သရုပ်ဆောင် မိုးအောင်ရင်ကို မူးယစ်ဆေးဝါး သုံးစွဲမှုနှင့်စပ်လျဉ်း၍ စစ်ဆေးရန်ကျန်ရှိ
10 Oct 2018 1,376 Views
ဒီအမှု စစ်ဆေးနေသည်မှာ နှစ်နှစ်ကျော်ကျော် ကြာမြင့်နေပြီဖြစ်သည်။ မူးယစ် ဆေးဝါး ရောင်းဝယ်သုံးစွဲမှုဖြင့် သရုပ်ဆောင် မိုးအောင်ရင် အပါအဝင် ပူးပေါင်းပါဝင်သူ ၂ ဦး အမှုအတွက် စစ်ဆေးရန် တရားခံပြ သက်သေ ၃ ဦးသာ ကျန်ရှိတော့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အရှေ့ ပိုင်းခရိုင်တရားရုံးမှသိရသည်။
သရုပ်ဆောင် မိုးအောင်ရင် နှင့် သူငယ်ချင်းဖြစ်သူ လူလူသန်းဦး နှင့် ဘုန်းမြင့်အောင် (ခ) ဒေးဗစ်တို့ သုံးဦးကို အောက်တိုဘာလ ၉ ရက် ရန်ကုန်ရှေ့ပိုင်းခရိုင် တရားရုံးတွင်
ရုံးထုတ်ခဲ့ပြီး တရားခံပြ သက်သေတစ်ဦးအားစစ်မေးခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ အမှုနှင့်ပတ်သတ်ပြီး တရားလိုပြသက်သေ ၁၄ ဦး၊ သရုပ်ဆောင် မိုးအောင်ရင် အပါအဝင် ၃ ဦးနှင့် တရားခံပြသက်သေ ၁၃ ဦးတို့ကို စစ်ဆေးပြီးစီးကြောင်းသိရသည်။
မိုးအောင်ရင် နှင့် သူငယ်ချင်းနှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉ (က) ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် တရားရုံးတွင်စွဲချက်တင် စစ်ဆေးနေခြင်းဖြစ်ပါသည်။ ကျန်ရှိသည့်တရားခံပြသက်သေ ၃ ဦးကို ဆက်လက်စစ်ဆေးရန်အတွက် လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့ တွင်ပြန်လည်ချိန်းဆိုလိုက်သည်။
အမှု ဖြစ်စဉ်မှာ ပြီးခဲ့တဲ့၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် သရုပ်ဆောင်မိုးအောင်ရင်အား အိုက်စ် မူးယစ်ဆေးဝါး ၁ ဂရမ်နှင့်အတူ ပုဇွန်တောင် မြို့ နယ်ရှိ သူ၏ရည်းစားဖြစ်သူ၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ရဲဌာနမှသတင်းထုတ် ပြန်ထားပါတယ်။
ထို့အပြင် မိုးအောင်ရင်၏နေအိမ်ဖြစ်သော တာမွေမြို့နယ်ရှိ နေအိမ်အား ရဲတပ်ဖွဲ့မှ မသင်္ကာသဖြင့် သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ သူငယ်ချင်းဖြစ်သူ လူလူသန်းဦး နှင့် ဘုန်းမြင့်အောင်(ခ) ဒေးဗစ် တို့ကို ဆေးခြောက် ၁၃၃၄ ဒဿမ ၃၄ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။