BEC-TERO TV

အရုပ်မများနဲ့လိင်ပျော်ပါးနိုင်သောဂေဟာ ရုရှားတွင် စတင်ဖွင့်လှစ်

04 Oct 2018     6,558 Views


အာရုံခံစနစ်များပါရှိကာ လူသားအမျိုးသမီးများသဖွယ် ပြန်လည်တုံပြန်နိုင်သည့် အရုပ်များနဲ့ လိင်ပျော်ပါးနိုင်သော နေရာတစ်ခုကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပထမဦးဆုံး စတင်ဖွင့်လှစ်လိုက်ပြီး စိတ်ဖိစီးမှုများနေသော အလုပ်သမားများနဲ့ စွန့်ဦးတီထွင်သမားတို့ကို စိတ်ထွက်ပေါက်အဖြစ် အထောက်အပံ့ဖြစ်စေရန် ရည်ရွည်ကြောင်း သိရှိရသည်။
 
 
LumiDolls ကုမ္ပဏီက ယင်းကဲ့သို့သော အလားတူဂေဟာများကို ဂျာမဏီ၊ စပိန်၊ သြစတီးယားနဲ့ အီတလီနိုင်ငံတို့မှာ ဖွင့်ထားခဲ့ပြီးဖြစ်ကာ မကြာမီ တက္ကဆက်ပြည်နယ် ဟောက်စ်တန်တွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။ တစ်နာရီလျှင် စတာလင်ပေါင် ၈၀ (ကျပ် ၁ သိန်း ၆ သောင်းခန့်) ဖြင့် အရုပ်မများဖြင့် ပျော်ပါးနိုင်သော ဂေဟာကို ရုရှားနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် မော်စကိုမှာ စတင်အခြေစိုက် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
 
 
"Emma" ဟု အမည်ပေးထားသည့် အမျိုးသမီးအရုပ်မှာ အရပ် ၅ ပေ ၄ လက္မ၊ အလေးချိန် ၃၅ ကီလိုရှိပြီး အပူချိန်ကို အာရုံခံနိုင်စွမ်းရှိပြီး သူမကို ထိလိုက်တာနဲ့ ပုရိသတို့ကို စွဲမက်သွားစေမယ့် အကြည့်မျိုးနဲ့ တုံ့ပြန်မှာဖြစ်ပါတယ်။ မျက်လုံးလေးများ ပုပ်ခတ် ပုပ်ခတ် လုပ်နိုင်သလို ဘာသာစကားနှစ်မျိုး (အင်္ဂလိပ်၊ တရုပ်) ပြောနိုင်ပြီး လိင်စိတ်ပြင်းပျစေတဲ့ စကားတွေလည်း ပြောနိုင်ပါတယ်။
LumiDolls ကုမ္ပဏီက ဒီထက်ပိုပြီး စွမ်းဆောင်ရည်ရှိတဲ့ အရုပ်မျိုးတွေကိုလည်း အဆိုပါဂေဟာမှာ ထားပေးထားပါတယ်၊ အဲဒီအရုပ်တွေကတော့ အချိုးအဆစ်တွေအားလုံး လှုပ်ရှားနိုင်ပြီး ဧည့်သည်ရဲ့ စိတ်တိုင်းကျ စွမ်းဆောင်နိုင်တယ်လို့ဆိုပါတယ်။
 
 
LumiDolls ကုမ္ပဏီ အနေနဲ့ အချို့မြို့တွေမှာ ဒီလိုဂေဟာတွေဖွင့်တာကို အာဏာပိုင်တွေ ဘာသာရေးအဖွဲ့အစည်းတွေက တားမြစ်တာမျိုးတွေ ကြုံနေရပါတယ်။ ဒါပေမယ်လည်း အခုလိုလိင်ဖျော်ဖြေရေးလုပ်ငန်း အဝန်းအဝိုင်းထဲမှာတော့ အရုပ်တွေနဲ့ လိင်ဆက်ဆံတဲ့ အုပ်စုတွေ တိုးပွားနေပြီး သူတို့တွေကလည်း ပိုပြီးအဆင့်မြင့်တဲ့ အရုပ်တွေကို တောင်းတနေကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
 
 
အလားတူဂေဟာ ဖွင့်ထားတဲ့ Evelyn Schwarz ဆိုသူက ဂေဟာမှဦလာပျော်ပါးသူတွေဟာ သူတို့ရဲ့ ဆန္ဒကိုတောင် မထိန်းသိမ်းနိုင်လောက်အောင် အရုပ်တွေပေါ် စွဲလန်းနေပြီး တစ်ခါတစ်ရံ သူတို့က အထဲမှာ အရုပ်မတွေနဲ့ ပျော်ပါးနေစဉ် သူတို့ရဲ့ ဇနီးသည်တွေက ကားပေါ်ကနေ ထိုင်စောင့်ပေးနေရတာတွေတောင်ရှိတယ်လို့ ဆိုပါတယ်။
 
လက်ရှိ မော်စကိုမှာ ဖွင့်လှစ်ခဲ့တဲ့ ဂေဟာအသစ်ဟာ အရုပ်ချစ်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယူဆကြောင်း ဖော်ပြထားပါတယ်။

04 Oct 2018     6,558 Views




RELATED

Most Popular of Special or Others

Most Popular of NEWS