BEC-TERO TV

နာပိုလီနောက်တန်းကို ချီးကျူးသွားတဲ့ လီဗာပူးလ်နည်းပြ ကလော့

04 Oct 2018     1,497 Views


မနေ့ညက ချန်ပီယံလိဂ်အုပ်စု (c) ပွဲစဉ်မှာ နာပိုလီအသင်းက လီဗာပူးလ် အသင်းကို ၁ ဂိုး ၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။ဒီရာသီ ခြေစွာနေသည် လီဗာပူးလ် ပထမဆုံး အဝေးကွင်းရှုံးနိမ်ခဲ့ခြင်းဖြစ်ပြီး ထူးခြားတာ က ဂိုးပေါက်တစ်ကြိမ် မှ တည့်အောင် မကန်နိုင်ခဲ့ခြင်းမရှိပါဘူး။ နာပိုလီ အသင်းက အစ်ဆစ်နီ ၊ မီလစ် ၊ ဟန်ဆစ် တို့နဲ စီနီယာ ကစားသမားအများစုနှင့် ပွဲထွက်လာခဲ့ပြီး လီဗာပူးလ် အသင်းကတော့ ဒီရာသီ ခြေစွမ်းပြနေတဲ့ တိုက်စစ်အတွဲ ဆာလတ် ၊ မာနေး ၊ ဖာမီနို တို့ဦးဆောင် ပွဲထွက်လာခဲ့ပါတယ်။ နှစ်ဖက်လုံး တိုက်စစ်ဆင်မှုတွေက အရာရောက်ခဲ့ခြင်းမရှိဘဲ ပြီးခါနီး မိနစ် ၉၀ (အချိန်ပို )အရောက် နာပိုလီ ကစားသမား အစ်ဆစ်နီ ၏ တစ်လုံးတည်းသော ဂိုးဖြင့် နာပိုလီ အသင်းက အနိုင်ရရှိခဲ့ပါတယ်။

ရှုံးနိမ်မှုနှင့် ပါတ်သတ်ပြီး ကလော့ က  “နောက်ဆုံး မိနစ်မှာ ဘာတွေဖြစ်သွားလဲ ဆိုတာ ကျွန်တော်မသိပါဘူး ၊ကျွန်တော်တို့ ပွဲစဉ်တစ်လျောက် အကာင်းဆုံးကစားနိုင်ခဲ့ကြပြီး ဂိုးပေါက်ကျ တစ်ကြိမ် မှ တည့်အောင် မကန်နိုင်ခဲ့ပါဘူး ၊  ပွဲပြီးဆုံးဖို့ စက္ကန့် ၃၀ အလို မှာ အစ်ဆစ်နီ ဂိုးကိုခွင့်ပြုပေးခဲ့ရပါတယ်။ နာပိုလီ အသင်းနောက်တန်းကို ချီကျူးသွားခဲ့ပြီး သူတို့အသင်းအနိုင် သုံးမှတ်နှင့် ထိုက်တန်ကြောင်း ” ပြောကြားခဲ့ပါတယ်။

လီဗာပူးလ် အသင်းဟာ အလားတူဖြစ်ရပ်မျိုးကို ၂၀၀၆ ခုနှစ်က ဘင်ဖီကာ အသင်းကို ၁ - ၀ဖြင့်ရှုံးနိမ်ခဲ့ဖူးပြီး ဂိုးပေါက်တစ်ကြိမ်မှ တည့်အောင်ကန်နိုင်ခဲ့ခြင်းမရှိပါဘူး။

မနေ့ညက နာပိုလီနှင့် ချန်ပီယံလိဂ် ပွဲစဉ်မှာ လီဗာပူးလ် ကွင်လယ်ကစားသမား နာဘီ ကီတာ ပွဲချိန် ၁၉ မိနစ် မှာ ဒဏ်ရာရရှိခဲ့ပြီး ဟန်ဒါဆန် နဲ့ လူစားလဲခဲ့ရပါတယ်။ နာဘီ ကီတာ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွ့မှာ လိုက်ဇစ်အသင်းမှ ပြောင်းရွေ့ကြေး ယူရို ၄၈ သန်းဖြင့် ရောက်ရှိလာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ကလပ်ရဲ တရားဝင် ဝက်ဆိုက်မှာတော့ ဘယ်လောက်အထိအနာယူရမလဲ ၊ ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားခဲခြင်းမရှိသေးပါဘူး။

မနေ့ညက ယှဉ်ပြိုင်းကစားခဲကြသည့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်ရလဒ်များ

လိုကိုမိုးတစ်  ၀ - ၁ ရှော့ကေး

ပီအက်စ်ဂျီ  ၆ -  ၁  ရက်စတား ဘေးလ်ဂရိတ်

နာပိုလီ ၁  -  ၁ လီဗာပူးလ်

ပေါ်တို ၁ - ၀ ဂါလာတာစာရေး

PSV  ၁ - ၂ အင်တာမီလန်

ဒေါ့မွန်  ၃ - ၀ မိုနာကို

တော့တင်ဟမ် ၂ - ၄ ဘာစီလိုနာ

 


04 Oct 2018     1,497 Views




RELATED

Most Popular of Football

Most Popular of Sport