ဗိုက်ဆာတဲ့အခါ လူတွေ ဘာကြာင့် ဒေါသထွက်လေ့ရှိတာလဲ ..?
05 Oct 2018 1,533 Views
IFL Science ၀က်ဘ်ဆိုဒ်မှာ ဆေးသုတေသနပညာရှင် Amanda Salis က လူတွေ ဗိုက်ဆာရင် ဘာလို ဒေါသထွက်လာလဲဆိုတာကို သိပ္ပံနည်းကျရှင်းပြခဲ့ပါတယ်။ နာရီ အတော်ကြာ ဘာမှမစားထားတဲ့ လူတစ်ယောက်ဟာ ဘာလို့ ဒေါသနဲ့ ပြုမူတတ်လေ့ ရှိလဲဆိုတာ သိပ္ပံနည်းကျ အကြောင်းပြချက်ရှိပါတယ်။
ဇီဝကမ္မဆိုင်ရာအဖြေကတော့ ဂလူးကို့ စ်ချို့ တဲ့ခြင်းကြောင့်ပါ။ စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ပါတဲ့ ကာဗွန်ဟိုက်ဒရိတ်စ်၊ ပရိုတင်းနဲ့ အဆီ တွေဟာ အစာခြေဖျက်ပြီးနောက် ဂလူးကို့စ်၊ အမီနိုအက်ဆစ် နဲ အဆီမပါတဲ့ အက်ဆစ်ဓာတ်တွေ အဖြစ် ပြောင်းလဲသွားပြီး သွေးကြောတွေကနေ တစ်ဆင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ တစ်သျှူးတွေဆီ ပို့ ဆောင်ပေးပါတယ်။ ဒါဟာ ကျွန်တော်တို့ ခန္ဓာကိုယ် လိုအပ်တဲ့စွမ်းအင်ရရှိတာပါ။
Salis ရဲ့ ပြောပြချက်အရ ဦးနှောက်ဟာ ဂလူးကို့ စ်ကို အဓိက အားထားရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့်မို့ လို့ သင့်ရဲ့ သွေးထဲမှာ ဂလူးကို့ စ်ပါဝင်မှု အရမ်း ကျဆင်းသွားမယ်ဆိုရင် ဦးနှောက်က ဒီအခြေအနေကို အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေလို့  မှတ်ယူလိုက်ပါတယ်။ ရိုးရှင်းတဲ့ အပြုအမူလေးတွေနဲ့ လူ့ ယဉ်ကျေးမှုနဲ့ အညီ တုံ့ ပြန်ပြုမူရာမှာ အာရုံစိုက်နိုင်စွမ်း မရှိတော့ဘဲ ဒေါသထွက်လာရတာ ဖြစ်ပါတယ်။
နောက်ထပ် ခန္ဓာဗေဒဆိုင်ရာအချက် တစ်ချက်ရှိပါသေးတယ်။ ဂလူးကို့စ် ပြတ်တောက်မှုကို တုံ့ ပြန်ထိန်းညှိမှု လို့ ခေါ်ပါတယ်။ ဂလူးကို့ စ် နည်းပါးသွားတဲ့ အခါ ခန္ဓာကိုယ်ကနေ ဟော်မုန်းဓာတ်လေးခုကို ထုတ်ပေးလိုက်ပါတယ်။ ဦးနှောက်ကနေ အကူအညီတောင်းခံချက်ကို ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ ပို လွှတ်လိုက်ရာမှာ ဦးနှောက်ပစ်ကျူထရီဂလင်းကနေ ကြီးထွားမှုဟော်မုန်း၊ ပန်ဂရိကက ထုတ်ပေးတဲ့ ဂလူးကာဂွန်ဟော်မုန်း၊ အဒရီနလင် နဲ့ ကော်တီဇုန်း ဟော်မုန်းတို့ ထွက်လာပါတယ်။
ဒီဟော်မုန်းတွေက ဂလူးကို့ စ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့် အဒရီနလင် နဲ ကော်တီဇုန်းဟော်မုန်းတို့ ဟာ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေဖြစ်တဲ့အတွက်ကြောင့် ပြင်ပအပြုအမူတစ်ခုကို ရင်ဆိုင်ရရင် ခန္ဓာကိုယ်က ဒေါသနဲ့  အလိုအလျောက်တုံ့ ပြန်တတ်တာ ဖြစ်ပါတယ်။
ဒါကြောင့် သင်ဟာ နေရင်းထိုင်ရင်းတစ်ခုခုကို စိတ်အလိုမကျဖြစ်တာတို့ တုံ့ ပြန်ပြုမူပုံတွေ ဆိုးရွားနေပြီဆိုရင် အစာတစ်ခုခုလောက် စားလိုက်ဖို့ အကြံပေးပါရစေ။ ဒါပေမယ့် အဆာပြေအစားအစာတွေဖြစ်တဲ့ အာလူးကြော် တို့ ချောကလက်တို့ ကိုတော့ ရှောင်ပေးပါ။ ဒီအစားအစာတွေက သွေးတွင်းဂလူးကို့ စ် ပါဝင်မှုကို မြန်မြန်တက်စေနိုင်တယ်ဆိုပေမယ့် အကျလည်း မြန်လို လည်းဖြစ်ပါတယ်။