BEC-TERO TV

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပြင်းထန်တဲ့ဟာရီကိန်းမုန်တိုင်းတိုက်ခတ်နိုင်ချေရှိ

10 Oct 2018     1,465 Views


အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်မှာ ပြင်းထန်တဲ့ ဟာရီကိန်း မုန်တိုင်းဖြစ်ပွား နိုင်ချေ ၁၀၀ ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ဆိုင်ရာမိုးလေဝသ ခန့်မှန်းသူများက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယနေ့အောက်တိုဘာလ ၁၀ ရက်နေ့ နေ့ခင်းပိုင်း အချိန်အခါလောက်မှာ မုန်တိုင်း စတင်တိုက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။မုန်တိုင်းဟာလေတိုက်ခတ်နှုန်း တစ်နာရီကို မိုင် ၁၃၀ နဲ့ တိုက်ခတ်နေခဲ့ပြီးမုန်တိုင်းအမည်ကို Micheal (မိုက်ကယ်) ဆိုပြီးအမည် ပေးခဲ့ပါတယ်။ အဆိုပါ မိုက်ကယ်ကို အင်အား အဆင့် ၄ အနေနဲ့ သတ်မှတ်ဖော်ပြလိုက်ပြီဖြစ်ပါတယ်။

မုန်တိုင်းဟာ ဒီထက်အခြေအနေပိုဆိုးလာနိုင်ချေရှိကြောင်းကို အမေရိကန်နိုင်ငံ ဟာရီကိန်းစင်တာမှ အသိပေးထုတ်ပြန်ချက်များကိုကြေငြာခဲ့ပါတယ်။

၎င်းဟာ အနောက်ဘက် ကျူးဘားနိုင်ငံမှစတင်လာတာဖြစ်ပြီး ယခုအချိန်မှာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်သို့ ဦးတည်နေပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်အစိုးရဟာ လူပေါင်း ၃သိန်း ၇ သောင်း ရှိသော လူဦးရေကို မုန်တိုင်းလွှတ်သော နေရာသို့ အမြန်ဆုံးပြောင်းရွေ့စေခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မုန်တိုင်းဒဏ်နဲ့ ရေကြီးမှုတို့ကြောင့် အမေရိကန် နိုင်ငံ အလယ်ပိုင်းဒေသမှာ သေဆုံးသူ ၁၃ ဦးရှိနေပြီလို့သိရပါတယ်။

သေဆုံးသူများထဲမှ ၆ ယောက်ဟာ ဟွန်းဒရတ်စ်(Honduras) ဒေသ၊ ၄ ဦးက နီကာရာဂွါ(Nigaragua) ဒေသမှဖြစ်ပြီး ကျန်သုံးဦးမှာ အယ်လ်ဆာလ်ဗေဒေါ်(Elsalvador) ဒေသမှဖြစ်ကြပါတယ်။ သေဆုံးသူများရဲ့ ဒေသများကို ကြည့်ခြင်းအရ အဆိုပါ နေရာများမှာ မုန်တိုင်းဟာ ပြင်းအားအများဆုံး တိုက်ခိုက်ခဲ့တယ်လို့ယူဆရပါတယ်။

ပြည်နယ်အစိုးရ၏ ကောင်းမှုနှင့် မိုးလေဝသ ဌာန၏ သတိပေးမှုတို့ကြောင့် လူထောင်ပေါင်းများစွာကတော့ သေခြင်းတရားမှလွတ်မြောက်သွားကြပါပြီ။ ကယ်ဆယ်ရေး အဖွဲ့များပါ ကြိုတင်ပြင်ဆင်ထားတာကြောင့် အမေရိကန်သမ္မတ ထရန့်က ဘာမှစိုးရိမ်စရာမရှိပါဘူးလို့လဲပြောကြားထားပါတယ်။


10 Oct 2018     1,465 Views




RELATED

Most Popular of Special or Others

Most Popular of NEWS