BEC-TERO TV

အခွန်ရှောင်သည့် အတွက်အစိုးရကို ဒဏ်ငွေဆောင်ရမည့်  ဖန်ဘင်းဘင်း

04 Oct 2018     1,506 Views


ကမ္ဘာကျော်သရုပ်ဆောင် မင်းသမီး ဖန်ဘင်းဘင်းဟာ ပြီးခဲ့တဲ့လက တရုတ်အစိုးရကို အခွန်ရှောင်မှု နဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရပါတယ်။ သူမဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး သူမဘယ်မှာလဲဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး။

သူမလို ဇာတ်ကားတစ်ကားကိုသန်းနဲ့ချီပြီးရနေတဲ့ မင်းသမီးတစ်ယောက်က

အခွန်မဆောင်နိုင်လို့ ထွက်ပြေးတိမ်းရှောင်တယ်ဆိုတာ အင်မတန်မှအံ့အားသင့်စရာပါပဲ။ သူမရဲ့ ပရိတ်သတ်တချို့က သူမကို အမေရိကန်နိုင်ငံမှာ လော့စ်အိန်ဂျလိစ် မှာမြင်ခဲ့တယ်လို့လဲပြောကြပါတယ်။

ဘင်းဘင်းဟာ သူမရဲ့ အခွန်ရှောင် ပြဿနာများကို ဖြေရှင်းဖို့အတွက် ကမ္ဘာကျော်စတန့်မင်းသားဖြစ်တဲ့ ဂျက်ကီချန်းရဲ့ အကြံဥာဏ်များကိုတောင်းဆိုရန် လော့စ်အိန်ဂျလိစ်သို့သွားရောက်ခဲ့တယ်လို့လဲ သတင်းများကထွက်ပေါ်နေပါတယ်။

သူမဟာ တရုတ်နိုင်ငံမှာသာမက ဟောလိဝုဒ်မှာပါအောင်မြင်ကျော်ကြားတာမို့ သူမ အမေရိက ရောက်နေတယ်ဆိုတာ ဖြစ်နိုင်ခြေရှိတယ် လို့သတင်းမီဒီယာများကလဲ ပြောကြပါတယ်။ တကယ်တော့ သူမဘယ်ကိုမှ ရောက်မနေပါဘူး။ သူမနေအိမ်မှာပဲရှိနေခဲ့ပါတယ်။ တရုတ်အစိုးရက သူမကိုအခွန်ရှောင်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ဆက်လက်ညှိနှိုင်းဖို့အတွက် နေအိမ်အကျယ်ချုပ်သဘောအနေနဲ့ ဖမ်းချုပ်ထားတယ်လို့ သိရပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၃ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရဟာ မင်းသမီးဖန်ဘင်းဘင်းကို အခွန်ရှောင်တဲ့အတွက် ဒဏ်ကြေးငွေ ဒေါ်လာသန်းပေါင်း ၃၆၀ ပေးဆောင်ရန်တရားဝင်အမိန့် ထုတ်ပြန်လိုက်ပါတယ်။

တရုတ်ပြည်မှာ ဒီလိုမျိုးအခွန်ရှောင်ပြီး အလုပ်လုပ်နေကြတဲ့ နာမည်ကြီးအနုပညာရှင်တွေ ဒုနဲ့ဒေးပါ။ တရုတ်အစိုးရအနေနဲ့ ဒီလိုမျိုး ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ခြင်းဟာ နောက်ထပ် တခြားအနုပညာရှင်တွေ အလားတူ အခွန်ရှောင်မှုမျိုးကို မပြုလုပ်မိအောင် သတိပေးခြင်းဖြစ်တယ်ဟု တရုတ်မီဒီယာဝက်ဘ်ဆိုဒ်တွေမှာဖော်ပြထားပါတယ်။

ဖန်ဘင်းဘင်းလိုမင်းသမီး မျိုးဟာ တရုတ်နိုင်ငံမှာဆိုရင် လူအများက လေးစားတန်ဖိုးထားပြီး စံနမူနာထားရတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမလို လူမျိုးကို အချုပ်ထဲမထည့်တာပဲ ကျေးဇူးတင်ရမယ်လို့ ဖန်ဘင်းဘင်းရဲ့ ပရိတ်သတ်တစ်ဦးက သူ့ရဲ့ weibo အကောင့်မှာတင်ခဲ့ပါတယ်။

သူမအနေနဲ့ ဒီလို ဒဏ်ကြေးငွေမဆောင်ပဲဆက်လက် ရှောင်တိမ်းနေမယ်ဆိုရင် သူမရဲ့ အနုပညာအလုပ်များကို ထိခိုက်နိုင်ပါတယ်။ သူမ အနုပညာ လောကထဲ ခြေမချနိုင်အောင် တရုတ်အစိုးရကလုပ်ပစ်လို့ရတယ်လို့ ပရိတ်သတ်များက ထင်ကြေးပေးနေကြပါတယ်။

ပရိတ်သတ်တွေ အံ့သြနေတာကတော့ သူမရဲ့ သတို့သားလောင်းဖြစ်တဲ့ မင်းသား လီချန်းဟာ ဒီကိစ္စမှာဘာမှပါဝင်ပတ်သတ်ခြင်းမရှိပဲ ငြိမ်ချက်သားကောင်းနေတာပါပဲ။ လီချန်းရဲ့ပရိတ်သတ်များကလဲ ဖန်ဘင်းဘင်း အမှုကိစ္စဟာ လီချန်းရဲ့ အလုပ်ကို ထိခိုက်စေမှာကို စိုးရိမ်နေကြပါတယ်။


04 Oct 2018     1,506 Views




RELATED

Most Popular of Special or Others

Most Popular of NEWS