နှုတ်ခမ်းနီမလေးတွေကို မနာလိုဝန်တိုဖြစ်သွားစေမယ့် အိမ့်ချစ်နဲ့ အ၀င်း
10 Oct 2018 1,500 Views
အဆိုတော်အိမ့်ချစ်ဟာဆိုရင် ဖခင်ဦးချစ်ကောင်းရဲ့ဂီတအမွေကိုဆက်ခံကာ အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို ပရိသတ်ရင်ထဲထိစွဲအောင် သီဆိုနိုင်တဲ့ အဆိုပါရမီရှင်တစ်ယောက်ဖြစ်သလို ရိုးသားပွင့်လင်းပြီး စိတ်ထားဖြူစင်တဲ့ ညိုချောအဆိုတော်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် အ၀င်းရယ်လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မိုရီဆာကီဝင်းကတော့ မသိသူမရှိလောက်အောင် နှုတ်ခမ်းနီမလေးတွေကြား ရေပန်းစားတဲ့ အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ အ၀င်းရဲ့ ပွင့်လင်းတဲ့ စကားပြောဟန်၊ အမြဲပြုံးပျော်ကာ စနောက်တတ်တဲ့ချစ်စရာအမူအကျင့်တို့ကြောင့်လဲ မြင်သမျှလူကို မချစ်ရမနေနိုင်အောင် ဖြစ်စေတာကတော့ အ၀င်းရဲ့ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။
မိန်းကလေးပရိသတ်များစွာကို ပိုင်ဆိုင်ထာတဲ့ အ၀င်းနဲ့ နာမည်ကြီးအဆိုတော် အိမ့်ချစ်တို့ကတော့ အ၀င်းရဲ့ Win’s Show Time ဆိုတဲ့ အစီအစဉ်လေးတစ်ခုမှာ တွေ့ဆုံခဲ့ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူတို့နှစ်ယောက်တွေ့ဆုံချိန်မှာတော့ ပရိသတ်တွေမနာလိုဖြစ်သွားစေမယ့် ပုံလေးတစ်ပုံထွက်ပေါ်လို့လာပါတယ်။
ထိုပုံလေးကိုတော့ အိမ့်ချစ်က သူမရဲ့လူမှုကွန်ယက်ကနေမျှဝေထားကာ “ငပေါမလေးမိမိချစ်နဲ့တွေ့တော့ အကုန်ခုလိုတွေဖြစ်ကုန်ကြရော… ကိုယ်လဲအခွင့်အရေးရတုန်း ရင်ခွင်ထဲဝင်ချလိုက်တယ်… မိမိချစ်လေးကိုခွင့်လွှတ်ကြပါ ဝင်းရဲ့ချစ်သူများရှင့်…. တစ်နေကုန်လဲရီနေရတာပဲ.. ပုံလေးနဲ့တင်စိတ်ဝင်စားသွားရင်မကြာခင် ပရိတ်သတ်တွေဆီရောက်တော့မယ့် Win’s Show Time ကို စောင့်ကြည့်ပေးကြဦးနော်” ဆိုကာ အ၀င်းရဲ့ပရိသတ်တွေကို စိတ်မဆိုးကြဖို့နဲ့ အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်လေးဖြစ်တာကြောင့် စောင့်ကြည့်ဖို့အတွက်လဲ ပြောကြားထားတာဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ကြည့်ရုံနဲ့တင် Win’s Show Time အစီအစဉ်လေးက ဘယ်လိုတောင်ပျော်စရာကောင်းနေမလဲဆိုတာ စိတ်လှုပ်ရှားနေမိပြီထင်ပါတယ်နော်... ဒါ့အပြင် မောင်လေးလို့ထင်ထားခဲ့တဲ့ အ၀င်းက အိမ့်ချစ်ထက်အသက်ကြီးတဲ့ အစ်ကိုတစ်ယောက်ဖြစ်နေတာကြောင့်လဲ အိမ့်ချစ်တစ်ယောက်အံ့သြ၀မ်းသာဖြစ်ခဲ့ရပါသေးတယ်။