BEC-TERO TV

လီဗာပူးလ် နောက်ခံလူဟောင်း ဂျေမီကာရေဂါ၏ သုံးသပ်ချက်

05 Oct 2018     1,724 Views


ဒီတစ်ပါတ် တနင်္ဂနွေမှာ အကျိတ်အနယ် ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ လီဗာပူးလ်အသင်းနှင့် မန်စီးတီး အသင်း ဘယ်သူကအနိုင်ရသွားမလဲဆိုတာ ဂျေမီကာရေဂါ ကအခုလို သုံးသပ်ပြောကြားခဲ့ပါတယ်။

ဒီနှစ်သင်းက လက်ရှိမှာ ကိုယ်စီ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ပြီး အမှတ်တူ နဲ့ ပရီးမီးယာလိဂ် ဖယားထိပ်ပိုင်း မှာရပ်တည်နေကြတာပါ။ လီဗာပူးလ်နိုင်ခဲ့ရင်ပဲဖြစ်ဖြစ် ၊မန်စီးတီး နိုင်ခဲ့ရင်ပဲဖြစ်ဖြစ် အမှတ်ကွာခြားမှုနဲ့ ဇယားထိပ်ပိုင်းကိုဦးဆောင်နိုင်မှာပါ။ လီဗာပူးလ် အသင်း အန်ဖီးလ် မှာအကောင်းဆုံး ကစားနိုင်မလား ဆိုတာ ပဲမေးခွန်းထုတ်ရမှာပါ ၊ အခုချိန်မှာတာ့ မန်စီးတီးအသင်းက အရံလူစာရင်းတောင့်တင်း တာကြောင့် အနိင်ရဖို့ခက်ခဲ့မှာပါ ။ ဘာပဲဖြစ်ဖြစ် လီဗာပူးလ် အသင်း ဇယားထိပ်မှာ ရပ်တည်ဖို့ဆိုရင် လက်ရှိချန်ပီယံ မန်စီးတီး အသင်းကို အနိုင်ယူပြမှ ရမှာပါ။

လီဗာပူးလ်အသင်းက မန်စီးတီး အသင်းကိုနောက်ဆုံးတွေ့ဆုံမှု ၄ ကြိမ်မှာ ၃ ကြိမ်အထိ အနိုင်ယူထားနိုင်ခဲ့ပြီး မနှစ်က ချန်ပီယံလိဂ် ကွားတာဖိုင်နယ်မှာ နှစ်ကျော့ပေါင်း ၅- ၀ဖြင့် ဖြုတ်ချထားနိုင်ခဲ့တာဖြစ်ပါတယ် ။

ယခုတစ်ပါတ် တနင်္ဂနွေညမှာ ဘယ်အသင်းကအနိုင်  ၃ မှတ်ရယူသွားမလဲဆိုတာတော့ ရင်ခုန်စွာစောင့်ကြည့်သွားရမယ်ဖြစ်ပါတယ်။


05 Oct 2018     1,724 Views




RELATED

Most Popular of Football

Most Popular of Sport