လက်နက်ကိုင် ဓါးပြတွေကို မကြောက်မရွံ့ပြန်ခုခံတဲ့ ၈ နှစ်သမီးလေး(ရုပ်သံ)
02 Oct 2018 1,350 Views
လမ်းကြားတစ်ခုရှိ နေအိမ်ရှေ့တွင် သေနတ်ကိုင်ထားသူ ၄ ဦးက အမျိုးသားတစ်ဦးထံမှ ငွေကြေးနဲ့ ပစ္စည်းများ ဓါးပြတိုက် လုယက်ပြီနောက် ထွက်ပြေးမည်အပြုတွင် ဓါးပြတိုက်ခံရသူ၏ သမီးဖြစ်သူ အသက် ၈ နှစ်အရွယ် မိန်းကလေးက လမ်းတွင် ပိတ်ဆို့ကာ ဓါးပြများလက်ထဲမှ ပစ္စည်းများကို မကြောက်မရွံ့ ပြန်လည် ခုခံရင်း လုယူခဲ့ရာက ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရသည်။
ဖြစ်စဉ်မှာ ဖိလစ်ပိုင်နိုင်ငံ ကာဘိုက်မြို့တွင် ဖြစ်ပွားခဲ့ပြီး လူ ၄ ဦးက ဒီဗီဒီအခွေရောင်းချသူများ အယောင်ဆောင်ကာ အိမ်သို့ ဝင်ရောက်ခဲ့ပြီးနောက် ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်။ ဆိုင်ကယ်ဦးထုတ် ကိုယ်စီဆောင်းထားကြပြီး သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်။
ထိုနောက် ၈ နှစ်သမီး Brielle ဆိုသူက ဝင်ရောက်ကာ ဓါးပြများလက်ထဲမှ ပစ္စည်းများကို ပြန်လုရင်း ဓါးပြများက ဆောင်းတွန်းခဲ့သဖြင့် ကတ္တရာလမ်းနှင့် မျက်နှာရိုက်ကာ နှာခေါင်းရိုးကျိုးခဲ့ပြီး ဆေးကုသမှုခံခဲ့ရသည်။
ဓါးပြတိုက်ခဲ့သူများ မည်သူမည်ဝါဖြစ်သည်ကို စီစီတီဗီပုံရိပ်များ ပြန်လည် စစ်ဆေးပြီး ဖော်နိုင်အောင် ကြိုးစားနေကြောင်း Brielle ၏ ဖခင်ဖြစ်သူက ပြောကြားခဲ့သည်။