BEC-TERO TV

ကိုယ်အမေကို ချစ်ရင်ဘယ်တော့မှ အဲ့လိုမခိုင်းပါနဲ့ (ရုပ်သံ)

01 Oct 2018     1,406 Views


မြို့ထဲလမ်းမအလယ်ကောင် မိုးရေထဲမှာ ထီးဆောင်းလျှက် ဖက်ရှင်ကျကျ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အသက် ၂၀ ဝန်းကျင် မိန်းကလေးတစ်ယောက်ရဲ့ ခြေထောက်နဲ့ ဖိနပ်တွေမှာ ပေကျံသွားတဲ့ ရွံ့တွေကို အမျိုးသမီးကြီးက မိုးရေထဲမှာငုတ်တုပ်ထိုင်ရင်း တစ်ရှုးနဲ့ သုတ်ပေးနေတဲ့ ရုပ်သံက ကြည့်ရှုမိသူတွေကို စိတ်ထိခိုက်စေခဲ့ပြီး လူမှုကွန်ယက်ပေါ် ဝေဖန်မှုတွေ ပြင်းထန်ခဲ့တဲ့ ရုပ်သံတစ်ခု ဖြစ်လို့နေပါတယ်။
 
မိခင်ဖြစ်ဟန်တူသော အမျိုးသမီးက သမီးရဲ့ခြေထောက်က ရွံ့တွေကို သုတ်ပေးရင် သမီးဖြစ်သူရဲ့ ပြစ်တင်ညူစူမှုကိုလည်း ခံခဲ့ရပါတယ်။ ရှန်ဟိုင်းမြို့လည် လမ်းမပေါ်မှာ ဖြစ်ပျက်သွားခဲ့ပြီး မျက်မြင်သက်သေအချို့ကတော့ ကောင်မလေးဟာ အမျိုးသမီးကြီးကို “ဒါလေးတောင်အသုံးမကျဘူး၊ လက်သည်းတွေနဲ့ ခြေထောက်ကိုခြစ်မိကုန်ပြီ” လို့ အော်ဟစ်ဆူပူခဲ့တယ်လို့ ဆိုပါတယ်။
 
ရုပ်သံအရ အမျိုးသမီးကြီးဟာ မိန်းကလေးရဲ့ ခြေထောက်ကို တစ်ရှုးနဲ့ သုတ်ပေးခဲ့စဉ် ပြောဆိုခံခဲ့ရပါတယ်၊ အဲဒီနောက် တစ်ရှုးကို လမ်းပေါ်ပစ်ချကာ သူတို့နှစ်ယောက် ထွက်သွားခဲ့ပါတယ်။
 
ဖြစ်စဉ်နဲ့ ပက်သက်ပြီး ဝေဖန်သူတစ်ဦးက “ဒါသမီးကိုပဲအပြစ်တင်လို့ မရဘူး၊ အမေလုပ်သူ ထိန်းကြောင်းတာ မဟုတ်လို့” လို့ ဝေဖန်ခဲ့သလို နောက်တစ်ဦးကလည်း −
“မအေလုပ်တဲ့သူကိုယ်တိုင်က တစ်ရှုးကို လမ်းမပေါ် စည်းကမ်းမဲ့ လွှင့်ပစ်တာ သမီးလုပ်သူဒီလိုဖြစ်တာ ဘာထူးဆန်းလဲ” လို့ ဝေဖန်ခဲ့ပါတယ်။
 
နောက်တစ်ဦးကတော့ ၂၀၁၆ ခုနှစ်မှာ စာရေးဆရာ Wu Zhijong ရေးသားခဲ့ပြီး အစိုးရက ပိတ်ပင်ခဲ့တဲ့ “နို့စိုးကလေးတွေ ကြီးစိုးနေတဲ့ တိုင်းပြည်” အဓိပ္ပါယ်ရတဲ့ “A Country of Giant Infants” စာအုပ်ကို ညွှန်းပြီး ဝေဖန်ခဲ့ပါတယ်။
 
စာအုပ်ပါအချက်လက်အရ တရုပ်နိုင်ငံရဲ့ ကလေးတစ်ယောက်ပဲ ယူရတဲ့ မိသားစုစီမံကိန်းကြောင့် ၈၀ ခုနှစ်၊ ၉၀ ခုနှစ်ဖွား ကလေးတွေဟာ မိသားစုတွေထဲမှာ တစ်ဦးတည်းဖြဟ်တာကြောင့် အလိုလိုက်ခံရတဲ့အတွက် အရာရာမှာ ကြီးစိုးလိုစိတ်၊ ချယ်လှယ်လိုစိတ်၊ မသိတတ်တဲ့စိတ်တွေဟာ ရောဂါတစ်ခုလို ဖြစ်လာတယ်လို့ ဆိုပါတယ်။ 
ဒီပြသနာဟာ လူမှုပတ်ဝန်းကျင်ကို ထိခိုက်လာစေတယ်လို့ ထောက်ပြခဲ့တဲ့အတွက် စာအုပ် ပိတ်ပင်ခံခဲ့ရတာပါ။
 
နောက်ထပ် ဝေဖန်သူတစ်ယောက်ကလည်း မိန်းကလေးအနေနဲ့ လမ်းလယ်မှာ ငုတ်တုပ်ထိုင်လိုက်ရင် အောက်စလွတ်မှာစိုးလို့ မအေက သုတ်ပေးတာနေမှာပေါ့၊ ကျွန်မရဲ့ အမေဆိုရင်လည်း ဒီလိုပဲ လုပ်ပေးတာပါပဲ၊ အိမ်ပြန်ရောက်မှ ကျွန်မက အမေ့ကို တစ်ခါ ဖိနပ်ပြန်ချွတ်ပေးပါတယ်၊ ဒါဟာ ပြဿနာမဟုတ်ပါဘူးလို့ ဝေဖန်ရေးသားခဲ့ပါတယ်။
 
စာဖတ်သူအနေနဲ့ရောက် ကိုယ်ရဲ့မိခင်ကို ဒီလိုခိုင်းရက်ပါ့မလား..? တစ်ခုခုတော့ ပြောခဲ့ပါဦးနော်..။
 

01 Oct 2018     1,406 Views




RELATED

Most Popular of Special or Others

Most Popular of NEWS