“ဝါကျွတ်နေပြီ မစွံသေးဘူးလားဆိုတဲ့ မေးခွန်းများအတွက် အေးမြတ်သူရဲ့အဖြေ”
15 Oct 2018 1,371 Views
ဝါကျွတ်ခါနီးပြီ မစားရသေးဘူးလားဆိုတဲ့ အဖြေကိုသူမကတော့ ဖြေကြားလိုက် ပါပြီ။
သူမကတော့တခြားသူမဟုတ်ပါဘူး။ ပြုံးလိုက်ရင် ပါးနှစ်ဖက်မှာ နှစ်ဝင်သွားတဲ့ ပါးချိုင့်နှစ်ဖက်နဲ့ ပရိတ်သတ်တွေ ကိုဖမ်းစားထားတဲ့ အပြုံးပိုင်ရှင် မမလှလှ အေးမြတ်သူပါ။ သူမဟာဒီနှစ်ထဲမှာဆိုရင် အသက် ၃၃ နှစ်ရှိပြီဖြစ်ပါတယ်။ အပျိုကြီး စာရင်းဝင်လာပြီဖြစ်တဲ့မမလှလှ အေးမြတ်သူဟာ ဝါကျွတ်နေပြီ မစားရသေးဘူးလားဆိုတဲ့ မေးခွန်းတွေအတွက် ဖြေကြားပေးလိုက်ပါပြီနော်။
“မနှစ်တုန်းကလဲ အပျိုကြီး ဒီနှစ်လဲအပျိုကြီး အသက်ကလဲ ၃၃ နှစ်ရှိပြီဆိုတော့ အပျိုကြီးစာရင်းဝင်သွားပြီပေါ့နော်။
တချို့ကပြောတယ် အပျိုကြီးဆိုတာ ရတာမလို လိုတာမရမို့လို့ မဟုတ်ပါဘူး အေးမြတ်သူအတွက်ကတော့ မိသားစုကိုအချိန်ပေးတဲ့ အချိန်တွေပိုလိုချင်သေးတာ ကြောင့် အေးမြတ်သူအိမ်ထောင်မပြုသေးတာပါ။ အိမ်ထောင်ပြုတယ်ဆိုတာလဲ အသက်ကြီးလာတာနဲ့အမျှ လူဆိုတာ မှားဖို့ ပိုပြီးခဲယဉ်းလာကြတယ်။ မှားလို့မရတော့ဘူး။ အေးမြတ်သူတို့ ကိုယ့်အမှားကိုပြန်လေ့လာတယ် ကိုယ့်ကိုကိုယ် ပြန်ပြီးသုံးသပ်နေရတယ်။
ကိုယ်သည် အိမ်ထောင်တစ်ခုကိုတည်ဆောက်ဖို့အတွက်အဆင်သင့်ဖြစ်ပြီလား။ အိမ်ထောင်တစ်ခုကို ခိုင်ခိုင်မြဲမြဲ ထားနိုင်တဲ့စိတ်စွမ်းရည် ရှိပြီလား လုပ်ဆောင်နိုင်စွမ်းရှိပြီလား ကိုယ့်ကိုကိုယ် ပြန်ပြီးဆန်းစစ်ကြည့်တော့ အေးမြတ်သူ အတွက်အဆင်သင့် မဖြစ်သေးလို့ပါ။ ”
ပြီးတော့ အေးမြတ်သူက အပျိုကြီးတွေကတန်ဖိုးရှိကြောင်းကို
“အပျိုကြီးတွေဆိုတာ တန်ဖိုးရှိတယ်ရှင့် ရှေးဟောင်းပစ္စည်းတစ်ခုလိုပေါ့ ကာလကြာရှည်လေ တန်ဖိုးရှိလေ၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေအားလုံးနဲ့ ဘယ်လိုပဲ ကိုယ့်ကိုလာပြီးခနဲ့ ခနဲ့ ကျောက်သားအသွင်ခိုင်ခိုင်မာမာ မယိုင်မလဲပဲနဲ့ နေနိုင်ခဲ့တယ်ဆိုတော့ အပျိုကြီးဖြစ်ရတာ ဂုဏ်ယူပါတယ်ရှင့်” လို့ အချက်ကျကျ ပြောပြသွားပါတယ်။
ဒါပေမဲ့ အပျိုကြီးဖြစ်တယ်ဆိုတာကလဲ ဇီဇာကြောင် ခေတ်မမှီတဲ့ အပျိုကြီးမဖြစ်သင့် ကြောင်းကို “အပျိုကြီးဆိုတာ ခေတ်နဲ့လဲညီရမယ်။ ခေတ်နဲ့လဲ လိုက်ရောညီထွေရှိရမယ်။ ကိုယ့်ကိုကိုယ် ကျန်းမားရေး ညီညွှတ်ရမယ်။ခေတ်အမြင် ခေတ်အတွေးရှိတဲ့ အပျိုကြီးတစ်ယောက်ဖြစ်ချင်ပါတယ်။”
ပြီးတော့သူမဟာ မိသားစုကိုအရာအားလုံးထက်ပိုချစ်တဲ့အတွက် အိမ်ထောင်မပြုဖြစ်သေးတာလို့ဆိုထားပါတယ်။
သူမဟာသူမရဲ့ ဖြစ်တည်နေမှုကို လေးစားတန်ဖိုးထားသူတစ်ဦးဖြစ်ကြောင်း အောက်ပါအတိုင်းဖြေကြားထားပါတယ်။
“လက်ရှိကိုယ်ရရှိထားတဲ့ အခြေအနေမှာ တန်ဖိုးရှိအောင်နေမယ်။ တန်ဖိုးအရှိဆုံးကိုယ်ဖြည့်ဆည်းမယ်။ သူများအတွက်ဝန် ထုပ်ဝန်ပိုးမဖြစ်စေရဘူး။ သူများအတွက် တန်ဖိုးရှိသူတစ်ယောက်ပဲဖြစ်ချင်တယ်။ အဲ့ဒီဟာပဲ အေးမြတ်သူစဉ်းစားတယ်။နောက်ထပ်အရာတွေ ဘာမှမစဉ်းစားရသေးပါဘူး။ ဘာလို့လဲဆိုတော့ လောကကြီးမှာ ဘယ်အရာမှမတည်မြဲဘူးလေ” လို့ပြောကြားထားပါတယ်။