဲ့။

“ခုနောက်ပိုင်းဆိုပုံတွေလဲသိပ်မတင်ဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ရိုက်ထားတဲ့ ပုံတွေထဲကစိတ်ကြိုက်ပုံမတွေ့လို့ပါ” ဆိုပြီး သူမက ရယ်သွမ်းကာပြောဆိုနေခဲ့ပါတယ်။

ကြော်ငြာ တွေလဲ ရိုက်ဖို့အများကြီးလက်ခံထားပါတယ်လို့ သူမကဆိုထားပါတယ်။

“ညီမက ကြော်ငြာတွေဆိုလဲရွေးပါတယ်။ ဘာလို့လဲဆိုတော့ကိုယ်ကြော်ငြာတဲ့အရာကို ကိုယ့်ပရိတ်သတ်က သုံးမှာဖြစ်တဲ့အတွက် ညီမ ပြီးစလွယ်မလုပ်ချင်ပါဘူး။ ဘာလုပ်လုပ် ပရိတ်သတ်ကို စေတနာထားပြီးလုပ်ပါတယ်။ ညီမပရိတ်သတ်တွေကို ကောင်းတဲ့ ကုန်ပစ္စည်းဆိုတာမျိုးပဲပေးချင်ပါတယ်။”

အခုလက်ရှိမှာတော့ Miss တစ်ယောက်ဖြစ်တဲ့မိုးစက်ဝိုင်ရဲ့ Brand အတွက်ကြော်ငြာရိုက်ကူးထားတယ်လို့သိရပါတယ်။ အဲ့ဒီကြော်ငြာလေးထွက်လာရင်လဲ အားပေးကြပါဦးလို့ မျိုးက ပြောကြားထားပါတယ်။


17 Oct 2018     1,402 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS