BEC-TERO TV

မင်းသွေးရဲ့နောက်ဆုံးခရီးစဉ်ကိုကြည့်ရင်း ဖြေဆည်မရနိုင်အောင်ပူဆွေးနေတဲ့ မိခင်ဖြစ်သူနဲ့ နေတိုး

07 Oct 2018     1,869 Views


နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် မင်းသားနေတိုးရဲ့ ညီလို့အများကသိထားကြတဲ့ ရုပ်ရှင်သရုပ်ဆောင် အဆိုတော်တစ်ဦးဖြစ်တဲ့ မင်းသွေး (ခ) နေမင်းအောင်ကတော့ အောက်တိုဘာ (၃) ရက်နေ့ညက ဘောလုံးကစားရင်း ရုတ်တရက်နှလုံးအမောဖောက်ကာ  ည (၁၁:၂၀) နာရီအချိန်တွင် ကွယ်လွန်သွားတာဖြစ်ပါတယ်။ မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရတဲ့ မင်းသွေးရဲ့ သေဆုံးမှုကြောင့် အနုပညာအသိုင်းအ၀ိုင်းက ညီအစ်ကို မောင်နှမများသာမက၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများအပြင် မြန်မာတစ်နိုင်ငံလုံးမှာ ပရိသတ်တိုင်း ၀မ်းနည်းပူဆွေးကာ အရမ်းကိုစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

လူ့လောကကြီးထဲက အပြီးတိုင်ထွက်ခွာသွားပြီဖြစ်တဲ့ မင်းသွေးရဲ့ရုပ်အလောင်းကိုတော့ (၅) ရက်တိုင်ထားရှိခဲ့ကာ ယနေ့ အောက်တိုဘာလ (၇) ရက်နေ့မှာတော့ ရေဝေးသုသာန်တွင် နံနက် (၆) နာရီခွဲအချိန်မှာ မီးသဂြိုလ်ခဲ့တာဖြစ်ပါတယ်။ မင်းသွေးရဲ့နောက်ဆုံးခရီးစဉ်ကတော့ လိုက်ပါပို့ဆောင်သူတွေစည်ကားသိုက်မြိုက်နေပေမယ့် အားလုံးရဲ့ရင်ထဲမှာတော့ ၀မ်းနည်းပူဆွေးတွေက ကြီးစိုး လို့နေကြပါတယ်။ ထိုထဲတွင်တော့ သားငယ်တစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့ မင်းသွေးရဲ့မိခင်နဲ့ အစ်ကိုဖြစ်သူနေတိုးတို့ရဲ့ ပူဆွေးမှုကတော့ မြင်ရသူတိုင်းကို မျက်ရည်မခိုင်အောင် ရင်ထဲဆို့နင့်သွားစေမှာ အမှန်ပါပဲနော်…

မင်းသွေးရဲ့နောက်ဆုံးခရီးစဉ်ပုံရိပ်များကို သရုပ်ဆောင်ဝေဠုကျော်မှ သူ့ရဲ့လူမှုကွန်ယက်ကနေ မျှဝေထားပါတယ်။ သားတစ်ယောက်ကို ဆုံးရှုံးရတဲ့ မိခင်တစ်ယောက်ရဲ့ခံစားချက်ကတော့ ဘာနဲ့မှကို နှိုင်းယှဉ်လို့မရအောင် ရင်ကွဲဖွယ်ရာပါပဲနော်။ အစ်ကိုဖြစ်သူနေတိုးတစ်ယောက်လဲ ညီငယ်လေးရဲ့နောက်ဆုံးခရီးစဉ်ကိုကြည့်ရင်း ၀မ်းနည်းပူဆွေးမှုတွေဖြစ်နေပေမယ့် မျက်ရည်မကျအောင်ထိန်းရင်း အားတင်းထားတဲ့ပုံရိပ်တွေကတော့ ကြည့်မိသူတိုင်းအတွက် ကြေကွဲဆို့နင့်ဖွယ်ကောင်းလှပါတယ်။ ပရိသတ်တွေအတွက် မင်းသွေးရဲ့နောက်ဆုံးခရီးစဉ်ပုံရိပ်တွေကို စိတ်မကောင်းခြင်းများစွာနဲ့ ဖော်ပြပေးလိုက်ပါတယ်...

Popolay အဖွဲ့သားများမှလဲ မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲရသလို မင်းသွေးတစ်ယောက် ကောင်းရာမွန်ရာကို ရောက်ပါစေလို့လဲ ဆုတောင်းပြုလိုက်ပါတယ်...

 

 


07 Oct 2018     1,869 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS