BEC-TERO TV

လိင်တူချစ်သူကို သတ်ပြီး လူသားစားခဲ့သူက တစ်သက်တစ်ကျွန်းမှ လွှတ်ပေးရန်တောင်းဆို

08 Oct 2018     1,743 Views


ဂျာမန်အမျိုးသားတစ်ဦးဟာ သူ့ရဲ့လိင်တူချစ်သူ အမျိုးသားကို သတ်ဖြတ်ကာ လူသားစားခဲ့တဲ့အတွက် တစ်သက်တစ်ကျွန်းကျခံစေရန် အမိန့်ချမှတ်ထားခဲ့ပါတယ်။ ဒီအမှုမှ သူ့ကို ပြစ်ဒဏ်လျှော့ပေါ့ ပြန်လွှတ်ပေးရန် တရားရုံးကို အသနားခံစာတင်ခဲ့ရာ တရားရုံးမှ ပယ်ချခဲ့သည်။
 
 
Meiwes
 
အသက် ၅၆ နှစ်အရွယ် "Meiwes" ဆိုသူက သူ့ရဲ့ လိင်တူချစ်သူ အသက် ၄၃ နှစ်အရွယ် ကွန်ပြူတာပညာရှင် "Bernd Brandes" ကို ၂၀၀၁ ခုနှစ်က သတ်ဖြတ်ခဲ့ပြီး အသားကို ချက်ပြုတ်စားခဲ့ခြင်းဖြစ်သည်။ သေဆုံးခဲ့သူ "Bernd" က အွန်လိုင်းပေါ်မှာ "ကျွန်တော်ကို အရှင်လတ်လတ် စားသုံးပါ" ဟု ခေါင်းစဉ်တပ်ထားတဲ့ ပိုစ့်တစ်ခုကြောင့် သူတို့နှစ်ဦး စတင်ဆုံဆည်းခဲ့ကြသည်။
 
 
Bernd Brandes
 
သူတို့နှစ်ဦးဟာ "Meiwes" ရဲ့ ပစ်ထားတဲ့ လယ်တောအိမ်တစ်လုံးမှာ ချိန်းဆိုတွေ့ခဲ့ကြပြီး လိင်တူခြင်း ဆက်ဆံခဲ့ကြပါတယ်။ "Meiwes" ရဲ့ ထွက်ဆိုချက်အရ "Bernd" ဟာ ဒီလောက်နဲ့ ဆန္ဒမပြည့်ဝသေးပဲ အရှင်လတ်လတ် လူသားစားချင်တဲ့ ဆန္ဒပြင်းပျနေခဲ့ပါတယ်။ အဲဒီနောက် "Bernd" က အိမ်ဆေး အလုံး ၂၀ ကိုသောက်ပြီးနောက် သူ့ရဲ့ ယောက်ျားအင်္ဂါကို "Meiwes" ကို သူ့သဘောနဲ့သူ "Meiwes" ကို ဖြတ်ခိုင်းကာ ကြော်ပြီး နှစ်ယောက်သား စားခဲ့ကြပါတယ်။
 
 
အဲဒီနောက် "Meiwes"  က သူ့ကို ရေချိုးပေးပြီး ၁၅ မိနစ်တစ်ခါလောက် အခြေအနေကြည့်နေခဲ့ပါတယ်။ နံနက်လင်းအားကြီး အချိန်ရောက်တဲ့အခါမှာ "Meiwes" က "Bernd" ရဲ့ လည်ပင်းကို ဓါးနဲ့ထိုးသတ်ပြီး အစိတ်စိတ်ခုတ်ပိုင်းခဲ့ပါတယ်။ အဲဒီနောက် ရေခဲသေတ္တာထဲမှာ ခဲထားပါတယ်။ သူ့ရဲ့ဦးခေါင်းကိုတော့ ခြံထဲမှာပဲ မြေမြုတ်ခဲ့တယ်လို့ ဆိုပါတယ်။
"Meiwes" က သတ်ဖြတ်မှုဖြစ်စဉ် အစဆုံးကို ဗီဒီယိုရိုက်ထားခဲ့ပြီး အမှုစစ်ချိန်မှာ တရားရုံက သက်သေအဖြစ် ပြန်လည်အသုံးပြုခဲ့ပါတယ်။
 
၂၀၁၆ ခုနှစ်က သူနဲ့ အင်တာဗျူးမှာ -
"အကောင်းဆုံး ညစာစားဖို့ ကျွန်တော်ရဲ့ ထမင်းစားစားပွဲကို ဖယောင်းတိုင်တွေနဲ့ အလှဆင်ထားတယ်၊ သူ့ရဲ့ ကျောသားပြား တစ်ချပ်ကို ကြော်လိုက်ပြီး အာလူးနဲ့ အညွှန့်အညှောက်လေးတွေနဲ့ ရံထားလိုက်တယ်"
"ပထမဦးဆုံး တစ်ကိုက်က အရမ်းကို ထူးခြားသလိုခံစားလိုက်ရတယ်၊ အဲဒီခံစားချက်က ဘယ်လိုပြောပြရမှန်းတောင်မသိဘူး၊ အသက် ၄၀ ကျော်လာမှပဲ တစ်သက်လုံး ဖြစ်ချင်ခဲ့တဲ့ အိမ်မက်ဆန္ဒက ပြည့်စုံသွားတယ်၊ အသားက ဝက်သားလိုပဲ ဒါပေမယ့် အရသာကတော့ ဝက်သားထက် အပုံကြီးကောင်းတာပေါ့" ဟု ဖြေကြားခဲ့ပါတယ်။
 
"Meiwes" ၅ နှစ်သားအရွယ်မှာ ဖခင်က မိသားစုကို ပစ်သွားခဲ့တာကြောင့် ဒီလိုဖြစ်ရတာဟာ ဖခင်ကြောင့်လို့ အပြစ်ဖို့ခဲ့ပါတယ်။ သိပ်မကြာမီမှာလည်း သူရဲ့ အစ်ကိုနှစ်ယောက်က သူတို့သားအမိကို ထားသွားခဲ့ပြန်ပါတယ်။ မိခင်ကွယ်လွန်ပြီးနောက်ပိုင်း "Meiwes" က အွန်လိုင်းပေါ်မှာ လူသားစားတဲ့အကြောင်းတွေနောက်ပဲ လိုက်ပြီး အစားခံဖို့ စတေးတဲ့ လူတွေကို လိုက်ရှာနေခဲ့ပါတယ်။ အဲဒီအချိန်မှာ "Bernd" နဲ့ ဆုံဆည်းခဲ့တာဖြစ်ပါတယ်။
 
"Meiwes" ဟာ ဂျာမဏီမှာ လိင်အလိုဆန္ဒငှာ လူသတ်မှု လူသားစားမှုတို့နဲ့ ပထမဦးဆုံး အရေးယူအပြစ်ပေးခံရသူဖြစ်လာပါတယ်။  သေဆုံးခဲ့သူဟာ သူ့ရဲ့ဆန္ဒအလျှောက် လာစတေးသွားတဲ့အတွက် ဒါဟာ ကောင်းမွန်သော သေဆုံးခြင်းဖြစ်တယ် ဒါကြောင့်မို့ ယခုအမှုကို သနားညှာတာမှုအပြည့်နဲ့ သတ်ဖြတ်ခဲ့ခြင်းအဖြစ် သတ်မှတ်ပေးရန် စောဒကတက်ခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့ပါတယ်။ ထောင်ထဲမှာ ပြစ်ဒဏ်ကျခံနေရတဲ့ "Meiwes" ဟာ အခုဆိုရင် သတ်သတ်လွတ် စားသူတစ်ယောက်ဖြစ်နေပြီဖြစ်ကြောင်း သိရှိရသည်။

08 Oct 2018     1,743 Views




RELATED

Most Popular of Special or Others

Most Popular of NEWS