ကိုးရီးယားအစစ်တွေ ထိုင်ငိုသွားလောက်အောင်ကိုးရီးယားလို ပိုင်နိုင်စွာဆိုပြသွားတဲ့လူမဲတစ်ဦး
01 Oct 2018 1,387 Views
မင်္ဂလာပါ popolay ပရိတ်သတ်ကြီးရေ
တောင်ကိုးရီးယားနိုင်ငံ ၏နာမည်ကြီး ရုပ်သံဌာန ဖြစ်တဲ့Mnet ကနေ အပတ်စဉ်ထုတ် လွှင့်တဲ့ I can see your voice(သင့်အသံကို ကျွန်ုပ် မြင်နိုင်ပါတယ်) ဆိုတဲ့ ဂီတအစီအစဉ်အကြောင်းလေးကို မိတ်ဆက်ပေးပါရစေ။
I can see your voice ဆိုတဲ့ အစီအစဉ်ဟာဆိုရင်ဖြင့် အနုပညာရှင်များက ထိုအစီအစဉ်ကိုလာရောက် ပါဝင် သီဆိုသူ များရဲ့ မျက်နှာအမူအရာနှင့် ကိုယ်ဟန်အနေအထားကိုကြည့်ကာ သီဆိုသူဟာ သီချင်းသီဆိုနိုင်သူလား ဒါမှမဟုတ် tone deaf(သီချင်းသီဆိုဖို့မဖြစ်နိုင်သူ(သို့)ကီးကြောင်သူ) လားဆိုတာကို ပရိတ်သတ်များနှင့် အနုပညာရှင်များက ခန့်မှန်းရတဲ့ တီဗွီအစီအစဉ်တစ်ခုဖြစ်ပါတယ်။
ခန့်မှန်းရတဲ့ အနုပညာရှင်များအနေနဲ့ သူတို့ခန့်မှန်းတာ မှားရင် အပြစ်ဒဏ်ခံရမှာဖြစ်ပါ
တယ်။ ပါဝင် သီဆိုသူများကလည်း အနုပညာရှင်တွေ လုံးဝမခန့်မှန်းနိုင်အောင် နည်းမျိုးစုံသုံးပြီးလှည့်စားရပါတယ်။
၂၀၁၆ ၈ လပိုင်း ၁၈ ရက်နေ့မှာ နာမည်ကြီး စူပါစတားတစ်ယောက်ဖြစ်တဲ့ John Park ဟာ I can see your voice အစီအစဉ်မှာ ဧည့်သည်အနေနဲ့ လာရောက်ပါဝင်ရပါတယ်။ ထိုအစီအစဉ်ရဲ့ သီဆိုသူထဲမှာ Joseph ဆိုတဲ့ လူမဲ တစ်ယောက် ပါဝင်နေခဲ့ပါတယ်။ သူဟာ လူမဲတစ်ယောက်ဖြစ်လို့ ကိုးရီးယား သီချင်း ကို ချောမွတ်စွာ သီဆိုနိုင်လိမ့်မယ်လို့မထင် ခဲ့ကြပါဘူး။ Joseph ဟာ John Park နဲ့တွဲကာ တကယ့်ကိုးရီးယားတစ်ယောက်လို အမှားအယွင်းမရှိ သီဆိုပြသွားတဲ့အခါမှာ အကုန်လုံး အံ့အားသင့်ကုန်ကြပါတယ်။