BEC-TERO TV

ညသန်းခေါင် လန့်နိုးပြီး ခြေလက်လှုပ်ရှား မရဖြစ်တာ ဘာကြောင့်လဲ

09 Oct 2018     1,791 Views


ညကြီးမင်းကြီး ရုတ်တရက် အိပ်ရာမှ လန့်နိုးပြီး လုံးဝအကြောသေနေသလို ဖြစ်ဖူးလား။ ဖြစ်ဖူးတဲ့သူတွေ ဘယ်လောက် အနေရခက်ပြီး ဘယ်လောက်ပဲ ကြိုးစားရုန်းကန် မလှုပ်ရှား၊ စကားမပြောနိုင်ဖြစ်တဲ့ ကြောက်လန့်တကြား ခံစားချက်ကို သိကြမှာပါ။ နောက် ပုံမှန်တိုင်း ပြန်ဖြစ်လာတဲ့အခါ ဒီခံစားချက်က အံ့သြမှု၊ အဖြစ်အပျက်ကို စူးစမ်းချင်စိတ်တွေ ကျန်ရစ်စေပါတယ်။
 
 
အဲဒီအခြေအနေကို အိပ်နေရင်း ခြေလက်တုံ့ဆိုင်းခြင်း (sleep paralysis) လို့ ရည်ညွန်းပြောဆိုကြပြီး တကယ် အလန့်တကြား ဖြစ်စရာလည်း ကောင်းပါတယ်။ တချို့က တစ်စုံတစ်ယောက် လာဖိထားသလို ဒါမှမဟုတ် ကိုယ်ပေါ်လာတက်နေသလိုတောင် ခံစားကြပါတယ်။
 
ဒီဖြစ်ရပ်အပေါ် ရှင်းပြချက် အမျိုးမျိုး ရှိကြပါတယ်။ ဦးနှောက် လှုပ်ရှားမှု အတိရပ်တန့်သွားတာပါလို့ ပြောဆိုသူရှိသလို ဘီလူးသရဲ စီးတာလို့ ပြောသူတွေလည်း ရှိကြတယ်။ တချို့ကိစ္စတွေမှာ ခန္ဓာကိုယ် တုံ့ဆိုင်းမသွားခင်လေးမှာ ကျယ်လောင်တဲ့ ကျကွဲသံ သို့မဟုတ် ပေါက်ကွဲသံ တစ်ခု ရှိခဲ့ပါတယ်။ အဲဒီအချက်က အဖြစ်အပျက်ကို ပိုလို့တောင် ကြောက်လန့်စရာ ဖြစ်သွားစေပါတယ်။
 
ခန္ဓာကိုယ် အိပ်စက်နေတုန်း စိတ်က လန့်နိုးသွားတဲ့ အချက်ကြောင့် ဖြစ်ပြီး အဖြစ်အပျက်ကို အစမှအဆုံး စက္ကန့်အနည်းငယ်မှ အများဆုံး မိနစ်ပိုင်းအထိ ကြာနိုင်ပါတယ်။ ကံအားလျှော်စွာဖြင့် အိပ်စက်နေရင်း တုန့်ဆိုင်းခြင်းဟာ စိုးရိမ်စရာ မဟုတ်ဘဲ အအိပ်ပျက်ခြင်း သို့မဟုတ် ပက်လက်အိပ်ခြင်းကြောင့် ဖြစ်တတ်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။
 
 
 

09 Oct 2018     1,791 Views




RELATED

Most Popular of Special or Others

Most Popular of Life Style