Google ရဲ့ ပထမဆုံး Chrome OS Tablet ကို လာမဲ့အပါတ်မှာ မိတ်ဆက်မည်
02 Oct 2018 1,334 Views
လာမဲ့အပါတ်မှာ google က pixel 3 event မှာ Chorme ရဲ့ထုတ်ကုန်သစ် တစ်မျိုးဖြစ်တဲ့ Codenamed “Nocturne” လို့ အမည်ရတဲ့ အဆိုပါ tablet ကိုမိတ်ဆက်ပေးသွားမယ်လို့ ပြောကြားထားပါတယ်။
“Nocturne”tablet ကို Google Pixel Slate အနေနဲ့ ရောင်းချသွားမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပိုပြီးစိတ်ဝင်စားစရာကောင်းတာက အဆိုပါ 2-in-1 ထုတ်ကုန်မှာ dual-boot Windows 10 ပါဝင်လာဖွယ်ရှိပါတယ်။
Dual-booting လုပ်ဆောင်ချက်ပါဝင်တဲ့ Pixel Slate ကို လာမယ့်တစ်ပတ်မှာ မိတ်ဆက်ကြေညာခြင်း ရှိ၊ မရှိနဲ့ Windows 10 အထောက်အပံ့ကို အနာဂတ်မှာ ဖြန့်ချိသွားခြင်း ရှိ၊ မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Windows 10 နဲ့ Chrome OS နှစ်မျိုးစလုံးကို ထုတ်ကုန်တစ်ခုတည်းပေါ်မှာ အသုံးပြုနိုင်မယ်ဆိုပေမဲ့ အထူးသဖြင့် high-end Chromebook တွေအတွက် စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ Pixel Slate အတွက် Windows 10 အထောက်အပံ့ ရရှိချိန်မှာတော့ လက်ရှိ Chromebook အားလုံးမှာ အဆိုပါ အထောက်အပံ့ ရရှိနိုင်ဖွယ်မရှိဘဲ ဈေးကြီးတဲ့ မော်ဒယ်တွေမှာသာ ရရှိနိုင်မယ်လို့ သိရပါတယ်။