ဆံပင်ပျက်စီးမှုလိုက် ဂရုပြုရမည့်နည်းလမ်း
03 Aug 2015 1,575 Views
ဆံပင်ရုတ်တရက် ကျွတ်တာ ဆံပင်တွေနည်းပါနေတာဟာ လွန်ခဲ့သော ၃လလောက်ကကိုယ်ရဲ့ ဘ၀နေထိုင်စားသောက်ပုံနဲ့ ဆက်စပ်နေပါတယ်။ အရင်၃လလောက်က စိတ်ဖိစီးမှု ၊ ကျန်းမာရေးပြသနာ ၊ ဆေးဝါးသောက်သုံး ခဲ့ရတာ တွေအပေါ်မူတည်ပြီးတော့ ဆံပင်ကျွတ်တာ ၊ ပါးတာတွေဖြစ်နိုင်ပါတယ်။
ထိုနောက်သိုင်းရိုက်စ် ဟော်မုန်းမမျှတတာ ၊ ဆီးချို သွေးချို ရောဂါ ၊ သွေးတွင်းသကြားဓာတ်ကျဆင်းတာ လူတို့ကျန်းမာရေးအခြေအနေနဲ့လည်းစပ်ဆက်နေပါတယ်။ ထို့ပြင်အာဟာရဓာတ် ချို့တဲ့မှုတွေကြောင့်လည်းဆံပင်ကျွတ်နိုင်ပါတယ်အဲ့တာကြောင့်ဆံပင်ကျွတ်နေတဲ့အချိန်မှာဆိုရင် ပရိုတင်းဓါတ်များများပါတဲ့ အစားအစာတွေစားပေးရပါမယ်။
သွေးစီးဆင်းမှု အားကောင်းစေရန် ဦးရေပြားကို နှိပ်နယ်ပေးရပါမယ်။ အဲ့လိုနှိပ်နယ်ပေးတဲ့အတွက် ဆံပင်အုံထူစေပြီး ဆံပင်သားကို ပုံကျလှပစေပါတယ်။ ပြီးတော့ ဆောင်းတွင်းဘက်မှာအဖြစ်များတဲ့ဗောက်ထတာနဲ့ ဦးရေပြားနီမြန်းတာ ဟာ အရေပြားရောင်ရမ်းတဲ့ လက္ခဏာတစ်ရပ်ပါ ။
အဲ့တာကြောင့် ဆေးဖက်ဝင် Shampoo တွေ ၊ ဆရာဝန်ညွန်ကြားချက်ပါတဲ့ ဦးရေပြားလိမ်း Cream တွေကိုလိမ်းတဲ့ အခါမှာဗောက်ထတာကိုသက်သာစေပါတယ်။ နောက်တမျိုးကတော့ ဆံပင်တွေ ကျိုးပျက်ပြီးတော့ ဆံပင်သားတွေ မာကျောနေတာဟာ ဆံပင်သား အားနည်းမှု ၊ ဆံပင်ပြုပြင်တဲ့ အခါမှာ ဓာတုပစ္စည်းတွေ အလွန်အကျွံ သုံးစွဲတာတွေကြောင့် နောက်ဆက်တွဲ အနေနဲ့ ဆံပင်သားတွေကျိုးပဲမှု ၊ ကြမ်းတမ်းပြီးတော့ မာကြောမှုတွေ ဖြစ်လာပါတယ်။
ထို့ပြင် အပူပေးပြီး ခြောက်သွေ့အောင်လုပ်တာ ၊ အပူသုံးပြီးကောက်တာ ဖြောင့်တာတွေက ဆံပင်သားရဲ့တည်ဆောက်ပုံကို အားနည်းစေနိုင်ပါတယ်။ ဆံပင်တွေ ခုလိုဖြစ်တဲ့ အခါမှာ ဆံပင်ရဲ့ အတွင်းသားတည်ဆောက်မှုကောင်းစေဖို့နဲ့ နောက်ထက်ထပ်ပြီးထိခိုက်မှု မဖြစ်အောင် ဆံပင်ကို အမြဲတမ်းပုံမှန်ပေါင်းတင်ပေးရပါမယ်။
မိမိရဲ့ ဆံပင်သားက ခြောက်သွေ့ ကျွတ်ဆတ်နေရင် အမီကာ3ဖက်တီးအက်စစ်အများကြီးပါဝင်တဲ့ ထောပတ်သီး ၊ ဆယ်လမွန်ငါး နဲ့ ဆာတေးငါး တွေကိုစားပေးရမယ်။ ထိုအစားအစာများကို မစားဖြစ်ဘူးဆိုရင်အိုမီကာ3ဖက်တီးအက်စစ် ဆည့်စွက်ဆေး ကိုမှီဝဲသင့်ပါတယ်။ထိုအချက်တွေကို လိုက်မယ် ဆိုရင် ဆံပင်သားကျန်းမာရေးအတွက် စိုးရိမ်စရာ မလိုတော့အောင် ဆံသားတွေ လှပနေမှာပါ။