BEC-TERO TV

အပြစ်မဲ့တဲ့ ခွေးလေးတွေကို ကယ်တင်လိုက်တဲ့ ဆိုင်မွန်ကိုဝဲလ်

02 Oct 2018     1,456 Views


X-factor ရဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်ပြီး ထုတ်လုပ်သူတစ်ယောက်လဲ ဖြစ်တဲ့ ဆိုင်မွန်ကိုဝဲလ်ဟာ အင်မတန်မှခွေးချစ်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့မှာချစ်စရာကောင်းတဲ့ Pooch ခွေးလေး နှစ်ကောင်ရှိပါတယ်။ တောင်ကိုးရီးယားနိုင်ငံမှာ လမ်းဘေးခွေးများကို အသားခြောက်ပြုလုပ်ရန်အတွက် ဖမ်းဆီးနေကြတယ်လို့ သိရတဲ့အခါ အရမ်းကို ကြေကွဲဝမ်းနည်းရပါတယ်လို့ Good Morning Britain မှာ humane society international ကို အသိပေးတဲ့အနေနဲ့ပြောကြားခဲ့ပါတယ်။  ခွေးများကို မသတ်ခင် လှောင်အိမ်တွေထဲမှာ အမျိုးအစားခွဲကာထားရှိပြီး ခွေးခြံအနေနဲ့ အသားစားခွေးများ အဖြစ်မွေးမြူထားတယ်လို့သိရပါတယ်။ ခွေးခြံရဲ့ ပိုင်ရှင်အမည်မှာ Yanju ဖြစ်ပြီး ခွေးလှောင်အိမ်ပေါင်း ၁၇၀၀၀၀ ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ တောင်ကိုးရီးယားနိုင်ငံမှာ တစ်နှစ်လျှင် ခွေးကောင်အရေတွက် ၂.၅ မီလီယမ် နှင့်အထက် တို့ဟာ စားသောက်ကုန်ပြုလုပ်ဖို့အတွက် ဖမ်းဆီးသတ်ဖြတ်ခြင်းခံနေရပါတယ်။  

ဆိုင်မွန် ဟာနာမည်ကြီး reality show တစ်ခုဖြစ်တဲ့ Joey Star မှ Pete Wicks နဲ့ပူးပေါင်းကာ အပြစ်မဲ့တဲ့ခွေးများကို ကာကွယ်ရန်အတွက် စည်းရုံးလှုံ့ဆော်မှုများပြု လုပ်ခဲ့ပါတယ်။ Simon အသားစား မွေးမြူရေးခြံတွေကို ပိတ်ပြစ်ဖို့ ဟာသူမှာရှိတဲ့ စည်းစိမ်အချို့ထဲက စတာလင်ပေါင် ၂၅၀၀၀ ကို HSI(Human society international) ကိုလှူဒန်းခဲ့ပါတယ်။ ဆိုင်မွန်ကဲ့သို့ လှူဒန်းသူများပြားတာကြောင့် HSI

ဟာအချိန်တိုအတောအတွင်းမှာ ခွေးခြံပေါင်း ၁၂ ခြံကိုကယ်တင်ပြီးပြီ ဖြစ်ပါတယ်။ ‘ကိုးရီးယား လူမျိုးတွေအစားအသောက်သောင်းကျန်းလိုက်တာ ဒီလို ချစ်စရာကောင်းတဲ့ ခွေးလေးတွေကို ဘယ်လိုလုပ်ပြီးစားရက်တာလဲ’ဟု ဆိုင်မွန် ကဝမ်းနည် ဒေါသဖြစ်တဲ့အသံနဲ့ ပြောကြားထားပါတယ်။

Pete Wicks ဟာလဲ တောင်ကိုးရီးယားနိုင်ငံသို့ ကိုယ်တိုင်သွားရောက်ကာ ခွေးများကို ကယ်တင်ခဲ့တယ်လို့ဆိုပါတယ်။ သူ UK ကိုပြန်လာတဲ့အချိန်မှာ သူနဲ့အတူ ကယ်တင်ခဲ့တဲ့ ခွေး ၁၃ကောင်ကို ယူဆောင်လာခဲ့ပါတယ်။ ခွေး အမျိုးအစားများမှာ greyhounds, spaniels နဲ့ Mastiff တို့ဖြစ်ကြပါတယ်။ Pete Wicks က ‘အသားစားခွေးမွေးမြူရေး ခြံကိုရောက်တော့ မြင်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော် သွေး နားထင်တက်သွားပါတယ်။ သူတို့ဟာ ကျွန်တော်တို့ကိုအမြီးလေးနှံ့ပြီးတော့ ကြိုဆိုနေတာပါ။ လူတွေကသူတို့ကိုသတ်ပြီး စားသောက်ကုန်ပြုလုပ်ဖို့ အသုံးပြုနေကြပေမဲ့ သူတို့ကတော့ ကျွန်တော်တို့ကို သူတို့သခင်အနေနဲ့ ခင်မင်ရင်းနှီးနေတုန်းပါပဲ။  စိတ်ရိုင်းဝင်ပြီး အနားအကပ်မခံတော့တဲ့ ခွေးတွေလဲရှိပါတယ်။ ဒါကလဲ သူတို့ကို အပြစ်တင်လို့မရပါဘူး။ လူတွေသူတို့အပေါ်ရက်စက်တာကို မြင်ထားတော့သူတို့လဲ နာကျည်းနေမှာပေါ့’ ဟုပြောထားပါတယ်။

 


02 Oct 2018     1,456 Views




RELATED

Most Popular of Special or Others

Most Popular of NEWS