ယောကျာင်္းလေးနှစ်ယောက်ကြားက ချစ်ခြင်းကိုဖော်ပြတဲ့ MTV ရိုက်မယ့် ကျော်ရဲမြင့်ငြိမ်းနဲ့ ထက်ဦးထွဋ်
09 Oct 2018 1,891 Views
မော်ဒယ် ထက်ဦးထွဋ် နဲ့ ကျော်ရဲမြင့်ငြိမ်း (Charlie) တို့ဟာ အဆိုတော် Ar-T ရဲ့ အသစ်ထွက်ရှိမယ့် အယ်လ်ဘမ်အသစ်ထဲက လွင်ပြင်ဆိုတဲ့ သီချင်းမှာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဒီ သီချင်းရဲ့ MTV က သာမန်နဲ့ မတူပဲ ယောင်္ကျားလေးနှစ်ယောက်ကြားက အချစ်ကို ဖော်ကြူးထားတဲ့ MTV ဖြစ်ပါတယ်။ သာမန် ယောင်္ကျားလေးနဲ့မိန်းကလေး နှစ်ယောက်ကြားက အချစ်ကိုရိုက်ရတာမျိုးမဟုတ်တဲ့အတွက် အခက်အခဲတွေ ရှိခဲ့တယ် လို့ ကျော်ရဲမြင့်ငြိမ်းက ပြောကြားထားပါတယ်။
ဒီ music video ကို လေးရက်ငါးရက်လောက် အချိန်ယူပြီး ကလောမှာ သွားရိုက်ခဲ့ရပါတယ်တဲ့။
“လွင်ပြင်ကတော့ ကျွန်တော့် အတွက်အများကြီး စိန်ခေါ်မှုပေးတဲ့ music video လေးပါ သီးချင်းလေး ထွက်လာခဲ့တဲ့အခါမှာလဲ သူများနဲ့မတူတဲ့ အနုပညာကို မြင်ရမှာပါ။ သီချင်းလေးရဲ့ ရည်ရွယ်ချက်ကတော့လူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပြသချင်တာဖြစ်ပါတယ်။ လူမှန်ရင် လူတိုင်းချစ်ခွင့်ရှိပါတယ်။ ယောင်္ကျားချင်း ဖြစ်စေ ၊ မိန်းမချင်းဖြစ်စေ၊ ယောင်္ကျားနဲ့ မိန်းမပဲဖြစ်စေ လူတိုင်းမှာ ချစ်ခွင့်ရှိပါတယ်။ အဲ့လိုရည်ရွယ်ချက်လေးပါ။ ဒါကို ကျွန်တော်နဲ့ ထက်ဦးထွဋ္ဋ်နဲ့ အကောင်းဆုံး သရုပ်ဆောင်ထားတယ် ကျွန်တော်လို့မလုပ်နိုင်လောက်ဘူးလို့ ထင်တဲ့ အခန်းတွေကိုတောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်” လို့ ပြောကြားထားပါတယ်။
ယောင်္ကျားချင်း အရမ်းနီးကပ်ပြီး အကြည့်ချင်းဆုံတဲ့ အခန်းတွေမှာ အခက်အခဲတွေအများကြီးရှိခဲ့တယ်လို့လဲ ဆိုထားပါတယ်။ အကြည့်ချင်းဆုံတဲ့ အခန်းတွေမှာ အသက်ပါအောင် ကြိုးစားထားပါတယ်တဲ့။
“ထက်ဦးထွဋ္ဋ် ကတော့ အရင်တည်းက ကလေးလဲကလေးဆိုတော့ သူ့ကို မုဒ်ဝင်လာ အောင်မနည်းဆွဲခေါ်ရပါတယ်။ ဒါပေမဲ့သူက လူအေး သမားဆိုတော့ ကျွန်တော်ပြောတဲ့ အတိုင်းလိုက်လုပ်ရင်းအဆင်ပြေသွားပါတယ်။” လို့လဲ ပြောကြားသွားပါတယ်။
မြန်မာပရိတ်သတ်တွေ အနေနဲ့ lgbt ကို လက်ခံနိုင်စွမ်းသိပ်မရှိသေးတဲ့ အတွက်ကြောင့် MTV ထွက်ရှိလာတဲ့ အချိန်မှာ ရရှိလာမယ့် ကောင်းကျိုးဆိုးကျိုးတွေကိုလဲ အကုန်လက်ခံသွားမှာပါလို့ ပြောကြားထားပါသေးတယ်။
“အကောင်းမြင်တဲ့ ပရိတ်သတ်ကလဲ အကောင်းပြောသလို အဆိုးပြောမယ့် ပရိတ်သတ်ကလဲရှိနေပါသေးတယ် ဒီအတွက်ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ် ဒါကို အနုပညာတစ်ရပ်အနေနဲ့ပဲ မြင်ပေးဖို့” ဟုပြောပြီး နိဂုံးချုပ်မေတ္တာရပ်ခံထားပါတယ်။