BEC-TERO TV

ဆန်းပြားတဲ့ ကပြားဖက်ရှင်နဲ့ လန်းလိုက်တဲ့ ဖြူဖြူကျော်သိန်းရဲ့ မုန်တိုင်း

16 Oct 2018     1,343 Views


အဆိုတော်ဖြူဖြူကျော်သိန်းလို့ဆိုလိုက်တာနဲ့ မသိသူမရှိလောက်အောင် နှစ်ယောက်မရှိ ထူးခြားဆန်းပြားတဲ့ဖက်ရှင်ဒီဇိုင်းတွေကိုဝတ်ဆင်ကာ အသံအားကောင်းကောင်းနဲ့ သီချင်းကောင်းတွေကို သီဆိုဖျော်ဖြေတတ်သူတစ်ယောက်ကို ပြေးမြင်မိမှာပါ.... သူမရဲ့ဆန်းပြားတဲ့ဖက်ရှင်တွေက သူမရဲ့အမှတ်အသားတစ်ခုလိုဖြစ်နေတဲ့ ဖြူဖြူကတော့ အောက်တိုဘာ (၁၄) ရက်နေ့က လှည်းတန်းစင်တာမှာ သူမနဲ့ အမေရိကန်အဆိုတော် Lancifer တို့အတူ ဖန်တီးသီဆိုထားတဲ့ Storm ဆိုတဲ့ မီနီအယ်လ်ဘမ် ပရိုမိုးရှင်းပွဲလေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

လှည်းတန်းစင်တာမှာ မုန်တိုင်းတိုက်ခဲ့တဲ့ ဖြူဖြူတို့အဖွဲ့ကတော့ တစ်မူထူးခြားလွန်းတဲ့ ကပြားဖက်ရှင်စတိုင်တွေနဲ့ လန်းလိုက်တာပဲဖြစ်ပါတယ်။ မြန်မာ့မူပိုင် ဒီဇိုင်နာမိုးကုတ်ပေါက်ပေါက်ရဲ့ FGM ပိတ်စအထည်တွေကို အနောက်တိုင်းဖက်ရှင်ဒီဇိုင်းပုံစံနဲ့ဖန်တီးကာ ကပြားဖက်ရှင်အဖြစ် ဖန်တီးဝတ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ ၀တ်ဆုံကိုဖန်တီးပေးထားသူကတော့ ဒီဇိုင်နာ Henry Z ဖြစ်ပြီး “နိုင်ငံခြားက ဘော်ဒါတွေမ၀တ်ခင် ဖြူဖြူအရင်ဆုံးဝတ်တာနော်….. ပြည်တွင်းဖြစ်မူပိုင်ခွင့်လေး မှတ်ထားပေးကြပါအူး” ဆိုကာ ရေးသားထားပါသေးတယ်။ ဖြူဖြူနဲ့ Lancifer တို့တစ်ဖွဲ့လုံး ကပြားဖက်ရှင်နဲ့ ဘယ်လိုတွေ လန်းနေလဲဆိုတာ ပုံလေးတွေဖော်ပြပေးလိုက်ပါတယ်နော်…

 

 


16 Oct 2018     1,343 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment