BEC-TERO TV

နှလုံးရှော့ဖြစ်ကာ ဆေးရုံတက်လိုက်ရတဲ့အပေါ် ဝေဖန်နေကြသူတွေကို ရှင်းပြလိုက်တဲ့ ဟိန်းမင်းသူ

10 Oct 2018     1,570 Views


မြန်မာ့အနုပညာဂီတလောကနဲ့ သရုပ်ဆောင်နယ်ပယ်ထဲမှာ တက်သစ်စလူငယ်တစ်ယောက်ဖြစ်တဲ့ အဆိုတော်သရုပ်ဆောင် ဟိန်းမင်းသူကတော့ ချောမောတဲ့ရုပ်ရည်အပြင် ကြွေလောက်စရာ ယောကျာ်းပီသတဲ့ခန္တာကိုယ်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာကျော်အဆိုတော် Justin Bieber နဲ့ခပ်ဆင်ဆင်တူတာကြောင့်လဲ မြန်မာ JB လို့ သမုတ်ခြင်းခံရကာ နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်အားပေးခြင်းကို ခံထားရသူဖြစ်ပါတယ်။ အဆိုတော်သရုပ်ဆောင် ဟိန်းမင်းသူဟာ ယမန်နေ့ အောက်တိုဘာ (၉) ရက်နေ့က အားကစားလုပ်ရင်း နှလုံးရှော့ဖြစ်ကာ ဆေးရုံတက်လိုက်ရပါတယ်။

ရုတ်တရက်ဆေးရုံတက်လိုက်ရတာကာ လက်ခံထားတဲ့အလုပ်ကိစ္စတွေပျက်သွားတာကြောင့် သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ခင်မင်သူမိတ်ဆွေအပေါင်း စိတ်မပူကြစေဖို့ ပို့စ်တင်ရေးသားခဲ့ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး Attention ရှာချင်တယ်ဆိုပြီး ဝေဖန်နေသူတစ်ချို့ထွက်ပေါ်လာတာကြောင့် ဟိန်းမင်းသူက ယခုလိုပဲ သေချာဖြေရှင်းလိုက်ပါတယ်။

“ကျွန်တော် တော်ရုံကိစ္စဆို ရှင်းပြလေ့မရှိပါဖူး… ကျွန်တော် နှလုံးအားနည်းတာ ကျွန်တော့်ဘေးကလူတိုင်းသိတာပါ… ကျွန်တော့်ကို gym trainer တွေအဲ့လိုဖြစ်တိုင်းဆေးခန်းပြဖို့ပြောခဲ့တာပါ… နှလုံးအရမ်းခုန်ပြီး မျက်လုံးတွေပြာပြီးအသက်ရှုကျပ်တာပါ… ကျွန်တော် ပေတေပြီးနေခဲ့တယ် ဒါ ဒုတိယအကြိမ်ဖြစ်သွားခဲ့တာပါ… ကျွန်တော့်ကို attention ယူတယ်ဆိုလို့ထင်နေတဲ့ သူများကျွန်တော် မနေ့ကပြခဲ့တဲ့ ဆေးရုံ ဆရာဝန်အကုန် ပါပါတယ် သွားမေးလို့လဲရပါတယ်…"

ကိုယ်လိုရာဆွဲတွေးပြီး မပြောစေချင်ပါဖူး… အလုပ်တခုဆိုတာ သေချာ အလုပ်နဲ့ကို ကိုယ်တိုင် မြင်ပြီးမှ ဆုံးဖြတ်တာအကောင်းဆုံးပါ… ကျွန်တော့်စကားထဲအလိမ်ညာပါခဲ့ရင် ကျွန်တော့်စကားအတွက် ယောက်ကျားဆန်ဆန်တာဝန်ယူရဲပါတယ်… အဲ့တော့မေးနိုင်ပါတယ်လွတ်လပ်စွာ… ကျွန်တော် မနေ့ကပုံတင်လိုက်တာသည်အလုပ်ကိစ္စရယ် Interview တွေ ချိန်းထားတဲ့အတွက် သူတို့ကို တောင်းပန်တဲ့အနေနဲ့တင်လိုက်ရခြင်းပါ… ကျေးဇူပါ” ဆိုကာ ပြန်လည်ရှင်းပြလိုက်တာဖြစ်ပါတယ်။

 

 


10 Oct 2018     1,570 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS