ကစားကွင်းမှာ အသက်ဘေးမှ သီသီလေးလွတ်ခဲ့သူ(ရုပ်သံ)
05 Oct 2018 1,393 Views
စိတ်လှုပ်ရှားရင်ခုန်စရာကစားနည်းတွေကိုမှ ကစားချင်သူတွေအတွက် တရုပ်နိုင်ငံမှာရှိတဲ့ Wansheng Ordovician Theme Park မှာ စွန့်စွန်းစားစား ကစားနည်းတွေများစွာရှိပါတယ်။ ဒါပေမယ့် ဒီကစားနည်းတွေက အခန့်မသင့် ကံမကာင်းရင်တော့ ကိုယ့်ရဲ့ အသက်ကိုပါ ပေးလိုက်ရနိုင်ပါတယ်။
အဆိုပါ စွန့်စွန်းစားစား ကစားကွင်းမှာ မီတာ ၁၅၀ အမြင့်ရှိတဲ့ နေရာနှစ်ခုကို နင်ဂျာဝါရီယာ ကစားနည်းထဲကလို ကြမ်းခင်းပြား ခပ်ကြဲကြဲထိုးတားတဲ့ တံတားပေါ်ကနေ တစ်ဖက်နဲ့တစ်ဖက် ခုန်ပြီးကူးရတဲ့ ကစားနည်းလည်း ရှိပါတယ်။ ကစားသူတွေဟာ အသက်ကယ်ကြိုးကို ခန္ဓာကိုယ်မှာချိပ်ထားပြီး ဒီတံတားကို အသွားအပြန် ခုန်းကူးရတာဖြစ်ပါတယ်၊ တော်ရုံ သတ္တိနဲ့တော့ မလွယ်ပါဘူး။
အောက်တိုဘာလ ၁ ရက်နေ့က အဆိုပါတံတားကို ခုန်ပြီးကူးခဲ့တဲ့ ဧည်သည့်တစ်ယောက်ဟာ တံတားရဲ့ တစ်ဖက်ကို ရောက်ဖို့ နောက်ဆုံး ကြမ်းခင်းမှာ သူ့ရဲ့ အသက်ကယ်ကြိုး ပြုတ်ထွက်သွားပါတယ်။ ကံကောင်းခဲ့တာကတော့ သူဟာ တံတားရဲ့ တစ်ဖက်ကို ပြန်ကူးမလာခင်မှာ အသက်ကယ်လုံခြုံးရေးကြိုး ပြုတ်နေတာကို သတိထားမိသွားတာပဲဖြစ်ပါတယ်။ အကယ်၍ သတိမထားမိပဲ ဇောနဲ့ ချက်ချင်းပြန်ခုန်ကူးလာရင် သူ့အတွက် အသက် အန္တရာယ်က ၉၉% ရှိမှာ သေချာပါတယ်။
အဆိုပါဖြစ်စဉ် ရုပ်သံအွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူများ ဒေါသထွက်ခဲ့ကြပြီး အောက်တိုဘာ ၄ ရက်နေ့မှာတော့ အာဏာပိုင်တွေက အဆိုပါကစားကွင်းနေရာကို ခတ္တပိတ်ထားခဲ့ပြီး ဂရုမထားမှု လစ်လျူရှုမှုတွေနဲ့ စစ်ဆေးအရေးယူနေပြီဖြစ်ပါတယ်။
Wansheng Ordovician Theme Park မှာ ချောက်ကမ်းပါးစွန်းမှာ ဆောက်ထားတဲ့ မှန်သားတံတား၊ ချောက်ကမ်းပါးပေါ်မှာ ဒန်းစီးတဲ့ စွန့်စားကစားနည်းများလည်းပါရှိပါတယ်။
ဒီတံတားမှာ ကစားကြတဲ့ ရုပ်သံတွေကိုလည်း ရှုစားကြည့်ပါဦး..။